စိတ်ဓာတ် ကျစေသည့် အကြောင်းရင်း အများစုသည် ကျွနု်ပ်တို့ ထိန်းချုပ်ခြင်းငှာ မစွမ်းသာသော ဘောင်ပြင်ဘက်က ကိစ္စများကြောင့် ဖြစ်ရသည်။ ချစ်ခင်ရသူ သေဆုံးခြင်း၊ အလုပ်ပြုတ်ခြင်း၊ ငွေကြေးအကျပ်အတည်း တွေ့ခြင်း စသည် စသည်ဖြင့် ထိန်းချုပ်ခြင်းငှာ မစွမ်းသာတာများကို ခဏမေ့ထားပြီး ထိန်းချုပ်ခြင်းငှာ စွမ်းသာသော နေ့စဉ်ဘဝ အလေ့အထ လေးများကို ပိုကောင်းအောင် ပြုပြင်ခြင်းဖြင့် စိတ်ဓာတ်ကျစေမည့် အလားအလ...

ယောဂကျင့်စဉ်ဟာ ကောင်းကျိုးအဖြာဖြာရှိပြီး ခေတ်သစ်မှာ အလှအပအတွက် ကျင့်သုံးလာရတဲ့ လေ့ကျင့်ခန်း ကျင့်စဉ်ဖြစ်ပါတယ်။ ဦးနှောက်၊ ခန္ဓာကို်ယ်နဲ့ စိတ်ကိုပေါင်းစပ်ထားခြင်းဖြစ်ပြီး လူတစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာအတွက်အကျိုးကျေးဇူးဖြစ်စေတဲ့ ကြီးမြတ်သော ကိုယ်လက်လှုပ်ရှားမှုလို့ခေါ်ဆိုနိုင်ပါတယ်။ လူအများကတော့ ယောဂကျင့်စဉ်ဟာ ဘဝကိုပြောင်းလဲပေးနိုင်တဲ့ အတွေ့အကြုံကို ပေးပြီး ခန္ဓာကို်ယ်ကျန်းမာရေးနဲ့ အလှအပကိ...

၁၃-၄-၂၀၁၇ နေ့ထုတ် ဂျာနယ်သတင်းစာတစ်ခုမှာ လူဦးရေသုံးသိန်းခန့် စိတ်ကျဝေဒနာခံစားနေရကြောင်း သိရပါတယ်။ တစ်ကမ္ဘာလုံးမှာဆိုရင်တော့ စိတ်ကျဝေဒနာခံစားနေရသူ ၃၂၂ သန်း ရှိတယ်လို့ ဆိုပါတယ်။ ပဋိပက္ခဖြစ်ပွားရာ ဒေသမျိုးမှာဆိုရင် စိတ်ကျဝေဒနာပိုမို များပြားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဤဆောင်းပါးကို အများပြည်သူတွေ သတင်းအချက်အလက် ရရှိစေခြင်းငှာ တင်ဆက်လိုက်ရပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုမရှိဘဲ အကြောသေခြင်း၊ မျက်စိကွယ်ခြင်း၊ တဆတ်ဆတ်တုန်နေုခြင်း၊ မေ့လျော့ခြင်းတို့သည် နျူရိုးဆစ်ဝေဒနာများ ဖြစ်ကြရာ။ ယင်းတို့ကို ဟစ်စတီးရီးယားဝေဒနာဟုလည်း ခေါ်ဝေါ်သတ်မှတ်ထားသည်။ ဤဝေဒနာများသည် မသိစိတ်၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။ လိုဘမပြည့်ဝမှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပဋိပက္ခများကို ဖြေရှင်းရာမှလည်း ဖြစ်ပေါ်လာတတ်သည်။ စိတ်ပဋိပက္ခမှ ရုပ်ဝေဒနာသို့ လ...

အိပ်မွေ့ချခြင်းနှင့် အဆင့်တွေကို ခွဲခြားသတ်မှတ်ရာမှာ အများလက်ခံတဲ့နည်း သုံးနည်းရှိရာ နည်းနည်းအိပ်ခြင်း၊ အလယ်အလတ်အိပ်ခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်း ဆိုပြီးရှိပါတယ်။ နည်းနည်းအိပ်ခြင်းဟာ အိပ်ငွေ့ကျပြီးနောက် ပထမဆုံး ရောက်တဲ့အဆင့်ဖြစ်တယ်။ အိပ်မွေ့ချခံရသူဟာ အိပ်ငိုက်လာပြီးသိရက်နဲ့ ခြေလက်များမလှုပ်ရှားနိုင်ခြင်း၊ မျက်ခွံများ လေးလံလာခြင်း၊ အိပ်ပျော်နေသလိုခံစားရခြင်း၊ စိတ်ရဲ့ခံစားမှုပြေ...

