Print

နေမကောင်းသောကလေးများကို အိမ်တွင်ပြုစုစောင့်ရှောက်ခြင်း

  22-Nov-2018
Preview Image

အဓိကသတင်းစကားများ
ကလေးများကိုယ်ပူခြင်း (သို့) အန်ခြင်း (သို့) ဝမ်းသွားခြင်းကြောင့် ခန္ဓာကိုယ်တွင် အရည်ဓာတ်လျော့နည်းသွားသဖြင့် အရည်ပိုတိုက်ရန်လိုပါသည်။ အစာပုံမှန်ကျွေးနေခြင်း
ဖြင့် ကိုယ်ခံအားကောင်းပြီး မြန်မြန်နေကောင်းစေပါသည်။ မိခင်နို့တိုက်နေသော ကလေးများအား မိခင်နို့ပိုတိုက်ရပါမည်။ ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ လတ်ဆတ်သော သစ်သီးဖျော်ရည်၊ နို့များတိုက်ကျွေးနိုင် ပါသည်။ ကလေးအန်ပါက ခဏနား၍ နည်းနည်းချင်းပြန်တိုက်ပေးပါ။ ကျွေးနေကျ အစားအစာများကို ပုံမှန်ဆက်၍ကျွေးပေးပါ။ ကလေးအတွက် ပျော့ပျောင်း နူးညံ့သော အစာများဖြစ်ရပါမည်။နောက်ဆက်တွဲပြဿသနာများမဝင်နိုင်ရန် နာလန်ထချိန်တွင် အနည်းဆုံး တစ်ပတ်ခန့် စားနေကျထက် တစ်နပ်ပိုကျွေးပါ။

Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
(ရပ်ရွာအဆင့်)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18