Print

အရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် ရွေးချယ်သင့်တဲ့ ဂလစ်ဆရင်း

  29-Oct-2016
Preview Image

ဟင်းသီးဟင်းရွက်ကနေ ထုတ်လုပ်ထားတဲ့ သဘာဝအဆီ ဂလစ်ဆရင်း အလှဆီဟာ ဘေးထွက်ဆိုးကျိုး အနည်းဆုံးနဲ့ အလှအပအတွက် အထိရောက်ဆုံး ဖြစ်တာကြောင့် စျေးကြီးအလှကုန်တွေ သုံးစွဲမှ ကောင်းတယ်လို့ မထင်ရလေအောင် ဂလစ်ဆရင်ရဲ့ အာနိသင်တွေကို မျှဝေပေးလိုက်ပါတယ်။

အသားအရေစိုပြည်စေခြင်း ------------------------------

အရေပြားဟာ ရေဓာတ်အမြဲပြည့်ဝနေဖို့ လိုအပ်တာကြောင့် ဂလစ်ဆရင်းက အဲဒီအတွက် အကောင်းဆုံး အကျိုးပြုနိုင်ပါတယ်။ ဂလစ်ဆရင်က ပတ်ဝန်းကျင် လေထုထဲက ရေဓာတ်ကို စုပ်ယူတာကြောင့် အရေပြားကို အမြဲစိုပြည်လန်းဆန်း နေစေပါတယ်။

အဆိပ်အတောက်ကင်းခြင်း ------------------------------

အဆီပြန်တဲ့ အရေပြားဖြစ်ဖြစ်၊ ထိခိုက်လွယ်တဲ့ အရေပြားဖြစ်ဖြစ် စိတ်ချလက်ချ သုံးစွဲနိုင်တာကလည်း ဂလစ်ဆရင်းရဲ့ အားသာချက်တစ်ခုပါ။

အရေပြားဆဲလ်ဖွံ့ဖြိုးစေပြီး အရေပြားပြဿနာ များ ကာကွယ်ခြင်း ------------------------------------------------------------------

နောက်ပြီး အရေပြားဆဲလ်တွေ ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးတဲ့အပြင် အရေပြား နီပြီးရောင်အမ်းနာကျင်တာတွေ၊ ကြမ်းထော်တဲ့ အနီပိမ့်ထတဲ့ ရောဂါနဲ့ အနာဖြစ်ရင်လည်း အမြန်သက်သာပျောက်ကင်းစေပါတယ်။ အဆီပြန်တဲ့ အရေပြားတွေမှာ ဖြစ်တတ်တဲ့ ဝက်ခြံနဲ့ အရေပြားကျိန်းစပ်တာတွေကိုလည်း သက်သာစေပါတယ်။

နှုတ်ခမ်းစိုပြည်စေခြင်း ---------------------------

ဆောင်းတွင်းဘက်တွေမှာ အရေပြားခြောက်ပြီး ယားယံတာတွေ ကာကွယ်ပေးပါ တယ်။ ဂလစ်ဆရင်းကို နှုတ်ခမ်းကို သုတ်ပေးထားရင် နှုတ်ခမ်းကွဲခြောက်တာတွေ ကာကွယ်ပြီးသားဖြစ်ကာ နူးညံ့စိုပြည်နေစေပါတယ်။

ဆံပင်ပျော့စေခြင်း --------------------

ဆံသားတွေကို အန္တရာယ်ကင်းကင်းနဲ့ နူးညံ့ပျော့ပျောင်းစေဖို့ အတွက်လည်း သုံးနိုင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့လျှော်ပြီးတာနဲ့ ဂလစ်ဆရင် သုတ်လိမ်းပြီး မိနစ် အနည်းငယ်ထားကာ လျှော်ပေးပါက ထူထဲနက်မှောင်တောက်ပြောင်တဲ့ ဆံသားတွေ ပိုင်ဆိုင်ရမှာပါ။

ဗောက်ပျောက်ပြီးယားယံမှုကင်းစေခြင်း -------------------------------------------

ဦးရေပြားခြောက်တာကြောင့် ဗောက်တွေထပြီးယားယံရင် ဂလစ်ဆရင်းကို ဦးရေပြားမှာလိမ်းပြီး ညင်ညာစွာ နှိပ်နယ်ပေးပြီး ခေါင်းလျှော်ပေးရင် သက်သာ ပျောက်ကင်းစေမှာပါ။

ဆံပင်သပ်ရပ်စေခြင်း -----------------------

ဆံသားကောက်ကောက်တွေဆိုရင် ခေါင်းစုတ်ဖွားနဲ့ မသပ်မရပ်တတ်တာကြောင့် ဂလစ်ဆရင်းကို ခေါင်းလိမ်းဆီအဖြစ် သုတ်လိမ်းမယ်ဆိုရင် သပ်သပ်ရပ်ရပ် ဖြစ်နေစေမှာပါ။

Ref: 7daydaily No.762 Friday, June 12, 2015 Source: Health me up



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18