Print

အမျိုးသားမြုံခြင်း

  08-Nov-2018
Preview Image

အကျဉ်းရှင်းလင်းချက်

- ၁၅ ရာခိုင်နှုန်းသောစုံတွဲများသည် သန္ဓေမအောင်ခြင်း (သို့ ) မြုံခြင်းဖြစ်နိုင်ပါသည်။. သန္ဓေမအောင်ခြင်းဆိုသည်မှာ အကာအကွယ်မပါသော လိင်ဆက်ဆံမှုပြုသော်လည်းအချိန်တစ်နှစ်ထိကိုယ်ဝန်မရရှိခြင်းကိုဆိုလိုပါသည်။ထိုသို့သောစုံတွဲများ၏တဝက်ကျော်သည် ယောကျာၤးမြုံခြင်းကြောင့်ဖြစ်ပါသည်။


လက္ခဏာများ

- ကလေးမရရှိခြင်းသည် အဓိက လက္ခဏာတရပ်ဖြစ်ပါသည်။

- အခြားလက္ခဏာများဖြစ်သော သုတ်ကောင်အရေအတွက်လျော့နည်းခြင်း ၊ သုတ်လွှတ်နည်းခြင်း ၊ပန်းသေပန်ညိုးခြင်း ၊ကပ္ပာယ်အိပ်ရောင်ရမ်းနာကျင်ခြင်း၊အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်း၊ အနံ့ခံနိုင်စွမ်းလျော့နည်းခြင်း၊ ရင်သားများဖြစ်ပေါ်လာခြင်း၊ အမွှေးအမျှင်များလျော့နည်းလာခြင်း တို့ဖြစ်ပါသည်။


ဖြစ်စေနိုင်သောအကြောင်းရင်းများ

- ကပ္ပာယ်အိပ်သွေးကြောထုံးခြင်း

- ကပ္ပာယ်အိပ်ပိုးဝင် ယောင်ရမ်းခြင်း

-ဝှေးစေ့ကင်ဆာ နှင့် အခြားသောကင်ဆာများ

-ဟော်မုန်းမညီမျှခြင်း

-သုတ်ပိုသယ်ဆောင်ရာလမ်းကြောင်းထိခိုက်ပျက်စီးခြင်း

-အူလမ်းကြောင်းရောဂါများဖြစ်ခြင်း

-ကျားဟော်မုန်းအားတိုးဆေးများ၊စတီးရွိုက်ဆေးများ၊ကင်ဆာဆေးများ

-ဓာတ်ရောင်ခြည်သင့်ခြင်း နှင့်  Chemicals များနှင့်ထိတွေ့မှု များ

-ပူလွန်းသောနေရာတွင်ကြာရှည်စွာထိုင်ခြင်း တို့သည် သုတ်ပိုးထုတ်လွှတ်မှုထိခိုက်၍

 သုတ်ပိုးအရေအတွက်ကျဆင်းစေကာ မျိုးဆက်ပွားခြင်းကိုထိခိုက်စေနိုင်ပါသည်။


ဖြစ်နိုင်ခြေများသူများ

-ဆေးလိပ်သောက်ခြင်း

-အရက်သောက်ခြင်း

-တားမြစ်ဆေးဝါးများသုံးစွဲခြင်း

-အဝလွန်ခြင်း

-အဆိပ်ဓာတ်သတ္တုများနှင့် ထိတွေ့မှုရှိသူများ

-အပူနှင့်ကြာရှည်စွာထိတွေ့၍အလုပ်လုပ်ကိုင်သူများ ( eg Drivers,Industrial Workers etc.)

-ခွဲစိတ်ကုသမှုခံယူထားသူများ ( အူအတက်ခွဲထားခြင်း၊ကပ္ပာယ်အိပ်ခွဲထားခြင်း )

-မျိုးရိုးထဲတွင် အလားတူရောဂါရှိသူများ

-ကင်ဆာရောဂါကုသမှုခံယူနေသူများ


နောက်ဆက်တွဲဆိုးကျိုးများ

-မိမိနှင့် မိမိ၏လက်တွဲဖော်တို့အတွက်စိတ်ဖိစီးစေခြင်း

-သုတ်ပိုးဆိုင်ရာပြသ၁နာများအတွက် ခွဲစိတ်မှုခံယူရခြင်း

-အိမ်ထောင်ရေးအဆင်မပြေဖြစ်ခြင်း


စစ်ဆေးမှုများ

-သုတ်ပိုးအရည်အသွေးစစ်ဆေးခြင်း ( သုတ်ပိုးအရေအတွက်၊ သုတ်ပိုးပုံသဏ္ဌာန် စသည်တို့ဖြစ်သည်။ )

-ကပ္ပာယ်အိပ် အယ်လ်ထရာဆောင်းရိုက်ခြင်း

-ဟော်မုန်းဓာတ်စစ်ဆေးခြင်း

-ဝှေးစေ့ အသားစယူ၍စစ်ဆေးခြင်း

-စအိုတွင်းမှနေ၍ အယ်ထရာလ်ဆောင်း ရိုက်ခြင်း


ကုသမှုနည်းလမ်းများနှင့်ဆေးဝါးများ

-ခွဲစိတ်ကုသခြင်း

-မျိုးပွားလမ်းကြောင်းဆိုင်ရာရောဂါပိုးများအတွက်ဆေးပေးခြင်း

-ဟော်မုန်းကုသနည်းများ

-ဖန်ပြွန်သန္တေသားဖြင့်ကိုယ်ဝန်ဆောင်ခြင်း


သုတ်ပိုးထုတ်လွှတ်မှုနည်းခြင်း၊သုတ်ပိုးလုပ်ငန်းဆောင်တာမမှန်ခြင်း၊ သုတ်သယ်ဆောင်ရာလမ်းကြောင်းတွင်ပိတ်ဆို့နေခြင်း၊ဖျားနာခြင်း၊ထိခိုက်ခြင်း,နာတာရှည်အဖျားရောဂါ၊လူမှုဘဝနေထိုင်မှုပုံစံ နှင့် အခြားအကြောင်းအရာများ ကြောင့် အမျိုးသားမြုံခြင်းကိုဖြစ်စေနိုင်သည်။ကလေးမရရှိခြင်းသည် စိတ်ဖိစီးရှုပ်ထွေးစရာကိစ္စဖြစ်သော်လည်း ကုသမှုနည်းလမ်းများစွာလည်းရှိနေပြီဖြစ်သည်။


Credit : Original Writer

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18