တီဘီရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ ဘယ်လိုဆက်နွှယ်နေသလဲ။ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေသူတွေမှာ တီဘီရောဂါဟာ အဓိကကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အိတ်ချ်အိုင်ဗွီပိုး ရှိတဲ့သူတွေမှာ ခုခံစွမ်းအား ကျလာတဲ့အတွက်  တီဘီရောဂါကူးဖို့ အခွင့်အလမ်းပိုများပါတယ်။ သူတို့မှာဖြစ်တဲ့ တီဘီရောဂါကလည်း သာမန်ထက် ပိုပြီး ပြင်းထန်နိုင်ပါတယ်။ စနစ်တကျဆေးကုသမှုခံယူပြီး အချိန်မှန်မှန် ဆေးသာက်ဖို့...

  လေပြွန်အဖုံး ရောင်ရမ်းခြင်းသည် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေကာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော ရောဂါဖြစ်သည်။ ပူလွန်းသောအရည်များသောက်ခြင်း၊ မျိုချမိခြင်း၊ လည်ပင်းကို ထိခိုက်မိခြင်းနှင့် ရောဂါပိုးများ ဝင်ခြင်း တို့ကြောင့် ဖြစ်ပွားနိုင်သည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ကလေးများတွင်မူ Haemophilus influenza type B ပိုးဝင်ခြင်းကြောင့် အဖြစ်များသည်။   ...

  အိတ်ချ်အိုင်ဗွီပိုးဟာ လိင်အင်္ဂါက ထွက်တဲ့အရည်မှာ အများဆုံးရှိပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ လိင်အင်္ဂါက အရည်တွေဟာခံတွင်းထဲ၊ အာခေါင်ထဲကို ရောက်လာမယ်။ ခံတွင်းထဲ၊ အာခေါင်ထဲမှာ အနာရှိနေရင် အဲ့ဒီအနာပေါက်ကနေတဆင့် ရောဂါ ပိုးတွေ အလွယ်တကူဝင်သွားပြီး ရောဂါကူးမယ်။  အနာ မရှိပေမယ့်လည်း ရောဂါ မကူးနိုင်ဘူးဆိုပြီး စိတ်ချနေလို့မရပါဘူး။ ခံတွင်းရဲ့နံရံတွေကို နုနယ်ပါးလွှာတဲ့ အမြှေးပါးဟာ...

  ရောဂါပိုးပါတဲ့သွေး၊ သုက်ရည်၊ မိန်းမအင်္ဂါက ထွက်တဲ့ အရည်တွေဟာ ကိုယ်ရဲ့ခန္ဓကိုယ်ထဲ ဝင်ရင် ရောဂါကူးစက်နိုင်ပါတယ်။ ၁။ ဒါကြောင့် ရောဂါပိုးရှိတဲ့သူနဲ့ ဖိုမဆက်ဆံရင်လည်း ကူးတယ်။ ယောကျာ်းချင်းလိင်တူ ဆက်ဆံရင်း ကူးတယ်။ လိင်ဆက်ဆံ အဖော်များလေ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ဖို့ အခြေအနေများလေပဲဖြစ်ပါတယ်။   ၂။ ရောဂါပိုးပါတဲ့ သွေးသွင်းမိရင်လည်း ကူးတယ်။ မတော်တဆ အကြ...

  တုပ်ကွေးဆိုတဲ့အဖျားဟာ တစ်ကိုယ်လုံး ကိုက်ခဲလှတယ်။ အဖျားလည်းတက်တယ်။ ဒါကြောင့် ဒီအဖျားဝင်နေတဲ့သူဟာ မတ်တပ်ရပ် မနေနိုင်ပါဘူး။ အိပ်ရာထဲ လှဲနေရတယ်။ ဆန့်ဆန့်ကြီးလည်း မနေနိုင်ဘူး။ ကွေးကွေးလေး ခြေတွေလက်တွေကို တုပ်တုပ် ကလေး ကွေးအိပ်နေမှ နေသားကျတယ်။ ဒါကြောင့် တုပ်ကွေးလို့ ခေါ်တာဖြစ်မယ်လို့ တွေးမိပါတယ်။ တုပ်ကွေးကို Influenza လို့ခေါ်ပါတယ်။ အရပ်အခေါ် Flu လို့ ခေါ်တာဖြစ်ပါတယ်။ ကိုယ်အပူချိန်တက...

  ဒါက အဆင့် (Stage) ပေါ် မူတည်ပါတယ်။ HIV ပိုးဝင်ဝင်ချင်းမှာတော့ လက္ခဏာ မပြတတ်ပါဘူး။ ပြရင် တုပ်ကွေးလို ခေါင်းကိုက်တာ ဖြစ်တတ်ပါတယ်။ HIV ပိုးက ရောဂါ လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ နေနေတတ်ပါတယ်။ တစ်ခါတစ်လေ AIDS အဆင့်ရောက်မှ သိရတာမျိုးတွေ ရှိတတ်ပါတယ်။HIV ပိုးဝင်တဲ့ လက္ခဏာတွေကို နှစ်မျိုး ခွဲခြားထားပါတယ်။ တစ်မျိုးကတော့ ဆရာဝန်တွေမှ သိတဲ့ လက္ခဏာတွေ အဲဒါကို အဆင့် တစ်၊ နှစ်၊ သုံး ခွဲခြားထား...

  ရောဂါပိုးရှိမရှိ ဘယ်လိုသိရှိနိုင်ပါမလဲ ၁။ ရောဂါပိုးရှိမရှိသိနိုင်တဲ့ တစ်ခုသောနည်းလမ်းများ  ဆရာဝန်နဲ့ ဆွေးနွေးပြီး သွေးအစစ်ခံခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ခြင်းဖြင့်လည်းကောင်း၊ ယောကျ်ားအင်္ဂါ (သို့မဟုတ်) မိန်းမအင်္ဂါကို စစ်ဆေးခြင်းဖြင့် လည်းကောင်း၊ ဆီးစစ်ခြင်းဖြင့် လည်းကောင်း၊ ရောဂါအသွင်လက္ခဏာကို ကြည့်...

  HIV ကိုထိန်းပေးထားနိုင်တဲ့ ART ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးမှာ မျက်စိကွယ်စေတာမျိုး ၊ အမြင်အာရုံကို ထိခိုက်စေနိုင်တာမျိုး မရှိတတ်ကြပါဘူး ။ ဒါကြောင့် ပထမဦးဆုံး မှာချင်တာကတော့ ART ကုထုံးနဲ့ ကုသမှုခံယူထားရင် ART ဆေးတွေကို မိမိသဘောနဲ့ ရပ်ပစ်တာမျိုး လုံးဝမလုပ်မိဖို့ပါပဲ။ အခုကိစ္စမှာ ဖြစ်နိုင်ခြေကတော့ CMV ဗိုင်းရပ်(စ်)ပိုးကြောင့် မျက်လုံးအတွင်းပိုင်းက အမြင်လွှာနဲ့ အခြားအစိတ်အပိုင်း...

  အသည်းအဆီဖုံးခြင်း အသည်းအဆီဖုံးရောဂါဟာ အခုအခါမှာ လူနာတော်တော်များများ မှာ တွေ့လာရပြီး ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်လာတဲ့ အတွက် အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပါတယ်။အသည်းထဲမှာ အဆီဖုံးနိုင်တဲ့ ရောဂါတွေကတော့ အများကြီးပဲ။ ပြောရ မယ်ဆိုရင် အရက်သောက်တဲ့လူတွေတိုင်းမှာ အသည်းမှာအဆီဖုံးပါတယ်။ ဒါပေမယ့် အရက်သောက် တဲ့လူတွေမှာဖြစ်တဲ့ အသည်းအဆီဖုံးတာနဲ့ အရက်မသောက်ဘဲ အသည်းအဆ...

  အသည်းရောင်အသားဝါ “ စီ ” ရောဂါပိုးရှိသူ တစ်ဦးဟာ အသည်းအခြေအနေ၊ ထိခိုက်မှု မရှိသေးဘူးဆိုရင် သာမန်လူတစ်ဦးကဲ့သို့ စိတ်ချစွာ အိမ်ထောင်ပြုလို့ ရပါတယ်။ သို့သော်လည်း “ စီ ” ရောဂါပိုး ကူးစက်ခံရသူဟာ မိမိရဲ့ အိမ်ထောင်ဖက်ကို မိမိမှာ ရောဂါရှိကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားရပါမယ်။   “ စီ ” ရောဂါပိုး ကူးစက်နိုင်တဲ့ နည်းတွေကို...


Advertising






2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar