ရေနစ်ခြင်းဟာ အရေးပေါ်ဖြစ်တယ်။ အသက် ၁-၄ နှစ်ကြားအများဆုံးနဲ့ အသက် ၁၄ နှစ်အောက်မှာ ဒုတိယအများဆုံး သေစေတဲ့မတော်မဆဖြစ်မှုဖြစ်တယ်။ ပထမဆုံး လုပ်ရမှကြ ရေနစ်သူကို ရေထဲကနေဆွဲထုတ်ယူပါ။ ကယ်ဆယ်ရေးဟာ နောက်မကျသေးဖူးလို့သိထားပါ။ အသက်ရှူသေးရင် သူ့ကိုကျောခင်းသိပ်ထားပေးပါ။ အသက်ရှူတာကိုဆက်ရှူစေအာင် သတိထားပြီး အကူအညီရယူပါ။ လိုလာရင် CPR လုပ်ပါ။ ပြန်လည်မလာလည်း အကူအညီမလာမချင်း ဆက်လုပ်နေပါ။

ဓားထိုးခံရသူကိုတွေ့လျှင် အထိုးခံရသည့် ပတ်ဝန်းကျင်ကို အရင်ဆန်းစစ်ပါ။ မိမိကိုအန္တရာယ်ပေးနိုင်သည့်သူ မရှိမှ ကူညီပါ။  ဓားထိုးဒဏ်ရာသည် အထိုးခံရသည့်နေရာ နှင့် အထိုးခံရသည့် ပုံစံပေါ် မူတည်၍ ပြင်းထန်မှု ကွဲပြားသည်။ ထိုးခံရသည့်ဒဏ်ရာ သိပ်မနက်ပါက ပုံမှန်ရှေးဦးသူနာပြုနည်းဖြင့် ကုသ၍ ရသော်လည်း ထိုးခံရသည့်ဒဏ်ရာသည် ကိုယ်တွင်းအင်္ဂါတစ်ခုခုကို ထိခိုက်မိပါက အသက်အန္တရာယ် စိုးရိမ်ရသည်အထိ...

Heat Stroke ဆိုတာ အပူချိန်အပြင်းအထန် ခံစားရတဲ့အခါမှာ အသက်အန္တရာယ်အရှိဆုံး အရေးအကြီးဆုံးဖြစ်ပါတယ်။ Heat Stroke ဆိုတာကို  မြန်မာလိုတော့ အပူရှပ်ခြင်းလို့သုံးကြတယ်။ အမှန်တကယ်ကတော့ အပူချိန်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ထိခိုက်ပြီးတော့ ကယောင်ကတမ်းဖြစ်တဲ့ အခြေအနေမျိုးပေါ့။ ခန္ဓာကိုယ်ထဲက အပူချိန်ကို ထိန်းညှိတဲ့ (sweating mechanism) က ပျက်သွားတယ်။ ဘာလို့ပျက်ရတာလဲဆိုတော့ ကိုယ်တွင်းအပူဓာ...

ခွေးရူးရောဂါဆိုတာ ရောဂါရှိတဲ့ ခွေးကိုက်ခံရလို့ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ရင် ရာနှုန်းပြည့်သေနိုင်ပါတယ်။ ကာကွယ်လို့လည်း ရပါတယ်။ ဖြစ်တဲ့လူတိုင်းကတော့ ဦးနှောက်အသားရောင်ရမ်းပြီး သေဆုံးရတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုအတိမ်အနက် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ခွေးရူးရောဂါ ဖြစ်နိုင်ခြေရှိသူ ၁.၄ သန်းခန့် နေထို...

၁။ တစ် နေသောအရာဝတ္ထုထွက်ကျသွားစေရန် လက်ပြင်းရိုးနှစ်ခုကြားရှိ ကျောအလယ်ကို ငါးကြိမ် ရိုက်ပေးပါ။ မရပါက ၀မ်းဗိုက်အထက်ပိုင်း ရင်ညွှန်ရိုးနှင့် ချက်ကြားကို လက်သီးဆုတ်ခံ၍ ငါးကြိမ်ပင့် တင်ပေးပါ။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းကြောင့် အသက်ရှူလမ်းကြောင်းတွင် အားပြင်းသော တုန်ခါမှုနှင့် ဖိ အားဖြစ်စေပြီး တစ်နေသောအရာကို ထွက်ကျသွာစေနိုင်ပါသည်။ တစ်နေသောအရာထွက်ကျသွားပါ က အသက်ပြန်ရှူနိုင်ပါမည်...

ရက်ရှည်ဝမ်းပျက်တယ်ဆိုတာ  ဝမ်းသည် အတုံးအခဲ မဟုတ်ဘဲ၊ အရည်နှင့် အဖတ်ရော၍ မစင်စွန့်သည့်အိုး၏ ပုံသဏ္ဍာန်အတိုင်း လိုက်၍ ပြောင်းလျှင်သော်လည်း အရည်ချင်းသက်သက်သွားလျှင် သော်လည်းကောင်း၊ • ဝမ်းပျက်သည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ အဖတ်အရည်ရောသော ဝမ်း (သို့) ဝမ်းအရည်သက်သက် တစ်နေ့လျှင် သုံးကြိမ်နှင့်အထက်သွားရပါမည်။ • ထိုသို့သော ဝမ်းအမျိုးအစားသွားခြင်းသည် နေ့စဉ်ရက...

မျက်နှာရှိ ကြွက်သားများကိုထောက်ပံ့သော အာရုံကြော ရုတ်တရက် အားနည်းသွားခြင်းကြောင့် မျက်နှာတစ်ခြမ်းလှုပ်ရှားမှုမရခြင်းကို ဆိုလိုပါသည်။ အများစုတွင် ရက်သတ္တပတ်အနည်းငယ်မှ ခြောက်လအတွင်း လုံးဝပြန်ကောင်းသွားပြီး အခိျု့တွင် တသက်လုံး မပျောက်ဘဲ ရှိတတ်သည်။ မျက်နှာတစ်ခြမ်းသေခြင်းသည် ဖြစ်ပွားပြီး ပြန်လည်ပျောက်ကင်းသွားတတ်သော်လည်း နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ချေရှိသည်။လက္ခဏာများမျ...

အကျဉ်းရှင်းလင်းချက် နံရိုးကျိုးတယ်ဆိုတာ သင့်နံရိုးအိမ်ကြီးမှ နံရိုးတစ်ချောင်းချောင်း အက်ခြင်း၊ သို့မဟုတ် ကျိုးခြင်းဖြစ်ပါတယ်။ အမြင့်ပေါ်မှပြုတ်ကျခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်း၊ သို့မဟုတ် အားကစားပွဲများတွင် ထိခိုက်မိခြင်းတွေကြောင့် ရင်ဘတ်ကို ထိခိုက်ဒဏ်ရာရစေတာဟာ နံရိုးကျိုးစေတဲ့ အဖြစ်များတဲ့အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ကျိုးသွားတဲ့အရိုးအများစုကတော့ အက်ရုံပဲအက်...

ကလေးများသည်အဆိပ်မျိုးစုံ၏ အကျိုးဆက်ကို နည်းမျိုးစုံဖြင့်ခံစားနေကြရပါသည်။ ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်နှင့်အညီ ကလေးများ အဆိပ်သင့်ပုံ သင့်နည်းသည်လည်း တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ကလေးများ အဆိပ်သင့်မှုသည် မတော်တဆအဆိပ်သင့်မှုနှင့် မတော်တဆမဟုတ်သော အဆိပ်သင့်မှုဟူ၍ နှစ်မျိုးရှိပါသည်။အသက်အရွယ်အားဖြင့်မတော်တဆအဆိပ်သင့်မှုသည် အသက်ငါးနှစ်အောက် အရွယ...

ခြေကျင်းဝတ်လည်ခြင်းဆိုတာဟာ လူတော်တော်များများ ဘဝမှာကြုံတွေ့ဖူးတဲ့ အခြေအနေတစ်ရပ်ပါ။ ခြေကျင်းဝတ်လည်ပြီး နောက်ခြေကျင်းဝတ်နေရာက ရောင်ရမ်းနာကျင်လာမယ်ဆိုရင်တော့ ခြေကျင်းဝတ်နေရာက အရွတ်ကလေးတွေ ထိခိုက်သွားတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေမှာ ခြေကျင်းဝတ်လည်သွားနိုင်ပါသလဲ။ များသောအားဖြင့် ရုတ်တရက်ခြေထောက်အလှည့်အပြောင်း အချိန်မှာ (ဥပမာ - ဘောလုံးကစားခြင်းဖြင့်) ခြ...


Advertising






2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar