မိုဘိုင်းဖုန်း၊ လက်တော့ပ်အန္တရယ် သတိထားတယ်


on: 04 Feb, 2018


 မိုဘိုင်းဖုန်းနဲ့ အိုင်တီပစ္စည်းတွေဟာ တကယ်ရော အန္တရာယ်ကင်းရဲ့လား။ အခုနောက်ပိုင်း ခေတ်စားလာတဲ့ မေးခွန်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွကြာအောင် ဆဲလ်ဖုန်းတွေ၊ အိုင်တီပစ္စည်းတွေ သုံးလာကြတာဆိုတော့ ္စည်းတွေ သုံးလာကြတာဆိုတော့ အဲဒါတွေက ထွက်တဲ့ Electromagnetic Field (EMFs) တွေက ကင်ဆာဖြစ်စေတဲ့ လှိုင်း (Wave) တွေဖြစ်တဲ့ အတွက် အန္တရာယ်အလွန်ကြီးမားတဲ့ဆိုတာ သိလာကြတယ်။ တက်ဘလက်တွေ၊ အိုင်ပက်တွေဆိုတာက ကြီးမားတဲ့ ဖုန်းတစ်မျိုးပဲဆိုတော့ ထိတွေ့မှု ဧရိယာကျယ်တာမို့ အန္တရာယ်ပိုတောင်ပေးနိုင်ပါတယ်။ ဒါတွေကို နိစ္စဓူဝထိတွေ့ ကိုင်တွယ်နေရတဲ့ ကျောင်းသားတွေ၊ လူတွေအနေနဲ့ မရှိမဖြစ်သုံးနေကြတာဆိုရင် အန္တရာယ်ကို သယ်ယူနေကြရတဲ့ မြွေပွေးခါးပိုက် ပိုက်ထားရသူတွေ ဖြစ်နေကြပါတယ်။ 


 ဦးနှောက်ကင်ဆာရောဂါ သိကောင်းစရာ ဂျာနယ်ရဲ့ သုတေသနပြုမှုအရ ဆဲလ်ဖုန်း၊ လက်ကိုင်ဖုန်းနဲ့ အိုင်တီပစ္စည်းတွေကထွက်တဲ့ EMF တွေက ဦးနှောက်ဆဲလ်တွေရဲ့ DNA ပျက်စီးစေတာ ဖော်ပြထားတယ်။ နောက်ဂျာနယ်ဖြစ်တဲ့ အခြေခံနဲ့ အသုံးချ နို်င်ငံတကာသိပ္ပံဂျာနယ်မှာလည်း အလားတူပျက်စီးစေတယ်လို့ ရေးထားပြန်တယ်။ ၂၀၁၁ ခုနှစ်၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထုတ်ပြန်ထားတာက EMF လှိုင်းတွေဟာ ကင်ဆာဖြစ်စေတဲ့အလားအလာရှိတဲ့ ကာစီနိုဂျင်တွေလို့ ဆိုပါတယ်။


 လက်ကိုင်ဖုန်းတွေနဲ့ ဖွဲ့စည်းပုံတူညီတဲ့ တက်ဘလက်တွေကလည်း ဝက်ဘ်ဆိုက်တွေ ရှာဖွေရင်း Radiation ဓာတ်ရောင်ခြည်၊ လှိုင်းတွေ ထုတ်လွှတ်တာပါပဲ။ အိုင်ပက်ပ်တွေ တက်ဘလက်တွေက Wifi လွှတ်တဲ့အခါ စမတ်ဖုန်းတွေထက်ကို လျှပ်စစ်သံလိုက်လှိုင်းတွေ အများကြီးပိုထုတ်လွှတ်ပါတယ်။ ဘယ်လောက်အတိုင်းအတာထိသုံးရင် အန္တရာယ်ကို လျှော့ချနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။ ဥပမာ - တက်ဘလက်တို့၊ လက်ကိုင်ဖုန်းတို့ကို ဘယ်လောက်ကြာအောင်သုံးရင် ခေါင်းမူးလာသလဲ၊ ပျို့အန်ချင်သလို ဖြစ်လာသလဲဆိုတာအပေါ်စောင့်ကြည့်လေ့လာဖို့ အရေးကြီးတယ်။ အဲဒီလောက်ကြာတဲ့အထိ မသုံးကြဖို့ သတိထားကြဖို့ လိုအပ်ပါတယ်။ တီဗီ၊ ဖုန်းနဲ့ တက်ဘလက်မျက်နှာပြင်က ထွက်လာတဲ့ ရောင်ပြန်အလင်းကလည်း မျက်စိအာရုံကို ထိခိုက်စေတယ်။ အိပ်ချင်စိတ်ကို ပျောက်စေပြီး အိပ်မပျော်တော့ဘဲ မျက်စိကြောင်နေစေတယ်။ အင်တာနက်ကြည့်တာများသွားရင် မျက်စိအမြင်အာရုံ ကျဆင်းသွားတာ စာလုံးတွေ နှစ်ထပ်မြင်လာရတာမျိုး စာရှုသူတွေလည်း ကြုံဖူးကြပါလိမ့်မယ်။


