အာရုံကြောများ ပျက်ယွင်းကုန်ပြီလား


on: 10 Dec, 2017

သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲ အရှုပ်အထွေးပြဿနာများစွာအနက် အာရုံကြောများ ပျက်စီးယိုယွင်းမှုမှာ အဓိကပြဿနာတစ်ခုဖြစ်သည်။ သွေး၌ သကြားဓာတ် ကြာရှည်စွာ မြင့်တက်နေလျှင် အာရုံကြောများ ထိခိုက်ပျက်စီးကုန်ကြမည် ဖြစ်သည်။ သွေးချိုဆီးချိုလူနာများ၏ သုံးပုံနှစ်ပုံတွင် ဤပြဿနာအနည်းနှင့်အများဆိုသကဲ့သို့ ဖြစ်လေ့ရှိသည်။ အာရုံကြောများယိုယွင်းမှု၏ ကနဦးအစတွင် ဝေဒနာလက္ခဏာများ မဖြစ်ပေါ်ဘဲ ရှိနေတတ်သည်။ ကြာရှည်လာမှသာ ထုံကျဉ်ခြင်းနှင့် နာကျင်မှုဝေဒနာတို့ ခံစားရလာလေ့ရှိသည်။


သွေးချိုဆီးချိုရောဂါကြောင့် အာရုံကြောများ ယိုယွင်းပျက်စီးလာသောအခါ -

• ခြေထောက်၊ လက်၊ လက်ချောင်းများ၊ ထုံကျဉ်ခြင်းနှင့် ခြေလက်တို့၏ ကြွက်သားများ အားအင်လျော့ခြင်း ဖြစ်လာသည်။ 

• အစာမကြေခြင်း၊ ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ ဖြစ်လာနိုင်သည်။ 

• မူးဝေခြင်း၊ အားအင်ယုတ်လျော့ခြင်း၊ သွေးဖိအားကျဆင်းခြင်း စသည်တို့ တွေ့ရနိုင်သည်။ 

• လိင်ဆက်ဆံမှုပြဿနာများ ဥပမာ - ဆန္ဒနည်းပါးခြင်း၊ ပန်းသေပန်းညိုးဖြစ်ခြင်းနှင့် ဆီးသွားရာတွင် အခက်အခဲများ ကြုံတွေ့ရခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။


သွေးချိုဆီးချိုရောဂါကြောင့် အာရုံကြောများယိုယွင်းမှု ကြံုတွေ့လာရပါက အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။


(၁) သွေး၌ သကြားဓာတ်ပမာဏ မှန်ကန်ကြောင်း ထိန်းသိမ်းရပါမည်။

(၂) အရက်အလွန်အကျွံ မသောက်ပါနှင့်။

(၃) ခြေထောက်ကို အမြဲမပြတ် ဂရုစိုက်ပါ။ ဆရာဝန်ထံ သွားရောက်၍ ပုံမှန်စစ်ဆေးမှု ခံယူပါ။ 

(၄) ခြေထောက်၊ ခြေသလုံး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် ဆီးအိမ်ဆိုင်ရာပြဿ နာများကြံုတွေ့လာရပါက ချက်ချင်းဆရာဝန်ထံ အကူအညီတောင်းပါ။

(၅) လိင်ဆက်ဆံမှုဆိုင်ရာပြသနာရှိပါကလည်း အကူအညီတောင်းခံရန် လိုအပ်မည်ဖြစ်သည်။


Credit:

ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar