Print

မျက်စိ၌နီခြင်း ငါးမျိုး

  27-Apr-2017
Preview Image

မျက်စိနီတိုင်း မျက်စိနာမဟုတ်ပါဘူး။ မျက်စိနီစေတတ်သော အဓိကရောဂါ (၅) မျိုး ရှိသည့်အနက် အရေးပေါ်ဆေးကုသရန် လိုအပ်သည့်ရောဂါများ ရှိပါသည်။ ယင်းရောဂါမျိုးများကို ရိုးရိုးမျက်စိနာထင်ပြီး ပေါ့ပေါ့တန်တန်ထားခဲ့ကြ၍ မျက်စိကွယ်ခဲ့ရသူတွေများခဲ့ပြီ။ ထို့ကြောင့် မျက်စိနီခြင်းသည် အရေးပေါ်ဆေးကုသမှု လိုအပ်သောရောဂါကြောင့် ဟုတ်၊ မဟုတ် သိထားကြရန် လိုပါသည်။ မျက်စိနီရခြင်းအကြောင်းတို့မှာ -


(၁) မျက်စိနာရောဂါ (Conjunctivitis)

(၂) မျက်မြှေးအောက်သွေးခြည်ဥရောဂါ (Subconjunctival Haemorrhage)

(၃) မျက်ကြည်လွှာအနာရောဂါ (Corneal Ulcer)

(၄) မျက်စိအတွင်းရောင်ရောဂါ (Anterior Uveitis)

(၅) ထောင့်ကျဉ်းရေတိမ်ရောဂါ (Angle Closure Glaucoma ACG)


 မျက်စိနှစ်ဖက်စလုံး တစ်ပြိုင်နက်ဖြစ်တတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကူးစက်နိုင်သော ရောဂါဖြစ်ပါသည်။ Bacteria, Vrius စသည့် ရောဂါပိုးတစ်ခုုခုကြောင့် ဖြစ်တတ်သည်။ အမြင်အာရုံ ကျဆင်းခြင်း မရှိပါ။ သွေးတိုးရောဂါရှိသူ၊ သွေးမတိတ်သည့်ရောဂါရှိသူ၊ သွေးထွက်လွန်ရောဂါရှိသူတွေမှာ ပိုဖြစ်တတ်ပါသည်။ ညအိပ်ချိန် မျက်စိယားပြီး ပွတ်တိုက်မိလျှင်သော်လည်းကောင်း၊ မျက်စိထိခိုက်မိလျှင် သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ ဦးခေါင်းထိခိုက် ဒဏ်ရာရသူတို့တွင်လည်း ဖြစ်တတ်ပါသည်။ အမြင်အာရုံကျဆင်းခြင်းမရှိပါ။  


မျက်ကြည်လွှာထိခိုက်ဒဏ်ရာတစ်ခုခုမှ အစပြုတတ်ပါသည်။ တောင်သူလယ်သမားများတွင် စပါးနှံ ခတ်မိခြင်း၊ ရွှံ့ဝင်ခြင်းတို့မှ စဖြစ်တတ်ပါတယ်။ အလုပ်သမားများတွင် သံတိုသံစဝင်ခြင်း၊ ရွှံ့၊ သဲ၊ ဖုန်မှုန့်ဝင်ခြင်းတို့မှ စဖြစ်တတ်ပါသည်။ ယင်းဒဏ်ရာကစ၍ ရောဂါပိုးများဖြစ်သည့်  Bacteria, Fungus, Virus စသည်တို့ဝင်ကာ မျက်ကြည်လွှာအနာကို ဖြစ်စေပါသည်။ ရောဂါလက္ခဏာများမှ မျက်စိနီခြင်း၊ မျက်ရည်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပါသည်။ ရောဂါအမျိုးအစားကိုလိုက်၍ ရောဂါပြင်းထန်မှုကို ဖြစ်စေကာ သေချာကုသမှုမခံပါက  မျက်စိကို (၂) ပတ် အတွင်းလောက်မှာပင် ကွယ်သွားနိုင်သော ရောဂါများဖြစ်ပါသည်။


ထောင့်ကျဉ်းရေတိမ်ရောဂါ

အသက် ၄၀ ကျော် ၅၀ အရွယ်တွင် ဖြစ်တတ်သည်။ ယောကျ်ားထက် မိန်းမများတွင် ပိုဖြစ်သည်။ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းတို့ ပြင်းထန်စွာခံစားရပြီး ဆေးကုသမှု မခံယူပါက ၂ ရက်၊ ၃ ရက်အတွင်း အမြင်အာရုံ အထူးကျဆင်းသွားစေသော  ရောဂါဖြစ်ပါသည်။ အမေ၊ အဖေ၊ အစ်ကို၊ အစ်မ ရေတိမ်ရှိခဲ့လျှင် ဖြစ်နိုင်ခြေပိုရှိသဖြင့် ပို၍သတိထားသင့်ပါသည်။ ထို့သို့ ရောဂါလက္ခဏာဖြစ်လာပါက  မျက်စိကုဌာနရှိရာသို့ ချက်ချင်းသွားရောက် ကုသမှုခံယူသင့်ပါသည်။ ထောင်ကျဉ်းရေတိမ် တစ်ဖက်တွင်ဖြစ်ပါက နောက်တစ်ဖက်တွင်လည်း ဖြစ်နိုင်ခြေရှိပါသဖြင့် လေဆာရောင်ခြည်ဖြင့် အပေါက်ကလေးဖောက်၍ ကြိုတင်ကာကွယ်နိုင်ပါသည်။


မျက်စိအတွင်းရောင်ရောဂါ

ကလေး၊ လူကြီး မည်သူမဆို ဖြစ်တတ်ပါသည်။ လည်ပင်း၊ ခါးအရိုးအဆစ်ရောဂါ (Ankylosing Spondylitis) ရှိသူ၊ (Rheumatoid Arthritis) ရောဂါရှိသူ၊ တီဘီ၊ အနာကြီးရောဂါ၊ ကိုယ်ခံအားကျရောဂါ စသည့်ရောဂါ တစ်ခုခုရှိသူတို့တွင် ပိုဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာမှာ မျက်စိနီခြင်း၊ မျက်စိအနည်းငယ်ကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိရုတ်တရက် မှုန်သွားခြင်း တို့မှစပြီး ဆေးကုသမှုမခံယူပါက ၂ ပတ်၊ ၃ ပတ်အတွင်း မျက်စိကွယ်စေနိုင်သော ရောဂါဖြစ်ပါသည်။ ယင်းလက္ခဏာများဖြစ်ပါက မျက်စိဌာနတွင် သွားရောက်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ 


Credit : ပါမောက္ခဦးကံညွန့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18