 တချို့ဆိုရင် အဲဒီပစ္စည်းတွေသုံးအပြီး ခေါင်းတစ်ခြမ်းကိုက်တာ မောပန်းနွမ်းနယ်တာ၊ ညအိပ်မပျော်တာ၊ အိပ်မရတာ၊ အိပ်ရေးမဝတော့ နောက်နေ့အလုပ်ကောင်းစွာ မလုပ်နိုင်တာ၊ လေးလံထှိုင်းမှိုင်းနေတာ စသဖြင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားကြရတယ်။ ဒါကြောင့် အိုင်တီပစ္စည်းတွေကို နာရီဝက်တစ်နာရီထက် (တစ်ထိုင်တည်း) ပိုမသုံးသင့်ပါဘူး။ တရုတ်ပြည်မှာ တစ်နေ့နဲ့တစ်ညလုံး ဂိမ်းဆော့တဲ့ လူရွယ်တစ်ယောက် ချက်ချင်းနေမကောင်းဖြစ်ပြီး သွေးအသွားအလာ မမှန်ကန်တော့ဘဲ ချက်ချင်းသေဆုံးသွားတာ လွန်ခံတဲ့တစ်နှစ်လောက်က ဖတ်လိုက်ရတယ်။ ဒါကြောင့် ဘယ်ကိစ္စမျိုးမဆို “ တန်ဆေး၊ လွန်ဘေး ” ဆိုတာ သတိချပ်သင့်ပါတယ်။


ကာကွယ်ခြင်း

 လျှပ်စစ်သံလိုက်လှိုင်းတွေက အန္တရာယ်ဘယ််လောက်ပေးတယ်၊ မပေးဘူး သက်သေထပ်ရှာစရာမလိုပေမဲ့ ထိခိုက်မှုနည်းအောင် မိမိဘာသာ ကာကွယ်လို့ရပါတယ်။ မိမိကျန်းမာရေးနဲ့ ကိုယ်ခံအားပိုမို ကောင်းမွန်စေဖို့  အပင်ထွက်သီးနှံတွေ၊ လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ ရာသီပေါ်သီးနှံတွေ များများစားကာ ရေများများသောက်ပါ။ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ အပင်ထွက် အာဟာရ Phytonutrient တွေက လူကို ဒုက္ခပေးမယ့် လွတ်လပ်ရက်ဒီကယ် (Free Radicals) တွေ၊ အန္တရာယ်ပေးမယ့်အရာတွေနဲ့ DNA ကို ပျက်စီးစေမယ့် မကောင်းတဲ့ပစ္စည်းတွေကို ခြေဖျက်ပေးနိုင်တယ်။ အရောင်ရှိသစ်သီးတွေ ပန်းသီး၊ သစ်တော်၊ လိမ္မော်၊ သရက်၊ သခွား၊ ဖရဲ၊ ကီဝီ၊ ငှက်ပျော်သီး၊ ထောပတ်သီး အစရှိတာတွေ နေ့စဉ် ၁ လုံး၊ ၂ လုံးကြိုက်သလောက်စားပေးပါ။ အဲဒီအသီးအနှံတွေမှာ ရောင်ခြယ်ဆဲလ်တွေ၊ ဗီတာမင် စီ၊ အေ၊ အီး၊ ကေ၊ ဘီနဲ့ ဒီသရီး (D3) တွေအပြင် အင်တီအောက်ဆီးဒင့်တွေပါ ကြွယ်ဝတဲ့အတွက် အဘက်ဘက်က အထောက်အကူပေးပါတယ်။ 