အယ်လ်ဇိုင်းမားရောဂါဆိုတာ တဖြည်းဖြည်းချင်းဖြစ်လာတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး မှတ်ဉာဏ်နဲ့ တခြားပုံမှန်အသိစိ်တ်တွေကို ဖျက်ဆီးပစ်တဲ့ရောဂါပါ။ အစောပိုင်းမှာတော့ အယ်လ်ဇိုင်းမားရောဂါလက္ခဏာတွေက စိတ်ရှုပ်ထွေးနေခြင်းနဲ့ မှတ်ဉာဏ်ပြန်ဖော်ရခက်ခြင်းတို့ ပါ၀င်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှအယ်လ်ဇိုင်းမားရောဂါသည်တွေဟာ သူတိို့နဲ့အနီးကပ်ဆုံးသူတွေကိုတောင် မေ့သွားကြပြီး အကျင့်စရိုက်ကလည်းသနားစရာကောင်းလောက်အောင် ပြောင်းလ...

လူတွေမှာ မွေးရာပါဗီဇရှိတယ်ဆိုတာကို ကြားဖူးပါတယ်ဆရာ။ အဲဒီမွေးရာပါ စိတ်နေစိတ်ထား ဗီဇနဲ့စရိုက်ဟာ မျိုးရိုးလိုက်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။လူတစ်ဦးနဲ့တစ်ဦးက မတူပါဘူး။ မတူဘူးဆိုတာက “ဗီဇ” ပေါ့။ ဗီဇဆိုတာ မျိုးရိုးဗီဇလို့လည်း ခေါ်လို့ရပါတယ်။ ဒါကြောင့် တချို့ကပြောကြပါတယ်။ “လူမှာအမျိုး ကြက်မှာအရိုး” ဆိုပြီးတော့ပါ။ မိသားစုတစ်စုနှင့်တစ်စု ဆင်သက်သာတဲ့ Gene တွေအရ ဥပမာ သူ့စရိတ်က အဖေနဲ့တူတယ...

စိတ်ကျရောဂါ ဆိုသည်မှာ ဝမ်းနည်းပူဆွေးခြင်းနှင့် အရာရာတိုင်းအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးခြင်းကို အချိန်ကြာမြင့်စွာ ခံစားနေရခြင်း ဖြစ်ပါသည်။လက္ခဏာများစိတ်ကျရောဂါ ခံစားနေရသော ဝေဒနာရှင်သည် အောက်ပါ ဝေဒနာများကို နေ့တိုင်းလိုလို ခံစားနေရတတ်ပါသည်။ ၎င်းတို့မှာ -. ဝမ်းနည်းခြင်း၊ ငိုကြွေးချင်ခြင်း၊ လစ်ဟာနေသလို ခံစားနေရခြင်းနှင့် မျှော်လင့်ချက် မရှိသလို ခံစားနေရခြင်း...

အရက်သောက်တာ မကောင်းဘူးလို့ ပတ်ဝန်းကျင်က အမြဲပြောတတ်ကြပါတယ်။ ဒါပေမဲ့ အရက်သောက်သူ ဦးရေက လျှော့နည်းမသွားဘဲ တစ်နေ့တစ်ခြား ပိုများလာတယ်။ ဒီခေတ်ရောက်တော့ ယောကျ်ားလေးတွေတင်မက မိန်းကလေးတွေပါ သောက်လာကြပြီ။ ပိုဆိုးတာက အသက်မပြည့်သေးတဲ့ လူငယ်လူရွယ်တွေလည်း ပါနေတာပါ။ ၂၀၀၈ ခုနှစ်က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ လေ့လာတော့ အသက် ၁၈ နှစ်အောက် လူငယ်ကျောင်းသားတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ အရက်သောက်ကြတယ်ဆိ...

လက်ရှိကာလကို တန်ဖိုးထားပါ အနာဂတ်ကာလအတွက် စိတ်ဖိစီးမှုများနေတဲ့အခါ လက်ရှိအခြေအနေကိုပဲ ကောင်းမွန်အောင် လုပ်နိုင်မယ့်အရာ တစ်ခုခုကို စဉ်းစားတွေးတောလိုက်ပါ။ စိတ်ပင်ပန်းနေရင် အကြိုက်ဆုံးသီးချင်းကို ခပ်ကျယ်ကျယ်ဖွင့်ပြီး နားထောင်လိုက်ပါ။အလုပ်သွားသည့်လမ်းကြောင်းကို ပြောင်းလဲပါ အလုပ်သွားတဲ့အခါ လမ်းပိတ်တာကြောင့် စိတ်ညစ်ညူးရတတ်ပါတယ်။ ဒါကြောင့် စက်ဘီးစ...


Advertising






2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar