Print

တန်ဖိုးရှိဟင်းကောင်းတစ်ခွက် ကန်စွန်းရွက်

  30-Oct-2016
Preview Image

စားလို့လည်းကောင်း လူကြိုက်လည်း များကြတဲ့ အရွက်တစ်မျိုးကို ပြပါဆိုရင် ပထမဆုံး သတိရစေမိတာကတော့ ကန်စွန်းရွက် ပဲ ဖြစ်မှာပါ။ ခုလိုမိုးရာသီဆို ရေ ဓာတ်ပြည့်ဝပြီး အရွက်ကားကား အရိုးပွပွမို့ ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့တဲ့ ဟင်းကောင်းတစ်ခွက်ဖြစ်ခဲ့ တာပါ။

ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်းစသဖြင့် ကန်စွန်းရွက် ကို ပင်တိုင်စံဟင်းဖြစ်ခဲ့ရုံမျှမက ရိုးနီကန်စွန်းမှာ လည်း မန်ကျည်းမှည့်လေးနဲ့ ထန်းလျက်လေးနဲ့ ရောပြုတ်ကာ ခံတွင်းမြိန်စာ တို့စရာကောင်း တစ်ခွက်ပဲ ဖြစ်ပါတယ်။

ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် ြ၁၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင် တာကြောင့် သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုးပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။

ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံးသဘာဝဆေးတစ်လက်လိုမျိုး အသုံးဝင် ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မော ကျအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန်ကြာကြာအိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှုအရည်အသွေးကို ပြည့်ဝ စေတာကြောင့် နိုး ထလာတဲ့အခါ လန်းဆန်းစေ နိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ်။

ကန်စွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင် တာကြောင့် အစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှု ကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်စွန်းရွက်ကို စားပြီးချိန်မှာ အူထဲရှိ အက်စစ် ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်း ကြောင်း အထောက်အကူပြု ဘက်တီးရီးယား မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အတွက် ကင် ဆာတားဆီးပေးတဲ့ အာနိသင် ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေး အဖြစ် ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက ယုံကြည်ကြသလို ကိုယ်အလေးချိန် လျှော့ချလို သူတွေအတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ် တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြားအစား အသောက်တွေနေရာမှာ အစားထိုးစားသင့်တဲ့ အစာပဲဖြစ်ပါတယ်။ ကန်စွန်းရွက်မှာ အလေးချိန် တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီ ယမ်ပါဝင်မှုက ၁၂ ဆပိုများ ကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။

(၄) သွေးဖိအားကို ထိန်းပေးပါတယ်။

သွေးတိုးနေသူတွေမှာ ကန်စွန်းရွက်ကို စားပေး ရင် သွေးဖိအားလျော့ကျစေပါတယ်။ အမျှင် သတ္တိများသောကြောင့် ကန်စွန်း ရွက်ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေး အတွက်အရေးပါသော ဟင်းရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ကောင်းမွန်စေပါတယ်။

ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ပါ ဝင်တာကြောင့် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာ ကွယ်ပေးနိုင်သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။

(၆) ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

ကန်စွန်းရွက်ကို သုပ်ပြီးစားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာနဲ့ လြေ>ွပန်ရောင်ရမ်းတာတွေကို သက်သာ စေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ် အများအပြား ပါဝင်ကာ အဆိပ်တားအာနိသင်၊ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်၊ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင် တွေကို ရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ထိန်းချုပ် ပေးနိုင်စွမ်းရှိပါတယ်။

အမျှင်များသောကြောင့် သွေးတွင်းမလို လားအပ်သော အဆီကိုသာမက သကြားဓာတ် တို့ကိုပါ ထိန်းညှိပေးနိုင်သောကြောင့် သွေးချို ရောဂါမရှိသူများကို ကာကွယ်ပေးနို င်သလို ရောဂါသည်များအတွက်တော့ သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်စွမ်းရှိပါသည်။

(၈) အဆိပ်ပြေစေပါတယ်။

ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ ဆေး တစ်လက်လို အသုံးပြုကြပါတယ်။ အစားမှားတာ ကြောင့်အော့အန်တဲ့ ဝေဒနာတွေကို သက်သာ စေတယ်လို့ ယုံကြည်ကြပါ တယ်။ ကန်စွန်း ရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာ ကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူး သဖြင့် ကင်ဆာရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် ြ၁၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရို တင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာ ကြောင့် သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ် နိုင်တဲ့ အရွက်တစ်မျိုးပဲဖြစ်ပါတယ်။

ကန်စွန်းရွက်ရဲ့ အခြားသောအကျိုးကျေးဇူး တွေကတော့ …

- ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။

- ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။

-ဗောက်ထတာနဲ့ အရေပြားပြဿနာ တွေအတွက် အသုံးဝင်ပါတယ်။

-အနာတွေကိုသက်သာစေပါတယ်။

- နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေ ကို ကောင်းမွန်စေပါတယ်။

အကျိုးကျေးဇူးလည်း များစားလို့လည်း ကောင်းပြီး စျေးနှုန်းပါ သင့်တင့်သော အဖိုးတန် အစားအစာဖြစ်သော ကန်စွန်းရွက်ကို နေ့တိုင်း ကန်စွန်းချည်းပဲဟု အငြင်းမ ဖက်တော့ပဲ စားသုံးရင်း ကျန်းမာကြပါစေ။

 

မေတ္တာဖြင့်

Dr Zarni Win

Ref; Irrawady News Blog

October 23rd, 2015 admin



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18