ဝမ်းကိုက်ခြင်း အကြောင်းကို ဝမ်းလျှောရောဂါကဲ့သို့ အရည်များများမပါဘဲ ဝမ်းနှင့်ချွဲ (သို့) သွေးစများ ရောနှော၍ ဝမ်းသွားခြင်းကို ဝမ်းကိုက်သည်ဟု သိရှိနားလည် တတ်ကြသည်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ဝမ်းကိုက်ရောဂါသည် (ရှိဂဲလား)ဟု ခေါ်သော ပိုးကြောင့်ဖြစ်သည်။ ရောဂါလက္ခဏာအနေဖြင့် ရောဂါ၏ အတိမ်အနက်ပေါ်လိုက်၍ ပေါ်ပေါက်လာနိုင်သည်။ ရောဂါအခြေအနေ သိပ်မပြင်းလျှင် အပူရှိန် အနည်းငယ်လောက်သာ ရှိနိုင...

  ကလေးသူငယ်များ လေထိုးလေအောင့်ခြင်းသည် ကလေးငယ်အား မကြည့်ရက်စရာ သနားဖွယ်ဖြစ်သလို မိဘတို့မှာလည်း အလွန်စိတ်မကောင်းစရာဖြစ်သည်။ အထူးသဖြင့် ညရေးညတာဆိုလျှင် ပိုပြီး စိတ်ရှုပ်ရဖွယ်ဖြစ်သည်။ မွေးကင်းစကလေးများနှင့် လသား အရွယ်ကလေးများတွင် လေထိုးလေအောင့် ဖြစ်ခြင်းသည်ပိုမိုဆိုးဝါး၏။ လေထိုး လေအောင့်ခြင်းမှာ ရုတ်တရက်ဖြစ်လာသလို ရုတ်တရက်လည်း ပျောက်ကင်းနိုင်ပါတယ်။ ကလေးများနှင့် မိဘများပါ အဆင်ပြေစေန...

  ရုတ်တရက်ကြောက်မသွားပါနှင့်။ ကလေးက စကားပြော အဆင်ချောနေရာကနေ ရက်သတ္တပတ် တော်တော်ကြာသည်အထိ ထစ်သွားလိုက်၊ ပြန်ကောင်းလိုက်ဖြစ်တတ်ပါသည်။ အသက်နှစ်နှစ်မှ လေးနှစ်အတွင်းဖြစ်တာ များပြီး မျိုးရိုးလည်းရှိတတ်ပါသည်။ စကားပြောဖို့ လောကြီးပြီး ဖြစ်ရတာပါ။ သတင်းကောင်းကတော့ ဘာမှမလုပ်ဘဲ ထားလျှင်လည်း ၇၅ ရာခိုင်နှုန်းလောက် သူ့ဟာသူ ပြန်ကောင်းသွားတတ်ပါသည်။   ၁။ ခြောက်လခန့် ဆက်တိ...

  မွေးပြီး အသက်တစ်လ၊ နှစ်လခန့်အရွယ်မှစ၍ တချို့ကလေးများ ချက်စူလာကြသည်။ တစ်နေ့တစ်ခြား စူလာသောချက်ကို ကြည့်၍ တချို့မိဘများ စိတ်ပူကြသည်။ မလှမှာ စိုးရိမ်သူတို့ရှိသလို စူနေသော ချက်အတွင်းရှိ အူညပ်သွားမည်ကို စိုးရိမ်သူတို့လည်းရှိသည်။ တကယ်တော့ ချက်စူသည်ဆိုတာက ဝမ်းဗိုက်အရှေ့အလယ် ကြွက်သားမြှောင် (rectus) နှစ်ခုအလယ်မှ အဆက်လေးကွယ်သွား၍ အူလေးထွက်နေခြင်း ဖြစ်သည်။ လက်နှင့်ဖိသွင်းလိုက်လျှင် ပြန်ဝ...

  ဖွံ့ဖြိုးမှုဆိုသည်က ကြီးထွားခြင်းနှင့် မတူ။ လုပ်တတ်လာခြင်း၊ နားလည်လာခြင်းဟု အလွယ်ပြောနိုင်သည်။ အသက်သုံးလအရွယ် ကလေးကို ခါးမတ်မတ်လေး ကိုင်ပေးလိုက်ပါက ခေါင်းလေးက သူ့ဟာသူလိုက်ထောင်နိုင်လာသည်။ အသက်လေးလ ကလေးကို ကိုယ်နှင့်ခြေ မတ်မတ်လေး စားပွဲပေါ် ထောင်ကိုင်ထားပါက ခြေဖဝါးလေးနှင့် သူ့အလေးချိန်ကို သူစမ်းထိန်းကြည့်လာသည်။ မှောက်တတ်လာ၊ လှန်တတ်လာတာ သိပ်အရေးမပါလှ။ အသက်လေးလကလေးကို မှောက်ခုံလေး...

