Print

ကိုယ်ဝန်ဆောင်ကာလ အစားအသောက်ပျက်ခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်း ၇ သ...

  18-Jan-2019
Preview Image

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သန္ဓေသားကြီးထွားဖွံဖြိုးဖို့အတွက် အာဟာရဓာတ်များစွာ လိုအပ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အစားပိုစားဖို့ ကိုယ်အလေးချိန်တက်လာဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အစားအသောက်ပိုစားပြီး ကိုယ်အလေးချိန်တက်လာဖို့ဆိုတာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ထင်သလောက် မလွယ်ကူလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ကို်ယ်ဝန်ဆောင် အစောပိုင်းကာလတွေမှာ အမျိုးသမီး တော်တော်များများက အစားအသောက်ပျက်တတ်လို့ပါပဲ။ ကိုယ်ဝန်ဆောင်ကာလမှာ အစားအသောက်ပျက်ပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။


၁။ လတ်ဆတ်လန်းဆန်းစွာနေထိုင်ပါ

ကိုယ်ဝန်ဆောင်ချိန် အစားသောက်ပျက်ခြင်းဟာ များသောအားဖြင့် အနံ့ခံမှုကောင်းမွန်လာတာနဲ့ တချို့သော အစားအစာတွေကို မကြိုက်တော့တာကြောင့်ပါ။ မိမိအိမ်ကို အထူးသဖြင့် မီးဖိုဆောင်ကို သန့်သန့်ရှင်းရှင်းထားခြင်းဖြင့် မလိုအပ်တဲ့ အနံဆိုးတွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ အိမ်ပြတင်းပေါက်တွေ ဖွင့်ထားတာ၊ မိမိနှစ်သက်တဲ့ အနံ့ရှိတဲ့ Air Fresher သုံးတာ စတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။


၂။ အစားကို တစ်ခါစားလျှင် ပမာဏနည်းနည်းပဲစားပါ။

ကိုယ်ဝန်ဆောင်ကာလမှာ အစာစားချင်စိတ်လျော့ကြလာပြီးဆိုရင် တစ်နေ့ကို သုံးခါ ပမာဏများများစားမယ့်အစား ပမာဏနည်းနည်းကို မကြာခဏစားပေးတဲ့ ပုံစံမျိုးကို ပြောင်းလဲကြည့်ပါ။ ဒီလိုမျိုးပြောင်းလဲလိုက်ခြင်းကြောင့် လိုအပ်တဲ့ အာဟာရပမာဏကို ရရှိစေနိုင်သည့်အပြင် ဗိုက်တင်းပြီး မသက်မသာဖြစ်ခြင်းကို ရှောင်လွှဲနိုင်ပါတယ်။


၃။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းက အစာစားခြင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကုန်ခမ်းသွားတဲ့ ကယ်လိုရီတွေကို ပြန်ဖြည့်နိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်းပြီးနောက်မှာ အစာစားခြင်စိတ် ပိုမိုများပြား လာလေ့ရှိပါတယ်။ ဒါကြောင့်မို့လို အစားစားချင်စိတ် လျော့ကျခြင်းအတွက် လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း အဖြေတစ်ခုဖြစ်ပါတယ်။


၄။ သရေစာ စားပေးပါ။

အစာစားချင်စိတ်မရှိခြင်းနဲ့ သရေစာစားခြင်းဟာ ဆန့်ကျင်နေတယ်လို့ထင်ရပေမယ့် လက်တွေ့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာစားပေးခြင်းကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး လိုအပ်တဲ့ အာဟာရတွေကိုလည်း ရရှိစေနိုင်ပါတယ်။ အသားဓာတ်ကြွယ်ဝပြီး ပမာဏမများလွန်းတဲ့ သရေစာတွေကို စားပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်ကာလ မူးဝေအော့အန်ခြင်းကို လျော့ချနိုင်သည့်အပြင် အရေးပါတဲ့ အသားဓာတ်ကိုပါ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။


၅။ ရေများများသောက်ပါ။

ကိုယ်ဝန်ဆောာင်ကာလအတွင်း ဖြစ်တတ်သောပြဿနာများကို ရေများများသောက်ခြင်းက ဖြေရှင်းပေးနိုင်ပါတယ်။ အစားစားခြင်စိတ် မရှိခြင်းကြောင့် ဗိုက်ထဲမှာ အစာမရှိဘဲ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းက အစားစားခြင်စိတ်ကို ပိုပြီးတော့ လျော့ကျစေပါတယ်။ ဒီလိုပြဿနာတွေကို ရေများများသောက်ခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။


၆။ ဂျင်းစားသုံးပေးပါ

ဝမ်းဗိုက်မအီမသာဖြစ်ခြင်း မူးဝေအော့အန်ခြင်းတို့အတွက် ဂျင်းဟာ အကောင်းဆုံးဆေးတစ်မျိုး ဖြစ်ပါတယ်။ ဂျင်းပါဝင်တဲ့ ဖျော်ရည်များ သောက်သုံးခြင်း၊ ဂျင်းနဲ့ပြုလုပ်ထားထဲ့ သရေစာများ စားသုံးပေးခြင်း ဒီလိုပြသနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။


၇။ အစားအသောက်အမျိုးမျိုးကို စမ်းသပ်ပြောင်းလဲ စားကြည့်ပါ။

တစ်ခါတလေမှာ အစားအသောက်ပုံစံတစ်မျိုးထဲကို နေ့စဉ်စားနေရတာကြောင့်လည်း အစားစာချင်စိတ်ကို လျော့နည်းစေပါတယ်။ ဒီလိုအခါမျိုးမှာ မတူညီတဲ့ အစားအစာတွေကို ပြောင်းလဲစားသောက်ပေးခြင်းဖြင့် အစာစားချင် စိတ်လျော့နည်းတဲ့ပြသနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။


Dr.Aung

Ref:ovuline.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18