သင့်မျက်ခုံးသက်တမ်းကို အိုမင်းခွင့်မပေးပါနဲ့


on: 03 Nov, 2017

မျက်ခုံးအတွက် မှားယွင်းဆိုးဝါးနေသော အချက် (၄) ချက်နှင့် ဒါတွေလုံးဝကောင်းမွန်သွားအောင် သင် ဘယ်လိုဖန်တီးမလဲ။

အဓိကရန်သူ - မျက်ခုံးလုံးဝပျောက်ကွယ်သွားခြင်း၊

ပြဿနာ - “ မျက်ခုံးမွှေးတွေ ကျိုးတိုကျဲတဲပေါက်နေခြင်း၊ ကဆင့်ကလျားပြန့်ကျဲထားသလို ပေါက်နေခြင်းများသည် သင်၏ရှိရင်း အသက်ထက်ပို၍ အိုစာစေပါသည်။ 

ဖြေရှင်ခြင်း - မျက်ခုံးကို ဖြူပေးတဲ့ ပေါင်ဒါမှုန့်များနှင့် မျက်ခုံးတစ်လျှောက် ထူလာအောင် ဖြူပေးပါ။ ဆက်လက်၍ ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။


မျက်ခုံးလုံးဝပျောက်ကွယ်ခြင်းမှ ကင်းဝေးအောင် သင်၏ဖန်တီးမှု

(၁) လက်တစ်ဖက်ဖြင့် အရေပြားကို ဆွဲဆန့်ထားပြီး စတင်၍ နူးည့ံစွာဆွဲပေးခြင်းဖြင့် ချောမွတ်သောမျက်နှာပြင်ကို ဖန်တီးပါ။ 

(၂) သင့်မျက်ခုံးမွှေး ပေါက်နေသောဘက်သို့ သန်မာသောမျက်ခုံးမွှေးဆွဲ သွားပွတ်တံစောင်းဖြင့် ပေါင်ဒါမှုန့်များကို ဖြူးပြီး၊ မျက်ခုံးမွှေးများကို ဖီးပေးပါ။ ပြန့်ကျဲနေသော မျက်ခုံးမွှေးများကို ပြန်လည်စုစည်းစေပါသည်။ 


အဓိကရန်သူ - မျက်ခုံးမွှေးအဖျားပိုင်းပျောက်ကွယ်ခြင်း

ပြဿနာ - ရှေးဦးစွာ နားထင်နားမှ မျက်ခုံးမွှေးများသည် သဘာဝအတိုင်း ပါးလာကြသည်။ သို့မဟုတ် အရမ်းဆွဲနှုတ်ခြင်းဖြင့်လည်း လျှင်မြန်စွာပျောက်ကွယ်သွားနိုင်သည်။ မျက်ခုံးအဖျားပိုင်းသည် အခုံးပေါ်မှ စတင်၍ထွက်လာပြီး နုပျိုဟန်အကြည့်ဖြင့် လိင်ဆွဲဆောင်မှုဖြစ်စေသည်။ ထိုသို့မဟုတ်လျှင် မျက်စိအမြင်မလှဘဲ အားနည်းလျော့ရဲသည်ဟု ထင်ရပါမည်။

ဖြေရှင်းချက် - ခဲတံဖြင့် မျက်ခုံးမွှေးအဖျားပိုင်းကို ရှည်အောင်ဆွဲပေးပါ။ ပြားကိုကြည့်၍ ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။ 


မျက်ခုံးအဖျားပိုင်း ပျောက်ကွယ်ဆုံးရှုံးခြင်းမရှိအောင် သင်၏ဖန်တီးမှု

(၁) ရှေးဦးစွာ အဓိကကျသော သင့်မျက်တောင်မွှေး အဖျားပိုင်းနေရာကို ရှာရမည်။ သင့်နှာခေါင်းပေါက် အပြင်ဘက်မှ မျက်စိအပြင်ဘက် ထောင့်စွန်းအထိ ထောင့်ဖြတ်မျဉ်း အစက်ချဆွဲပါ။ ၎င်းအစက်များကို ဆက်စပ်ပြီး ခဲတံဖြင့် သင်အလိုရှိရာ မျက်ခုံးမွှေး အဖျားပိုင်းကို ရရှိပေလိမ့်မည်။

(၂) မျက်ခုံအကျယ်ကို ခဲတံဖြင့် ပုံကြမ်းဆွဲပြီး သင့်မျက်ခုံးမွှေး ပေါက်ရာနေရာသို့ ခပ်ထူထူဖိပေးပါ။

(၃) ကျန်နေသော မျက်ခုံးမွှေးများပေါ်သို့ ခဲတံဖြင့်ဆွဲပြီး ရောနှောစေပါသည်။ ထိုသို့ဖိခြင်းဖြင့် အရည်အသွေးည့ံဖျင်းသော မျက်ခုံးမွှေးများသည် ပို၍ခိုင်မာပြီး သန်စွမ်းလာပါသည်။ 

အဓိကရန်သူ - ဖြူလာသော မျက်ခုံးမွှေးများ

ပြဿနာ - အချိန်ကြာလာသောအခါ မီးခိုးရောင် (သို့) အဖြူရောင်မျက်ခုံးများသည် လုံးဝပျောက်ကွယ်သွားခြင်းသည် သင့်စိတ်ကို အနှောင့်အယှက်ဖြစ်စေပါသည်။ 

ဖြေရှင်းခြင်း - အရောင်မဲ့ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်ခုံးမွှေးများကို သင့်မှာရှိသော မျက်ခုံးမွှေး အနည်းငယ်များပေါ် မူတည်၍ နည်းလမ်းမှန်ကန်စွာဖြင့် ဖြေရှင်းနိုင်ပါသည်။ စလိုက်ပြားကို ကြည့်၍ ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။


ဖြူနေသော မျက်ခုံးမွှေးများအတွက် သင်၏ဖန်တီးမှု

(၁) နေရာမှန်တွင်မရှိသော အဓိပ္ပာယ်မဲ့နေသော မျက်ခုံးမွှေးများကို အရောင်ရှိသော မျက်ခုံးမွှေးများဖြင့် ဖုံးအုပ်ထားပါ။ ပါး၍ အဖျားရှူးသွားသော၊ ဆေးခြယ်ထားသော မျက်ခုံးမွှေးများသည် သဘာဝအရောင်ကဲ့သို့ ဖြစ်လာပါသည်။

(၂) သင့်မှာ အဖြူရောင် မျက်ခုံးမွှေးများရှိပါလျှင် ကန့်သတ်ထားသောအချိန်ထိ ခံသောအရောင်ကိုဆိုးပေးပါ။ ထိုအမွှေးများသည် ပို၍သန်မာကျစ်လျစ်လာပါသည်။ 

(၃) သင်၏ မျက်ခုံးမွှေးအားလုံးနီးပါး ဖြုလာပါလျှင် ဆေးဆိုးခြင်းဖြင့် အကောင်းဆုံးဖန်တီးပါ။ သင်၏စတိုင် တီထွင်သူထံတွင် အကြံအဉာဏ်တောင်းပါ။ သင်၏ဆံပင်သည် ငွေရောင် (သို့) အဖြူရောင်ဖြစ်နေခဲ့လျှင် အကြံပြုလိုသည်မှာ မီးခိုးရောင်ဖျော့ဖျော့ ဆိုးလိုက်ပါ။ သင်၏ မျက်လုံးသည် ပိုမိုစူးရှတောက်ပြောင်လာပြီး နုပျိုသောအသွင်ကို ဖန်တီးပေးပါသည်။


Credit: Alive Twing








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar