၁။ ပွေး မှိုပိုး ကူးစက်ရခြင်းကြောင့်ဖြစ်တဲ့ အရေပြားအနာတစ်မျိုးဖြစ်ပြီး လက်စွပ်ကွင်းလေး ကို အဝိုင်းလိုက် အရည်ကြည်ဖုလေးများ ဖြစ်တတ်ပါတယ်။ အများအားဖြင့် လက်မောင်း အောက်ဘက်နဲ့ လက်ကောက်ဝတ်၊ ခါးပတ်ပတ်လည်တွေမှာ အတွေ့ရများပြီး ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့ အရေပြားအနီကွက်များ ဖြစ်ခြင်းတို့ကို ရောဂါ လက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ခြေဖဝါး၊ လက်ဖဝါးတွေမှာလည်း ပွေးပေါက် တတ်ပါတယ်။ ပွေးနာ...

ဝက်သက်ရောဂါသည် ကလေးများတွင် အဖြစ်များပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။   လက္ခဏာများ ဝက်သက်ရောဂါ၏ လက္ခဏာများသည် ရောဂါပိုး ကူးစက်ခံရပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ပေါ်လာတတ်သည်။ လက္ခဏာများအနေဖြင့် - - ဖျားခြင်း - ချောင်းခြောက်ဆိုးခြင်း - နှာစေးခြင်း - လည်ချောင်းနာခြင်း - မျက်သား ရောင်ရမ်းခြင်း

  ရောဂါသည် အလွယ်တကူ မကူးစက်နိုင်ပါ။ ထို့ကြောင့် သာမန် လူမှုဆက်ဆံခြင်း၊ လူနာအား အစာကျွေးခြင်း၊ နေရာရွေ့ပေးခြင်း၊ ပွန်းပဲ့ဒဏ်ရာ မရှိသော အရေပြားအား ကိုင်တွယ်ခြင်း၊ ရေချိုးခြင်းကို ထုံးစံအတိုင်း ပြုလုပ်ပေးနိုင်ပါသည်။ အိမ်သုံးပန်းကန် ခွက်ယောက်များကို လူနာနှင့် မိသားစု ပေါင်းသုံးနိုင်ပါသည်။ သွားတိုက်တံ မုတ်ဆိတ်ရိတ်ဓား၊ မျက်နှာသုတ်ပဝါများကို လူနာနှင့် မျှဝေ မသုံးသင့်ပါဘူး။ လူနာ၏ ခန္ဓာကိ...

၁။ HIV ပိုး ထပ်မံကူးစက်ခြင်း မခံရအောင် ရှောင်ကြဉ်ပါ။ (လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။)   ၂။ တခြားကူးစက်ရောဂါများ ကူးစက်မခံရအောင် ရှောင်ကြဉ်ပါ။   ၃။ အာဟာရပြည့်အောင် စားသုံးပါ။ အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များ အချိုးကျ ပါဝင်ပါစေ။ သန့်ရှင်းလတ် ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို တတ်နိုင်သလောက် စားပါ။ &...

  သန်လုံးကောင် သန်လုံးကောင်တွင် အထီး၊ အမ ရှိပြီး ပုံသဏ္ဍာန်နှင့် အရွယ်အစားအနေမှာ တီကောင်အလတ်စားလောက် ရှိကြပေသည်။ အထီးနှင့်အမ ရှိသည့်အနက် အမမှာ အထီးထက် အရွယ်ပို၍ ကြီးတတ်ပေသည်။ ထိုဥများသည် ဝမ်းတွင်းမှ မစင်နှင့်အတူရော၍ အပြင်သို့ ရောက်ကြရလေသည်။ အပြင်ရောက်လျှင် မြေကြီးခြောက်သွေ့သည်အထိ ရှင်သန်နိုင်ပေသည်။ သန်ကောင်ဥများရှိနေသည့် မြေပြင်ပေါ်တွင် ကလေးသဘာဝ ကစားရင်း လ...

  အရမ်းပူလို့ပဲဖြစ်ဖြစ်၊ အရမ်းအေးလို့ပဲဖြစ်ဖြစ် အပူအအေးရာသီဥတုပြဿနာကြောင့် မကြာခဏ ဖြစ်နေကြတာကတော့ ကျန်းမာရေးပြဿနာပဲ ဖြစ်ပါတယ်။ မိုးမိခြင်း (အချိန်ကြာမြင့်စွာ ရေစိုခံရခြင်း) ကြောင့်လည်း အအေးမိနိုင်သလို ချွေးထွက်များခြင်းကြောင့်လည်း အအေးမိဖျားနာခြင်းကို ရင်ဆိုင်ရလေ့ရှိပါသည်။   အအေးမိခြင်း အအေးမိခြင်း လက္ခဏာတွေ ကတော့ နှာရည်ကျခြင်း၊ နှ...

  Shock ခေါ် သွေးလန့်ခြင်း ဖြစ်ဖို့ရန် အကြောင်းတစ်ခုခုကြောင့် သွေးကြောအတွင်း (intravascular compartment) မှ အရည်လျော့နည်းမှု ဖြစ်ပေမည်။ မိဘများ နားလည်လွယ်ရန် ဥပမာပေးရလျှင် သွေးထွက်လွန်ခြင်းနှင့်အထက်လှန်အောက်လျှော ဖြစ်ရခြင်းတို့ကြောင့်Shock ရခြင်းကို ပြုရပေမည်။ သွေးလွန်တုပ်ကွေး ရောဂါတွင် ကလေး၏ခန္ဓာကိုယ်တွင်းမှ ရှိပြီးသား ပတိပစ္စည်း (antibodies) နှင့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် (...

  ဂျပန်ဦးနှောက်ရောင်ရောဂါက ခြင်ကိုက်တာကြောင့် အဲဒီကနေ ဗိုင်းရပ်စ်ပိုးက တစ်ဆင့် ဖြစ်ပွားရတာပါ။ အရှေ့တောင်အာရှမှာ အတော်လေးအဖြစ်များပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက တိရိစ္ဆာန်တချို့မှာရှိပြီး ခြင်ကတစ်ဆင့် သယ်ဆောင်ကာ လူကိုကိုက်ရင် ဒီရောဂါဖြစ်ပွား ရတာပါ။ ခြင်ကိုက်တတ်တဲ့နေရာက လယ်ကွင်းတွေ၊ ဒီဗိုင်းရပ်စ်မပိုးရှိတဲ့ တိရစ္ဆာန်တွေက ဝက်တို့၊ လည်တံရှည် ငှက်တို့၊ အဲဒီပိုးကို သယ်ဆောင်တဲ့ကောင်က ခြင်၊ အ...

  ဇီကာဗိုင်းရပ် (Zika Virus) Zika Virus သည် သွေးလွန်တုပ်ကွေး (DHF), Chikungunya (ဆင်တုပ်ကွေး) နှင့် Yellow Fever (အဝါရောင်အဖျားရောဂါ) တို့ကဲ့သို့ပင် ခြင်ကိုက်ခံရသည်မှ ရောဂါ ကူးစက်ခြင်းဖြစ်သည်။ အထူးသဖြင့် Aedes (အေဒီးစ်) ခြင်မှတစ်ဆင့် ကူးစက်ပါသည်။   ရောဂါလက္ခဏာများ အဖြစ်များသော လက္ခဏာများတွင် အနည်းငယ်ဖျားခြင်...

  Candida albicans ခေါ် ဖန်းဂပ်စ်မှို ကူးစက်ခံရမှုကို ယိစ်ပိုးဝင်ရောက်ခံရခြင်းဟု ဆိုနိုင်သည်။ ယိစ်မှာ အရေပြား၊ သားမွေးလမ်း ကြောင်းနှင့် ပါးစပ်တွင်းတို့၌ သာမန်အားဖြင့်ရှိနေသော မှိုပိုးတစ်မျိုးဖြစ်သည်။ နေထိုင်မကောင်းခြင်း၊ သွေးချိုဆီးချိုရောဂါ၊ ဆေးဝါးများ သုံးစွဲခြင်း၊ သန္ဓေတားခြင်းနှင့် ပဋိဇီဝဆေးများ သုံးစွဲခြင်းတို့ကြောင့် ယိစ်ပိုးများ အလွန်အကျွံပွားများလာနိုင်သည်။ အများအားဖြင့်...


Advertising






2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar