Print

အိမ်တစ်အိမ်၏ ပိုမွှားအများဆုံးနေရာ (၆)နေရာ

  25-Feb-2017
Preview Image

 

မီးဖိုချောင်ဘေစင် အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင် တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာ အစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်း မှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။

 

ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။ အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေး ဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက် ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။

 

ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။ သွားပွတ်တံ တစ်နေ့နှစ်ကြိမ်ခန့် ပါးစပ်ထဲထည့် တတ်တဲ့ သွားပွတ်တံမှာ ပိုးကောင်ပေါင်းများစွာက အခွင့်အရေးတွေ ကို စောင့် ပြီး ချောင်းမြောင်း နေပါတယ်။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ဆေးပြီးရင် အဲဒီအစိုအတိုင်းပဲ ထားတတ် ကြပါတယ်။

 

ဘက်တီးရီးယားတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ပေါက်ဖွား တတ်ကြပါတယ်။ ဒါကြောင့် သွားတိုက်တံ ကို သုံးပြီးရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ ဒီနေရာဟာ အိမ်သာနဲ ့ဝေးတဲ့နေရာလည်း ဖြစ်ရပါမယ်။ အိမ်သာကို သန့်ရှင်းရေးလုပ်တဲ့ အခါမျိုးမှာ ပြန့်ထွက်လာတတ်တဲ့ ပိုးကောင်တွေဟာ ရေချိူးခန်းတစ်ဝိုက်မှာ အနည်းဆုံးနှစ်နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ နေမကောင်းဖြစ်ပြီးတဲ့ အခါတိုင်းမှာလည်း သွားပွတ်တံကို လဲပေးသင့်ပါတယ်။ 

 

ဆားဘူးနှင့် ငရုတ်သီးဘူး ကျွန်မတို့ အိမ်ရဲ့ အညစ်ညမ်းဆုံး နေရာတွေဟာ ထမင်းစားပွဲခုံပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ ငရုတ်သီး၊ ဆားဘူးတို့လိုမျိုး အကိုင်အတွယ်များတဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ပြင်ဆင်ပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့ အခါတွေမှာ ခုံကို သန့်ရှင်းရေးလုပ်တိုင်း ဒီဘူးတွေကိုပါ အဝတ်နဲ့ သုတ်ပေးရပါမယ်။ 

 

ပိုမွှားတွေ ပြန့်ပွားတာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လက်ကိုမကြာခဏ ဆေးပေးခြင်းပါပဲ။ ရီမုတ် ဒီပစ္စည်းလေးဟာ ကြမ်းပြင်ပေါ် ကျနေနိုင်သလို ဆိုဖာတွေ ကြားမှာလည်း ညပ်နေနိုင်ပါတယ်။ ဒီလိုနေရာ မျိုးတွေ မှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းက ထွက်လာတဲ့ပိုးမွှားတွေ စုပုံနေတတ်ပါတယ်။ 

 

ရီမုတ်တစ်ခုတည်းကိုပဲ တစ်အိမ်သားလုံးက သုံးစွဲကြပါတယ်။ ဒါကြောင့် အိမ်ရှိ လူတိုင်းဟာ ပိုးကောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်ပါတယ်။ ရီမုတ် ၅၀ ရာခိုင်နှုန်းမှာ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေ အဓိကရှင်သန်တတ်ပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ချွတ်ဆေးအနည်းငယ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးသင့်သလို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်တွေမှာ လက်ဆေးပေးဖို့ လိုုအပ်ပါတယ်။ 

 

ကွန်ပျူတာကီးဘုတ် ကွန်ပျူတာနားမှာ အစာစားမယ်၊ နှာချေမယ်၊ စားရင်း လက်မဆေးရသေးခင် သုံးနေမယ် ဆိုရင် ကီးဘုတ်ဟာ ရောဂါပိုးတွေ စုဝေးရာ နေရာ ကြီး ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ E-Coli နဲ့ Staph ပိုးကောင်တွေ စုဝေးနေတတ် ပါတယ်။ ကီးဘုတ် ၃၃ ခုမှာ လေးခုက ပိုးတွေအများအပြားရှိနေတတ် ပါတယ်။ ဒါကြောင့် ကွန်ပျူတာအနားမှာ မဖြစ်မနေ အစာစားရမယ် ဆိုရင်လည်း အစာအစအန တွေ မကျန်ပါစေနဲ့။ အရက် ဒါမှမဟုတ် ချွတ်ဆေးကိုသုံးပြီး သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း မှာ Mouse ကိုပါ သန့်ရှင်းပေးပါ။ 

 

ရေချိုးခန်း ကျွန်မတို့ကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။ ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေ တတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။ မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်း စဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit
Good Health

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18