Print

Sex နဲ့နုပျိုမှု

  27-Jan-2019
Preview Image


တချို့အတွက် ထူးဆန်းသလို ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သာယာကောင်းမွန်တဲ့ လိင်မှုကိစ္စ ရှိနေခြင်းက သင့်ရဲ့ နုပျိုမှုကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။ တကယ်တော့ ကောင်းမွန်တဲ့ လိင်မှုကိစ္စရှိနေခြင်းက သင့်ရဲ့ အသွင်အပြင်ကို ထိန်းသိမ်းဖို့ အထိရောက်ဆုံး နည်းလမ်းပါပဲ။ လိင်ကိစ္စမှာ ပြည့်စုံကျေနပ်မှုရှိခြင်းကြောင့် စိတ်ဖိအားတွေ ကို လျော့ကျစေသလို အိပ်လို့လဲ ပိုကောင်းစေပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့်ရရှိတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကလည်း သင့်ကို ကောင်းမွန်တဲ့ အနေအထားမှာရှိဖို့ အထောက်အကူဖြစ်စေပါတယ်။


အိုမင်းရင့်ရော်မှုတားဆီးရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ီး ဖြစ်တဲ့ ဒေါက်တာ Eric Braverman က လိင်မှုကိစ္စမှာ တက်တက်ကြွကြွရှိခြင်းကြောင့် ကိုယ့်ကိုယ်ကို ပိုပြီးငယ်ရွယ်သွားစေတယ်လို့ ဆိုပါတယ်။ ရုပ်ပိုင်းအရ တရင်းတနှီးရှိခြင်းက အရေပြားရဲ့ ဗီတာမင် D ထုတ်လုပ်မှုကို တိုးစေပါတယ်။ မကောင်းတဲ့ ခံစားချက်တွေ စိတ်ဖိအားတွေကို လျှော့ချပြီး နောက်လာမယ့် နေ့တွေအတွက် ကောင်းမွန်တဲ့ အတွေးအမြင်တွေကို ဖန်တီးပေးပါတယ်။ လိင်ဆက်ဆံမှုကို ပုံမှန်ပြုလုပ်ခြင်းက ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားကိုလည်း တိုးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ အမေရိကန်နိုင်ငံ Cleveland Clinic မှ ဒေါက်တာ Michael Roizen က သူရဲ့ ဆေးခန်းမှာလေ့လာတွေရှိချက်အရ ကောင်းမွန်တဲ့ လိင်မှုဘဝရှိခြင်းကြောင့် နုပျိုမှုကို ထိန်းထားနိုင်သလို စိတ်တင်းကျပ်မှုတွေကို လျှော့ချနိုင်တယ်၊ စိတ်အပန်းပြေစေနိုင်တယ်။ ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုချိန်အထိတော့ ဒီတွေ့ရှိချက်ကို အထောက်အကူဖြစ်မယ့် သုတေသနတွေ မရှိသေးပါဘူး။

လိင်ကိစ္စနဲ့ သက်ဆိုင်တဲ့ စိတ်ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ကြီးမားတဲ့ သာယာမှုမျိုးကို ခံစားရခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရင်းနှီးမှုတွေကြောင့် ကိုယ်ခန္ဓာမှာ ဓာတုဗေဒ တုန့်ပြန်မှုတွေ ဖြစ်လာပါတယ်။ အမျိုးသမီးတွေမှာ ကြီးထွားဟော်မုန်း (growth hormone) ကို ထုတ်ပေးပြီး အမျိုးသားတွေမှာတော့ အိပ်လို့ ပိုကောင်းစေသလို testosterone ဟော်မုန်းကိုတိုးစေပါတယ်။ Dr. David Week က သူ့ရဲ့ အလွန်နုပျိုမှုရဲ့ လျှို့ဝှက်ချက်များ (Secrets of the Super young) ဆိုတဲ့စာအုပ်မှာ နုပျိုဖို့အတွက် အရေးပါတဲ့ အချက်တွေထဲက အဓိကတစ်ခုကတော့ တက်ကြွကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ထိန်းသိမ်းထားဖို့ပါပဲလို့ ဆိုပါတယ်။

 

အသက် ၃ဝ ကနေ ၁ဝ၁ နှစ်ကြားမှာရှိတဲ့ လူ ၃၅ဝဝ ကို လေ့လာစစ်တမ်း ကောက်ယူမှုတစ်ခုရဲ့ ရလဒ်ကလဲ သူ့အမြင်ကို ထောက်ခံပါတယ်။ အဲဒီလေ့လာမှုအရတစ်ပတ်မှာ အနည်းဆုံး ၃ ကြိမ် လိင်ဆက်ဆံသူတစ်ဦးဟာ တစ်ပတ် ကို ၂ ကြိမ်သာ လိင်ဆက်ဆံသူထက် ၁ဝ နှစ်စာလောက်ပိုပြီး နုပျိုတယ်လို့ သိရပါတယ်။ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝရှိနေခြင်းက ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်လို့လဲ Dr. David Week ကပြောပါတယ်။ စိတ်ပါလက်ပါမရှိတဲ့ လိင်ဆက်ဆံမှုက စိတ်ညစ်ညူးမှုတွေ၊ စိတ်မလုံခြုံမှုတွေ ဖြစ်စေပြီးတော့ နောက်ဆုံးမှာ နုပျိုမှုတွေ ပျောက်ဆုံးသွားစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေနဲ့ နုပျိုမှုကို ထိန်းသိမ်းတာမျိုးပြီးတဲ့နောက်မှာ လိင်မှုကိစ္စ ဆောင်ရွက်ခြင်းက နုပျိုမှုကြာရှည်စေဖို့ အကောင်းဆုံးနည်းပါပဲ။

အမျိုးသားတွေ ယောက်ျားအင်္ဂါ သန်မာမှုလျော့ကျခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ် လောက် လိင်ဆက်ဆံရင် နောက်ပိုင်းမှာ ယောက်ျားအင်္ဂါ သန်မာမှုလျော့ကျခြင်းဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတယ်ဆိုတာကို ဖင်လန်နိုင်ငံမှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ လိင်ဆက်ဆံမှုကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်မှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ လိင်ဆက်ဆံမှု တစ်လကို တစ်ကြိမ်ထက်နည်းတဲ့ အမျိုးသား တစ်ယောက်ဟာ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ် လိင်ဆက်ဆံတဲ့ အမျိုးသား တစ်ယောက်ထက်စာရင် အရွယ်မတိုင်မီ သေဆုံးနိုင်တဲ့ အန္တရာယ် ၂ ဆပိုများတယ်လို့ သိရပါတယ်။ လိင်ဆက်ဆံမှုမှာ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာက အများကြီးပါဝင်တာကြောင့် သင့်ရဲ့ ကြံ့ခိုင်မှုကို ထိန်းထားနိုင်ဖို့လည်း အကူအညီဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ နုပျိုမှု ကြာရှည်ခိုင်မြဲဖို့အတွက် ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထာင်ဖက်နဲ့ ပျော်ရွှင်တဲ့ လိင်မှုဆက်ဆံရေး ရှိနေခြင်းက အစားအသောက်နဲ့ ခက်ခက်ခဲခဲ ကြိုးစားရတာမျိုး၊ ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲရတာမျိုးထက် အများကြီး ရိုးရှင်းလွယ်ကူတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: ဖိုးသူတော်

Credit: Irrawaddy


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18