Print

ကွန်ဒုံးသုံးခြင်းဆိုင်ရာ သိကောင်းစရာများ

  26-Jan-2019
Preview Image

- ရက်လွန်ကွန်ဒုံး သုံးစွဲခြင်းမှ ရှောင်ရှားခြင်း၊ ကွန်ဒုံးတိုင်းတွင် ရက်လွန်နေ့စွဲကို ရိုက်နှိပ်ထားပါတယ်။ ကွန်ဒုံးမသုံးမီ စစ်ဆေးရန်လိုပါသည်။ ရက်လွန်နေပြီဖြစ်ပါ ၎င်းကွန်ဒုံးအား မသုံးစွဲရပါ။

- ရက်မလွန်သေးသော်လည်း ကွန်ဒုံးပါကင် ပေါက်ပြဲသွားသော် မသုံးရပါ။ ကွန်ဒုံးပါကင် အိတ်လေးကို လက်နှင့်ဖျစ်ကြည့်ပါက ပါကင်အိတ်လေးအတွင်းမှလေသည် အပြင်သို့ ထွက်မလာရပါ။ ကွန်ဒုံးပါကင် ပေါက်ပြဲနေပါက ကွန်ဒုံးကို မသုံးရပါ။

- ကွန်ဒုံးပါကငါအတွင်း၌ လွတ်လပ်စွာ ရွေ့လျားနိုင်ရပါမယ်။ ကွန်ဒုံးအသားနှင့် ပါကင်အိတ်အသားတို့ တွယ်ဆက်ငြိသွားပါက ကွန်ဒုံးအသားသည် ဆွေးမြေ့ပြီဟု ယူဆရပါသည်။

- ကွန်ဒုံးထိပ်ကလေးသည် အမျိုးသားသုက်ရည်ထွက်သည့်အခါ သုက်ရည်နေရန် နေရာဖြစ်ပါသည်။ ၎င်းနေရာကို လေမခိုအောင် လက်နှစ်ညှစ်၍ ကွန်ဒုံးကို ကျားလိင်တံသို့ စွပ်ရပါမယ်။ သို့မဟုတ်ပါက ကွန်ဒုံးပေါက်နိုင်ပါသည်။

- ကာမဆက်ဆံမှုသည် နာရီဝက်ထက် ပို၍ကြာမြင့်သော် ကွန်ဒုံးသည် ပွတ်တိုက်မှုများ၍ ပေါက်ပြဲနိုင်ပါသည်။ နာရီဝက်အထိ ကာမဆက်ဆံပြီးသော် ဆက်လက်ဆက်ဆံလိုပါက လိင်တံမှ ကွန်ဒုံးကို ခေတ္တချွတ်၍ ကွန်ဒုံးအသစ်ကို လှဲသင့်ပါတယ်။

- ကွန်ဒုံးသည် မိန်းမကိုယ်အတွင်း၌ ချောမွေ့စွာလှုပ်ရှားနိုင်ရန် ကွန်ဒုံး၌အဆီပါပြီးဖြစ်ပါသည်။ ကွန်ဒုံးစွပ်ပြီးလျှင် စွပ်ပြီးပြီးချင်း ကာမဆက်ဆံရန်လိုပါသည်။ ချက်ချင်း ကာမဆက်ဆံခြင်းမပြုဘဲ မိန်းကလေးကိုယ်နှင့် ကွန်ဒုံးစွပ်ထားသော လိင်တံကို ကိုင်တွယ်နေပါက ကွန်ဒုံး၌ သုတ်လိမ်းထားသော အဆီများသည် မိန်းကလေး၏ လက်ကို ပေကျံသွားပါမယ်။ အဲဒီအခါ ကွန်ဒုံးသည် ခြောက်သွေ့သွားပါမယ်။ ကွန်ဒုံးဟာ လိင်ဆက်ဆံစဉ် ပေါက်ပြဲသွားနိုင်ပါတယ်။

- ကွန်ဒုံးကို မူလပါသော အဆီအိတ်ထက် ပိုမိုစွတ်စိုလိုပါက ကွန်ဒုံးသုတ်လိမ်းရန်အတွက် အထူးဖော်စပ်ထားသော Gel ကိုသာ သုတ်လိမ်းရပါမယ်။ ခေါင်းလိမ်းဆီမျိုးစုံ၊ စားသုံးဆီမျိုးစုံ၊ အုန်းဆီ၊ ပဋိဇီဝဆေးမျိုးစုံတို့ကို ကွန်ဒုံးအား မသုတ်လိမ်းရပါ။ ကွန်ဒုံးသုတ်လိမ်းရန် သီးသန့်ထုတ်ထားသော Gel မှအပ အခြားဆီများသည် ကွန်ဒုံးကိုပေါက်ပြဲရန် အားပေးပါမယ်။

- ကွန်ဒုံးပါကင်ကိုဖောက်သော် ကပ်ကြေး၊ ဓား၊ သွားနှင့်ကိုက်ရန်မလိုဘဲ လွှသွားစိတ်သဖွယ် လှိုင်းမှ လွယ်ကူစွာ ဆုတ်ဖြဲနိုင်ပါသည်။

- အချို့က စိုးရိမ်စိတ်နှင့် ကွန်ဒုံးကို နှစ်ထပ်သုံးထပ် စွပ်ကြသည်။ ၎င်း အဲဒီလုပ်ရပ်ဟာ မှားပါတယ်။ ကွန်ဒုံးချင်းပွတ်တိုက်၍ ပိုမိုပေါက်ပြဲနိုင်ပါတယ်။

- အမျိုးသားကွန်ဒုံးကို အမျိုးသမီးကွန်ဒုံးနှင့် တွဲ၍ ပြိုင်တူ မသုံးသင့်ပါဘူး။

- ကွန်ဒုံးဟာ တစ်ခါသုံးသာ ဖြစ်ပါတယ်။

- ကွန်ဒုံးသုံး၍ ကာမဆက်ဆံပြီးသော် လိင်အင်္ဂါချွဲရည်တို့ဟာ ပေကျံနေသော ကွန်ဒုံးအား လက်ဖြင့်တိုက်ရိုက် မကိုင်သင့်ပါ။ စက္ကူ စသည့်ဖြင့်ကိုင်၍ လိင်တံမှ သေချာစွာ ချွတ်ရပါမယ်။

- ကွန်ဒုံးကို စွန့်ပစ်သော် ကလေးများ လက်လှမ်းမီသော နေရာများ၌ မစွန့်သင့်။ သေချာစွာ စိတ်ချရသော နေရာသို့ စွန့်ပစ်ပါရန် (ဥပမာ - အိမ်သာကျင်း ဖြစ်ပါတယ်။)

Ref:
ဒေါက်တာထွန်းဝင်း

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18