Print

ဆားဝက်ခြံနှင့် ချွေးပေါက်ကျဉ်းစေဖို့ သဘာဝနည်းလမ်းများ

  29-Oct-2016
Preview Image

မျက်နှာအဆီပြန်ပြီး ဝက်ခြံ၊ ဆားဝက်ခြံ ရှိသူတွေအတွက် အဓိကပြဿနာဖြစ်တဲ့ ချွေးပေါက်လေးတွေ ကျဉ်းအောင် လုပ်နိုင်တဲ့ အိမ်တွင်းနည်းလမ်းများကို ဖော်ပြပေး  လိုက်ပါတယ်။

၁။ ရေခဲကပ်ပေးပါ။ ရေအေးဟာ ချွေးပေါက်တွေကို ကျဉ်းစေပြီး ရေနွေးကတော့ ပိတ်နေတဲ့ ချွေးပေါက်တွေကို ပွင့်စေပါတယ်။ ထို့ကြောင့် ကြက်သီးနွေးရေနှင့် အရင်မျက်နှာသစ်ပြီး ပိတ်နေတဲ့ချွေးပေါက်ကို ဖွင့်ပေးပါ။ ပြီးလျှင် ဆပ်ပြာနှင့် မျက်နှာသစ်ပါ။ ကြက်သီးနွေးရေနှင့် ဘဲပြန်ဆေးချပါ။ ထို့နောက် ရေသန့်ရေအေး ယူ၍ ချွေးပေါက်ကျယ်တတ်တဲ့နဖူး၊ နှာခေါင်း နှင့် ပါးမို့နေရာတွေကို စက္ကန့် ၂၀ စီလောက်ကပ်ပေးပါ။

၂။ အနှစ်ဖယ်ထားသော ကြက်ဥအကာရေ သီးသန့်ကို ဂွမ်းလေးနဲ့ မျက်နှာအနှံ့  သုတ်လိမ်းပေးပါ။ ပြီးရင် တစ်သျှူးပါးပါးလေးကပ်ပေးပါ။ မိနစ် ၂၀ လောက်ကြာရင် တစ်သျှူးခြောက်ပြီး တင်းလာတဲ့အခါမှာ အချပ်လိုက်ခွာချလိုက်ပါ။ ဒီနည်းဟာ အသားအရေအတွင်းထဲအထိိ သန့်စင် ပေးတာကြောင့် ဆားဝက်ခြံနဲ့ အညစ်အကြေးတွေကို လုံးဝပြောင်စင် သွားစေပါတယ်။

၃။ ပျားရည်နဲ့ ဒိန်ချဉ်စစ်စစ်ကိုရောပြီး မျက်နှာအနှံ့လိမ်းပါ။ မိနစ်အနည်းငယ်ထားပြီး ရေအေးနှင့် ပြန်ဆေးချပါ။ ပျားရည်က ပိုးသေစေပြီး အနာမြန်မြန်ကျက်စေတယ်။ ဒိန်ချဉ်က ချွေးပေါက်အတွင်းထိ သန့်စင်ပေးနိုင်တယ်။ တစ်ပတ် (၂) ကြိမ် သုတ်လိမ်းပေးပါ။

၄။ ထောပတ်စစ်စစ်နှင့် ဆား(သို့) သကြား တို့ကို ခပ်ပျစ်ပျစ်ရောပြီး ချွေးပေါက်ကျယ်တဲ့ နေရာတွေကို ပုံပေးပါ။ ဒီနည်းက ချွေးပေါက်ပိတ်တာကို ပွင့်စေပြီး သေးငယ်သွား  စေပါတယ်။

၅။ ကြက်သွန်ဖြူ (၂) လုံး (၃)လုံးနဲ့ ခရမ်းချဉ်သီးတစ်ဝက််ကိုရောပြီး အရေဖြစ်အောင်မွှေပါ။  ချေပါ။ပြီးလျှင်မျက်နှာပေါ်တွင် (၁၅) မိနစ် လောက်ထားပြီး ပြန်ဆေးချပါ။

၆။ ဆလပ်ရွက် လတ်လတ်ဆတ်ဆတ်ကို ခြေပြီး အရည်ညှစ်ပါ။ သံပုရာရည်နှင့်ရောပါ။ ဆလပ်ရည် တစ်ဇွန်းကို သံပုရာရည် ၁-၂ စက်သာထည့်ပါ။ မျက်နှာပေါ်တွင် မိနစ် ၂၀ ခန့်ထားပြီး ရေဆေးချပါ။ ချွေးပေါက်ကျယ်လာခြင်းဟာ ဝက်ခြံ၊ ဆားဝက်ခြံတို့ရဲ့ အရင်းမြစ်ဖြစ်ပါတယ်။ 

အပေါ်က နည်းလေးတွေကို စိတ်ရှည်ရှည်သုံးကြည့်ပါ။ ချွေးပေါက်တွေလုံးဝ မကင်းစင်စေပေမယ့် တကယ့်ကို သိသိသာသာ ကျဉ်းစေမှာပါ။

Ref: Beauty stories by Chaw မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment (သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18