Print

ကလေးများတွင် အဖြစ်များသော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း

  27-Mar-2018
Preview Image

၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ငါးနှစ်အောက်ကလေးငယ် သေဆုံးမှုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒုတိယအများဆုံး သေဆုံးရပြီးနှစ်စဉ်ကလေးငယ်ပေါင်းငါးသိန်းကျော်ကို အသက်ဆုံးရှုံးစေပါတယ်။


ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြောင်း သတ်မှတ်ချက်

ကလေးတစ်ယောက်ဟာ သာမန်ဝမ်းသွားနေကျ အကြိမ်ရေထက် ပိုသွားရင်(ဒါမှမဟုတ်)ဝမ်းပျော့ပျော့တစ်နေ့ 3 ကြိမ် ထက်ပိုသွားရင် (ဒါမှမဟုတ်)သွားနေတဲ့ဝမ်းဟာအရည်ချည်းပဲဖြစ်မယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီလို့သတ်မှတ်ပါတယ်။


ဖြစ်ပွားရသည့် အကြောင်းအရင်း

ဝမ်းပျက်ဝမ်းလျှောရောဂါအများဆုံးဖြစ်ရတဲ့အကြောင်းအရင်းက ဗိုင်းရပ်စ်းပိုး၊ ဘက်တီးရီးယားပိုး၊ ကပ်ပါးပိုးမွှားစတဲ့ကူးစက်ရောဂါပိုးတွေကြောင့် ြဖ်စပါတယ်။


ဝမ်းလျှောခြင်းအမျိုးအစား

ဝမ်းလျှောပုံအမျိုးအစားတွေကတော့ ရေလိုမျိုး အရည်ကျဲကျဲဝမ်းသွားတာ၊ဝမ်းကိုက်တာနဲ့ ရက်ရှည်ဝမ်းလျောတာတွေပဲ ဖြစ်ပါတယ်။


(၁)ရေကဲ့သို့အရည်ကျဲကျဲသွားခြင်း

ရေဓာတ်၊ဆားဓာတ်တွေ အလျင်အမြန်ဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်ခြင်း (dehytdration)ဖြစ်ပြီး နုံးခွေသွားနိုင်ပါတယ်။မကုသဘဲအချိန်ကြာသွားရင်ခန္ဓာကိုယ်အနှံ့ သွေးလှည့်လည်စီးဆင်းမှု ပျက်စီးပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။အဓိကဖြစ်ရတဲ့အကြောင်းကတော့ ရိုးတာဗိုင်းရပ်စ်၊E.coli ဘက်တီးရီးယား၊ကာလဝမ်းရောဂါ ဘက်တီးရီယားတို့ကြောင့် ဖြစ်တာပါ။


(၂)ဝမ်းကိုက်ခြင်း

ဝမ်းထဲမှာ သွေးပါတာမျိုးပါ။အူနံရံတွေ ပျက်စီးတာ၊ အာဟာရချို့တာနဲ့ သက်ဆိုင်ပါတယ်။Shigella လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးနဲ့ အမီးဘားလို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့် အဓိကဖြစ်ရတာပါ။


(၃)ရက်ရှည်ဝမ်းလျှောခြင်း

အနည်းဆုံး ၁၄ရက် ဆက်တိုက်ဝမ်းသွားတာမျိုးပါ။အာဟာရချို့တဲ့တဲံ ကလေးငယ်တွေ၊AIDSရောဂါပိုးရှိတဲ့ ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ကမ္ဘာပေါ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရတဲ့ ငါးနှစ်နောက် ကလေးငယ်အားလုံးရဲ့ ၄၀ ရာခိုင်နူန်းခန့်က ရိုတာဗိုင်းရပ်စ် (Rota Virus)ကြောင့် ဖြစ်ရတာပါ။


ကူးစက်မှုအပိုင်း

မစင်က ပါးစပ်ထဲကို ဝင်ရောက်တာကြောင့် ကူးစက်မှုဖြစ်စေပါတယ်။


ရောဂါကုသမှုအပိုင်း

(၁) (Oral Rehydration Salt (or) ဓာတ်ဆားရည် 

ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ရင် အရည်ဓာတ်ခန်းခြောက်မှုကို ကုသဖို့က အရမ်းအရေးကြီးပါတယ်။ရေဓာတ်အလွန်ခန်းခြောက်နေတဲ့ ကလေး၊အလွန် အန်နေတဲ့ ကလေးငယ်တွေကိုတော့ အကြောဆေးရည်သွင်းပေးရပါမယ်။


(၂)Zinc

ဝမ်းလျှောနေချိန်မှာ Zinc ကို ၁၀ ရက်ကနေ ၁၄ ရက်အထိ သောက်သုံးတာကြောင့် ရောဂါရဲ့ ကြာချိန်နဲ့ ပြင်းထန်မှုတွေကို လျှော့ချနိုင်တာကို တွေ့ရပါတယ်။


( ၃) အစားအစာ ဆက်ကျွေးပါ။

ခြောက်လအောက် ကလေးတွေမှာ ဓာတ်ဆားရည်  ဒါမှမဟုတ် မိခင်နို့တိုက်ဖို့လိုပါတယ်။ကလေးတွေမှာ ရေဓာတ်ခန်းခြောက်တာ အရမ်းမြန်တဲ့အတွက် ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ကို အထူးဂရုစိုက်သင့်ပါတယ်။ဒါကြောင့် ဝမ်းပျက်နေချိန်မှာ ကလေးငယ်ကို နို့ဆက်ပြီး တိုက်ဖို့နဲ့ အစာကို ပုံမှန်အတိုင်းဆက်ကျွေးဖို့လိုပါတယ်။


ရေဓာတ်ဆုံးရှုံးမှု လက္ခဏာ

ကလေးကို ရေတိုုက်လို့ အငမ်းမရသောက်နေတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးနေတာ သေချာပါတယ်။ရေတိုက်လို့မသောက်နိုင်ဘဲ မျက်တွင်းက ချိုင့်ပြီးတက်တာ ဒါမှမဟုတ် နုံးနေတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးပြီး အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားရောက်ဖို့လိုပါတယ်။ပြင်ပကနေ ရေဓာတ်၊ဆားဓာတ် ပြန်မဖြည့်တင်းပေးနိုင်ခဲ့ရင် နောက်ဆုံးမှာ သွေးလည်ပတ်ဖို့ လိုအပ်တဲ့ ရေထုပမာဏမရှိတော့ဘဲ သွေးပေါင်ချိန် ကျပြီး သွေးလန့်ခြင်း (Shock) ဖြစ်ကာ အသက်သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။


ဆေးရုံသို့ အမြန်ဆုံးပြသသင့်

ဆက်တိုုက်အန်နေရင်၊ဆက်တိုက်ဝမ်းသွားနေရင်၊ရေအရမ်းငတ်နေရင်၊ရေငတ်နေပေမယ့်လည်း ရေမသောက်နိုင်တော့ရင်၊ ပျော့ခွေသတိလစ်နေရင်၊တက်ရင်၊ဝမ်းသွားရင်းသွေးပါရင်၊ကိုယ်ပူပြင်းရင်၊ဝမ်းပျက်ဝမ်းလျှောတာက သာမန်ထက်ပိုဆိုးလာရင် ဒါမှမဟုတ် နှစ်ပတ်ထက်ပိုကြာရင် နီးစပ်ရာ ဆေးရုံးဆေးခန်းသို့ အမြန်ဆုံးသွားသင့်ပြီး ထိရောက်တဲ့ ကုသမှုခံယူဖို့ လိုပါတယ်။


ရောဂါဖြစ်နေစဉ်ရှောင်ရန် ဆောင်ရန်များ

ယိုးဒယားသီးစုံဓာတ်ဆားရည်ဟာ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ရင်သောက်တဲ့ ဓာတ်ဆားရည် မဟုတ်ပါဘူး။ဘူးဖျော်ရည်၊ပုလင်းဖျော်ရည်တို့ကို လုံးဝရှောက်ကြဉ်သင်ပြီး သန့်ရှင်းမှုမရှိတဲ့ အစားအစာ၊ယင်နားလွယ်တဲ့အစာ၊ အချဉ်အစပ်တို့ကို လုံးဝရှောင်ကျဉ်ဖို့ လိုပါတယ်။


ကာကွယ်ရေးအပိုင်း

ရေသန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက အဓိကအရေးကြီးပါတယ်။သန့်လေးသန့်ဖြစ်တဲ့သန့်ှရှင်းရေးအတွက် ရေကိ သေချာစွာကျိုချက်သောက်ပါ။စိတ်ချရတဲ့ ရေသန့်ကို သောက်ပါ။အိမ်သာ သန့်ရှင်းရေး အတွက် အိမ်တိုင်း ယင်လုံးအိမ်သာကို သုံးစွဲပါ။လက်သန့်ရှင်းရေးအတွက် အစားအစားမီတိုင်း ၊ ရေအိမ်ဝင်ပြီးတိုင်း၊ကလေးကို သန့်ရှင်းရေး လုပ်ပေးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။အစာသန့်ရှင်းရေးအတွက် အစားအစာတွေကို ယင်းမနားအောင် သေချာဆေးပါ။ အစားသန့်ရှင်းရေးအတွက်  အစားအစာတွေကို ယင်မနားအောင် သေချာစွာ ဖုံးအုပ်ပါ။ယင်နားစာများကို မစားသုံးသင့်ပါဘူး။အသားငါးတွေကိုသေချာကျက်အောင်ချက်ပြုတ်ပြီးမှ စားရပါမယ်။


ကလေးငယ်တွေကို မွေးကင်းစကနေ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရပြီး အသက်နှစ်နှစ်အထိ  မိခင်နို့ကို ဖြည့်စွက်စာနဲ့အတူတိုုက်ကျွေးတာက ကူးစက်ရောဂါတွေဖြစ်ပွားတာကို လျှော့ချပေးပြီး ဖြစ်ခဲ့ရင်လည်း ရောဂါပြင်းထန်မှုမရှိအောင် လျှော့ချပေးပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကိုဖြစ်စေတဲ့ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို တိုက်ကျွေးရပါမယ်။


Credit : သဇင်ဖြူဖြူထွေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18