 တက်ဘလက်တွေ၊ လက်ကိုင်ဖုန်းတွေနဲ့ အကြာကြီးသုံး စကားပြောတာ၊ ဂိမ်းဆော့တာ ရှောင်ကြဉ်ခြင်း၊ ကလေးတွေကို တစ်နေ့ ၁ နာရီထက် ပိုမသုံးစေခြင်း၊ အသက် ၁၀ နှစ်အောက်ကလေးဆိုရင် IT ပစ္စည်း အသုံးနည်းနိုင်သမျှ နည်းအောင် စီစဉ်ခြင်း၊ ဖုန်းနဲ့စကားပြောရင် ဘယ်ဘက်နားကိုပဲ သုံးပြီး အချိန်ကြာပါမှ ဘယ်ညာပြောင်းသုံးစေခြင်း၊ ဖုန်းပြောရင် လိုတိုရှင်း အမြန်ပြောခြင်း၊ အင်တာနက်ကြည့်တာ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာအောင် အကြည့်ပြောင်းလဲကြည့်စေခြင်း၊ တီဗီကွန်ပျူတာရှေ့မှာ အလင်းကာတစ်ခု တပ်ဆင်အသုံးပြုစေခြင်း၊ ညအိပ်ရင် လူနဲ့ ၈-၁၀ ပေ အကွာမှာ အိုင်တီပစ္စည်းများ ထားရှိစေခြင်း၊ အိုင်တီပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံကို ကြည့်ရှုလေ့လာပြီး Bluetooth, Wifi စတာတွေ ရှိတဲ့နေရာနဲ့ လူ့ခန္ဓာကိုယ်ကို တိုက်ရိုက်မထိမိအောင် ထားခြင်း စတဲ့အချက်တွေကိုလည်း လိုက်နာသင့်ပါတယ်။ 


 ကလေးငယ်တွေကို အသက် ၁၂-၁၃ နှစ် မကျော်မချင်း အိုင်တီပစ္စည်းတွေ ပေးမသုံးတာက ဖွံ့ဖြိုးဆဲဦးနှောက်အတွက် အကောင်းဆုံးကာကွယ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၂ နှစ်၊ ၃ နှစ် အောက် ကလေးတွေအနီးတောင် အိုင်တီပစ္စည်းတွေ ပေးမထားသင့်ပါဘူး။ မမြင်ရတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ နှောင့်ယှက်မှုကို ကလေးတွေ အနည်းနဲ့အများ မခံစားစေချင်လို့ ဖြစ်ပါတယ်။ အရင်တုန်းက Moblie Phone တာဝါတိုင်ကြီးတွေကို လူနဲ့ဝေးရာ တောင်ကုန်းတွေပေါ်မှာ တပ်ဆင်ကြပါတယ်။ အခုတော့ လူနေအိမ်ခြေတွေထဲမှာကို ဆောက်လုပ်အသုံးပြုလာကြပါတယ်။ အဲဒီမှာ တပ်ဆင်ထားတဲ့ စက်ပစ္စည်းကိရိယာတွေက ၂၄ နာရီပတ်လုံး အလုပ်လုပ်နေကြတာဆိုတော့ အဲဒီကထွက်တဲ့ လှိုင်းတွေက အနီးပတ်ဝန်းကျင် လူနေအိမ်ခြေက လူအပေါင်းကို အထူးသဖြင့် ကလေးများနဲ့ လူကြီးများကို ရေရှည်ကာလမှာ ထိခိုက်မှုကျန်းမာရေး ယိုယွင်းမှုတွေ ဖြစ်ပေါ်လာစေတာမို့ အိမ်ရောင်းအိမ်ဝယ်လုပ်ကြရင် သတိထားစရာအချက်တစ်ခုအဖြစ် ပါဝင်လာနေပါပြီ။ မရှိမဖြစ် လူသုံးပစ္စည်းအဖြစ် အသုံးဝင်လာတဲ့ အိုင်ပက်ပ်၊ အိုင်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အစရှိတာတွေကို မချေတမ်း ကိုင်တွယ်အသုံးပြုမယ့်အစား အချိန်ပိုင်းအလိုက် သုံးလိုက်၊ ချလိုက်၊ ပြုလုပ်သင့်ပါကြောင်း တန်ဆေး လွန်ဘေး သတိထားသင့်ပါကြောင်း နှိုးဆော်လိုက်ပါတယ်။ 


Credit: ဒေါက်တာအေးမြချယ်








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar