Print

အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ ( Nonalcoholic fatty liver disea...

  01-Jan-1970
Preview Image

“ အသည်းအဆီဖုံးရောဂါ” လို့ဆိုထားသည့်အတိုင်း အသည်းထဲမှာ အဆီသိုလှောင်မှုများလွန်းသောကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ “အရက်ကြောင့်မဟုတ်သော” ဟု ဆိုထားသော်လည်း  အရက်အနည်းငယ်သာ သောက်သူများရော အရက်လုံး၀ မသောက်သူများအထိ အကျုံးဝင်ပါတယ်။ အသည်းအဆီဖုံးရောဂါက အခုနောက်ပိုင်းမှာ ကမ္ဘာတဝန်း ရောဂါဖြစ်သူဦးရေဟာတိုးတက်များပြားလာပါတယ်။  မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်သော်လည်း အသက် ၄၀ နဲ့ ၅၀ ကြားမှာအဖြစ်များပါတယ်။  အသည်းအဆီဖုံးရောဂါရှိသူဟာ နှလုံးရောဂါ၊ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါစသောရောဂါများဖြစ်နိုင်နှုန်းပိုများပါတယ်။ 


အသည်းအဆီဖုံးရောဂါရှိသူတွေမှာ အောက်ပါလက္ခဏာများကို တွေ့ရတတ်ပါတယ်။ 

) ၁ အသည်းကြီးနေခြင်း 

၂) ပင်ပန်းလွယ်ခြင်း

၃) လက်ယာဖက် အပေါ်ခြမ်း ဝမ်းဗိုက်နေရာနာတတ်ခြင်း

၄) ရေဖျင်းစွဲခြင်း

၅) အမျိုးသားများတွင် ရင်သားကြီးလာခြင်း

၆) လက်ဖဝါးများ ပုံမှန်မဟုတ်ပဲ နီရဲခြင်း

၇) မျက်လုံးနှင့်အသားများ ဝါလာခြင်းတို့ဖြစ်ပါတယ် ။

 အထက်ပါရောဂါလက္ခဏာများကိုတွေ့နေပြီ ဆိုရင်တော့ ဆရာဝန်ဆီ သွားပြရမှာဖြစ်ပါတယ်။

 အသက်ကြီးသူတွေ ၊ ဆီးချိုရောဂါရှိသူတွေ ၊ ဝမ်းဗိုက်အဆီများသူတွေဟာ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ 

အသည်းအဆီဖုံးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အသည်းရောင်ခြင်း ၊ အသည်းခြောက်ခြင်း ၊ အသည်းခြောက်ခြင်းမှတဆင့် အသည်းကင်ဆာဖြစ်ခြင်း အထိဖြစ်စေနိုင်ပါတယ်။ 


အသည်းအဆီဖုံးရောဂါကို ဘယ်လို ကာကွယ်ကြမလဲ ????

(၁) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ကိုသာစားပါ။ 

-ကျန်းမာရေးနဲ့ညီညွတ်သောအစားအသောက်ဆိုတာ အပင်ကနေရတဲ့ဟင်းသီးဟင်းရွက်တွေ ၊ အသီးအနှံတွေနဲ့ ကျန်းမာရေးနှင့် ညီညွတ်သော ဆီ ( polyunsaturated fatty acid) တွေကိုဆိုလိုပါတယ်။ 


(၂) ကျန်းမာသောကိုယ်အလေးချိန်ရအောင်ထိန်းပါ။ 

    - အကယ်၍သင်ဟာ အဝလွန်နေသောသူတစ်ယောက်ဖြစ်နေပြီဆိုရင်တော့  သင် နေ့စဉ်စားနေတဲ့ ကယ်လိုရီပမာဏ ကို လျှော့ချပြီး လေ့ကျင့်ခန်းကို များများလုပ်ပေးရမှာဖြစ်ပါတယ်။ 

    - အကယ်၍ သင့် ကိုယ်အလေးချိန်က အနေတော်ရှိပြီးသားဆိုရင်တော့ ကျန်းမာရေးလေ့ကျင့်ခန်းလေးတွေကို ပုံမှန်ဆက်လုပ်ပေးရမှာဖြစ်ပါတယ်။ 


(၃) လေ့ကျင့်ခန်းလုပ်ပါ။

    - လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ သင့်ရဲ့ ကျန်းမာရေး အတွက် လွန်စွာအထောက်အကူဖြစ်စေပါတယ်။ 


(၄) ဆီးချို ၊ သွေးချို ရောဂါရှိသူ ဆိုရင် ရောဂါကိုသေချာ ထိန်းသိမ်းပါ။

 

(၅)  သွေးတွင်း ကိုလက်စ်ထရော ( cholesterol ) ပမာဏကို နဲအောင်ထိန်းပေးပါ။

    - ဟင်းသီးဟင်းရွက်များစားသုံးခြင်း ၊  လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ တရားထိုင်ခြင်း စတာတွေက သွေးကြောထဲက မကောင်းတဲ့ ကိုလက်စ်ထရော ပမာဏကိုလျော့ကျစေပါတယ်။ 


(၆) သင့် အသည်းကို ကာကွယ်ပါ 

    - မလိုအပ်တဲ့စိတ်ဖိစည်းမှုများကို ရှောင်ပါ။ အရက် ဘီယာ သောက်စားခြင်းကို ရှောင်ပါ။ ဆေးဝါးများကို မိမိသဘောနဲ့မိမိ လျောက် မသောက်ပါနဲ့။ 


အသည်းအဆီဖုံးရောဂါဟာ ယနေ့ခေတ် မြန်မာပြည်သူ ပြည်သားတွေကြား အဖြစ်များနေတဲ့ ရောဂါတစ်မျိုးဖြစ်လာပါပြီ။ ဒါ့ကြောင့် မိမိတို့ရဲ့ အသည်းလေး မထိခိုက်စေရအောင် ဖော်ပြထားတဲ့နည်းလမ်းလေးတွေနဲ့ ကာကွယ်ထားခြင်းဖြင့် အသည်းအဆီဖုံးရောဂါမဖြစ်အောင် ဂရုစိုက်ကြပါစို့လားရှင်။      ။


Credit : Dr.Khin




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18