Vitamin C နှင့် ကျန်းမာရေး


on: 08 Dec, 2017

Vitamin C ဗီတာမင်စီဟာ လူသားတွေအတွက် မရှိမဖြစ် အထူးလိုအပ်တဲ့ သက်စောင့်ဓာတ်ခေါ် အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ L-Ascorbic အယ်လ်အက်စ် ကောဘစါအက်စစ်လို့လည်းခေါ်ပြီး ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ လူသားတွေဟာ တခြားသတ္တဝါတွေနဲ့ မတူတဲ့အချက်က ဗီတာမင်စီကို ခန္ဓာကိုယ်ထဲမှာ တည်ဆောက်လို့မရတဲ့သဘာဝသီးနှံတွေ အစားအစာတွေ ဒါမှမဟုတ် ဖြည့်စွက်စားစရာ၊ ဆေးဝါးတွေကနေသာ ရရှိနိုင်ပါတယ်။ ကြွက်သားမျှင်များ၊ အရိုးနုများ၊ အာရုံကြောစနစ်များ တည်ဆောက်ရာမှာ ဗီတာမင်စီ မရှိမဖြစ် လိုအပ်ပါတယ်။ အနာကျက်စေဖို့အတွက် Collagen ခေါ် မျှင်တစ်သျှူးတွေ လိုအပ်ရာမှာ ဗီတာမင်စီက အဓိက ဇာတ်ကောင်ဖြစ်ပါတယ်။ ဒါကြောင့် အနာကျက်စေဖို့ စီဗစ်လို့ သိနေကြတဲ့ ဗီတာမင်စီကို လိုအပ်တာဖြစ်ပါတယ်။ လူနဲ့သတ္တဝါတွေရဲ့ အိုနာခြင်းဖြစ်စဉ်တွေဟာ Free radicals ခေါ်တဲ့ ဓာတ်တိုးပစ္စည်း (အညစ်အကြေးဓာတ်) တွေကြောင့်ဖြစ်ပါတယ်။


 ဒီဓာတ်တွေကို ဗီတာမင်စီနှင့် ဗီတာမင် အီး Alphatocopher သူတို့က တိုက်ဖျက်ပေးပါတယ်။ ကင်ဆာ၊ နှလုံးရောဂါ အမျိုးမျိုးတွေ အခြားအင်္ဂါအစိတ်အပိုင်းအသီးသီးမှာ ဖြစ်နေတတ်တဲ့ ရောဂါတွေရဲ့ တရားခံဟာ ဒီဓာတ်တိုးပစ္စည်းတွေ ဖြစ်ပါတယ်။ ဗီတာမင်စီဟာ လူ့ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးတပ်ဖြစ်တဲ့ ခုခံအားစနစ် ကြံ့ခိုင်စေဖို့အရေးကြီးဆုံး ပ့ံပိုးပေးတဲ့ ထောက်ပို့တပ်မကြီးသဖွယ်လည်း ဖြစ်ပါတယ်။ ဗီတာမင်စီ ချို့တဲ့သူဟာ တော်ရုံရောဂါပိုးတွေကိုတောင် မခုခံနိုင်တော့ပါဘူး။ စားစရာသီးနှံတွေမှာပါဝင်တဲ့ သဘာဝသံဓာတ် Non – heme iron ကို စုပ်ယူဖို့လည်း ဗီတာမင်စီကို ချို့တဲ့ရင် ဖြစ်တတ်ပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင် Scurvy စကာဗီ ခေါ် ရောဂါတစ်မျိုး ဖြစ်တတ်ပါတယ်။ ဒီရောဂါက မောပန်းနွမ်းနယ်ခြင်း ကြွက်သားများ အားနည်းချည့်နဲ့ခြင်း သွေးကြောမျှင်လေးများ ပျက်စီးခြင်းစသည်တို့ ဖြစ်တတ်ပြီး အသက်ဆုံးသည်အထိ ဖြစ်စေတတ်ပါတယ်။ 


ကမ္ဘာ့ပင်လယ်ရေကြောင်း ခရီးစဉ်တွေ စတင်တဲ့အချိန်ကဆို လပေါင်းများစွာ ပင်လယ်ခရီးသွားစဉ် ဗီတာမင်စီဓာတ်ချို့တဲ့လို့ ဖြစ်ရမှန်းလည်း သိရရော အရည်ရွှမ်းသီးတွေဖြစ်တဲ့ ရှောက်သီး၊ လိမ္မော်သီးတွေ ကျွေးလိုက်ရုံနဲ့ မိုးနတ်မင်းကြီး မလိုက်သလို ပျောက်ကင်းသွားကြတော့ တာပါပဲ။ နေ့စဉ် ဗီတာမင်စီ 30-18mg/day ထက်ပိုရင်တော့ ၅၀ ရာခိုင်နှုန်းခန့်သာ စုပ်ယူနိုင်ပါတော့တယ်။ ပိုတာတွေကို ဆီးကနေ စွန့်ပစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ပမာဏအနည်းဆုံး 300mg မှ 2 mg မျှ ရှိနေပါတယ်။ ဆဲလ်များ၊ တစ်သျှူးများထဲမှာ ဗီတာမင်စီတွေ သိပ်သည်းစွာ ရှိနေတတ်ပါတယ်။ သွေးဖြူဥများ၊ မျက်လုံး၊ အဒရီနယ်လ်ဂလင်းခေါ် ဟော်မုန်းထုတ်စနစ်က ဂလင်း၊ အလားတူ ပီကျူထရီဂလင်း၊ ဦးနှောက်တို့မှာ ဗီတာမင်စီဓာတ်များ ရှိနေလေ့ရှိပါတယ်။ သွေးရည်ကြည်၊ တံတွေး၊ သွေးနီဥတို့မှာတော့ အနည်းငယ်သောပမာဏနဲ့ ရှိပါတယ်။


နေ့စဉ်လိုအပ်မှု

 Food and Nutrition Board (FNB) – Institute of Medicine (IOM) of the National Academies အစားအစာနှင့် အာဟာရအဖွဲ့ကြီးက လူတစ်ယောက်တစ်နေ့ကို ဗီတာမင်စီ ဘယ်လောက်လိုအပ်တယ်ဆိုတာကို လမ်းညွှန်ထားပါတယ်။ ကျန်းမာနေတဲ့ လူတစ်ယောက်အဖို့ လိုအပ်တဲ့ ပမာဏကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။


Age Male Female Pregnancy Lactation

0-6 months 40 mg. 40 mg. 

7-12 months 50 mg. 50 mg. 

1-3 years 15mg 15mg 

4-8 years 25mg 25 mg 

9-13 years 45 mg 45mg 

14-18 years 75 mg 65 mg 80 mg 115 mg

19+years 90 mg 75 mg 85 mg 120 mg

Smokers More vitamin C than nonsmokers. 

                    

ဗီတာမင်စီရရှိနိုင်သောသည့် အရင်းအမြစ်များ

 ဗီတာမင်စီကို အဓိကအားဖြင့် အရည်ရွှမ်းအသီးများ သစ်သီးဝလံများကနေ ရရှိနိုင်ပါတယ်။ အဓိကအားဖြင့် လိမ္မော်သီး၊ စပျစ်သီး ၊ ပန်းဂေါ်ဖီထုပ်၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ သခွားမွှေး၊ ဂေါ်ဖီထုပ်၊၊ ပန်းဂေါ်ဖီ၊ အာလူး၊ ဟင်းနုနယ် စသည်တို့ ဖြစ်ပါတယ်။ ဗီတာမင်စီကို ပုံမှန်လိုအပ်သလို အောက်ပါအခြေအနေများမှာ အထူးလိုအပ်ပါတယ်။ 


၁။ ဆေးလိပ်သောက်တတ်သူများ

၂။ နို့မှုန့်၊ နွားနို့သောက်သောကလေးငယ်များ

၃။ အရက်သောက်သူများ၊ ဆေးသုံးစွဲသူများ၊ အစာရွေးသူများ စိတ်ရောဂါဝေဒနာရှင်များ၊ အစားရှောင်လွန်းသူများ၊ အစားနည်းလွန်းသူများ စသည့်။

၄။ အစာလမ်းကြောင်း ရောဂါရှိသူများ နာတာရှည် ရောဂါခံစားနေရသူများ၊ 

၅။ မကြာခဏ ဖျားနာနေတတ်သူများ၊ ကိုယ်ခံအား ကျဆင်းနေတတ်သူများ၊ မျိုးရိုးတွင် ကင်ဆာရောဂါအဖြစ်များသူများနှင့် ကင်ဆာရောဂါဖြစ်နိုင်သည့် အပြုအမူများ ရှိနေသူများ စသည်တို့။

၆။ နှလုံးရောဂါ၊ ကင်ဆာရောဂါများကုသမှု ခံယူနေရသူများ စသည်တို့သည် ဗီတာမင်စီကို သတိပြုစားသုံးဖို့ လိုအပ်ပါတယ်။ ထိုသူတို့အတွက် ပြည့်စံသော ဗီတာမင်စီဓာတ်ရရှိရန် ဗီတာမင်စီပါဝင်သော ဆေးပြားများကိုလည်းသုံးဆောင်နိုင်ပါတယ်။ ဗီတာမင်စီဓာတ်ကို လိုအပ်သလောက် ဖြည့်ပေးနိုင်တဲ့ ဆေးတစ်လက်တော့ ဆောင်ထားသင့်ပါတယ် ။


Credit: ဒေါက်တာမြင့်သန်း (ညောင်လေးပင်)








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar