Print

ငါးစားပေးခြင်းက မိမိရင်သွေးကို ကျန်းမာစေ

  16-Aug-2018
Preview Image

အာဟာရဆိုင်ရာ နောက်ဆုံးပေါ်သုတေသနတစ်ရပ်အရ ငါးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သန္ဓေသားတွေအတွက် အလွန်အမင်းအကျိုးရှိတယ်လို့ သိရပါတယ်။ ငါးဟာ အိုမီဂါ 3 ဖက်တီးအက်ဆစ် ရရှိရာ အဓိကအရင်းအမြစ်ဖြစ်ပြီး ကလေးငယ်ရဲ့ မျက်လုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် သက်စောင့် ကဏ္ဍတစ်ရပ်အနေနဲ့ စွမ်းဆောင်ပေးပါတယ်။ ဦးနှောက်အတွင်းပိုင်းမှာလည်း မာကျူရီကနေ ထွက်ရှိတဲ့ အဆိပ်အက်ဆစ်တွေကို ကာကွယ်ပေးပါတယ်။လူ့ခန္ဓာကိုယ်ဟာ အိုမီဂါ 3 ကို သဘာဝအတိုင်း ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်ပတ်မှာ ငါးကို ၁၂ကြိမ် အနည်းဆုံး စားပေးဖို့လိုပါတယ်။ ဒီသုတေသနရပ်အရ မာကျူရီရဲ့ ဆိုးရွားပြင်းထန်တဲ့ သက်ရောက်မှုကို ငါးစားသုံးပြီး ကာကွယ်နိုင်ကြောင်း ခိုင်လုံတဲ့ အထောက်အထားကို ဖော်ပြပေးနိုင်ခဲ့တယ်လို့ Rochester တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Edwin Van Wijnagarden က ပြောသွားပါတယ်။


Ref:
Skyler



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18