  ပျှမ်းမျှအားဖြင့် ကလေးများ အသက် တစ်နှစ်နှင့် နှစ်လအရွယ်ခန့်တွင် လမ်းလျှောက်လေ့ ရှိကြသည်။ ၁၀ လနှင့် လျှောက်သူလည်း ရှိချင်ရှိမည်။ တစ်နှစ်ခွဲမှ လျှောက်သူလည်း ထုနဲ့ဒေး။ စောလျှောက်တာနှင့် နောက်ကျလျှောက်တာ ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘာမှမကွာ။ ပုံမှန်အားဖြင့်တော့ ယောကျ်ားလေးများက အနည်းငယ်စော၍ လျှောက် တတ်ကြသည်။ အသက်တစ်နှစ်ခွဲကျော်အထိ မလျှောက်သေးသည့် ကလေးများကိုတော့ လမ်းလျှောက်နောက်ကျ...

  အသားစားလျှင် သန်ထတတ်သည် ဟူသော အယူအဆမှာလည်း အထူးသဖြင့် လူကြီးများ တွင် ရှိနေတတ်ကြသည်။ ကလေးငယ်များကို အသားများများ မကျွေးတတ်ကြပေ။ သန်ကောင်ကျသော (သန်ရှိသော) ကလေးကိုဆိုလျှင် အသားအနည်းငယ်သာ ကျွေးလေ့ ရှိသည်။ ကလေးငယ်များသည် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်များဖြစ်ကြသဖြင့် ပရိုတင်းဓာတ် ပိုမိုလိုအပ်ကြသည်။ ပရိုတင်းဓာတ်ကို အဓိကရရှိနိုင်သည်မှာ အသားများပင်ဖြစ်၍ အသားကို ပိုကျွေးရန် လိုအပ်သည်။ သန်ကေ...

  မွေးကင်းစ ကလေးငယ် ချက်ကြွေပြီးနောက် အနာကောင်းစွာ မကျက်လျှင် နနွင်း၊ (သို့) ဆေးတို့ဖတ် သိပ်ထည့် အလေ့အထရှိနေကြပါသည်။ ဤသည်မှာ ရှေးအစဉ်အဆက် ပြုလုပ်နေကြခြင်းဖြစ်သည်။ အကယ်၍ နနွင်း၊ (သို့) ဆေးတို့ဖတ် သိပ်ထည့်၍ ပိုးဝင်ပြီး အနာဖြစ်လိမ့်မည်။ မေးခိုင်ရောဂါဖြစ်တတ် သည်ဟု ပြောမိလျှင် `တို့တစ်သက်လုံး ဒီလိုလုပ်ခဲ့တာ၊ တို့ငယ်ငယ်က တို့မိဘတွေလည်း လုပ်ခဲ့တာ၊ မင်းတို့ငယ်ငယ်ကလည်း ငါတို့ ဒီလိုလုပ်ခဲ့...

  `ကလေး ဝမ်းသွားရင် အကောင်ဖြူဖြူသေးသေးလေးတွေ အများကြီးပါလာတယ်။ သမီးလေးက စအိုဝယားတယ်လို့ ကြည့်လိုက်တော့ တုတ်ကောင်လေးတွေ စအိုဝမှာ တွေ့ရတယ်။´စသည့် `တုတ်ပြဿနာ´ သည် ကလေးငယ်များနှင့် သူတို့၏ မိဘများ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေပြီး ကြီးမားသော မဟာပြဿနာ ဖြစ်နေပါသည်။ ယင်းပြဿနာ ကောင်လေးကို အပ်ချည်သန်ကောင် ဟူ၍လည်းကောင်း၊ ပင်အပ်သန်ကောင် ဟူ၍လည်းကောင်း ချစ်စနိုးခေါ်ဆိုကြသည်။ ကျောင်း...

  ဗီတာမင် စီ သည် ရေ၌ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်ပေသည်။ ဗီတာမင် စီကိုနောက်တစ်နည်းအားဖြင့် အက်စ်ကိုးဗစ် အက်စစ် (ascorbic acid) ဟုလည်း ခေါ်ဝေါ်ကြသည်။ ၎င်း ဗီတာမင်ကို သတ္တဝါ အတော်များများ၏ ကိုယ်တွင်း၌ ဂလူးကို့စ်မှ တစ်ဆင့်ထုတ်လုပ်နိုင်ကြသော်လည်း လူ၊ မျောက်၊ ပူး၊ ငှက်အချို့နှင့် ငါး အနည်းငယ်တို့၏ ခန္ဓာကိုယ်တွင်း၌ကား လုံးဝမထုတ်နိုင်ကြပေ။ ထို့ကြောင့် အစားအစာမ တစ်ဆင့် ဗီတာမင် စီ ကိုရဖိ...


Advertising






2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar