Print

ကိုယ်ဝန်ဆောင်မိခင်များ Ultrasound ဘာကြောင့်ရိုက်သင့်သလဲ??

  20-Jan-2019
Preview Image

-Ultrasound တယ်လီဗွီးရှင်းဓာတ်မှန် လို့ပြောလိုက်တာနဲ့ မိခင်လောင်းတိုင်းက ကိုယ့်ရင်သွေးလေး ယောကျာ်းလေးလား မိန်းကလေးလား သိချင်စိတ်နဲ့ ရိုက်ကြည့်ချင်ကြတာပါ.


Ultrasound ရိုက်သင့်သော အခြေအနေများ

- ရာသီပေါ်ရက် မမှတ်မိသူများ

- ကိုယ်ဝန် ၁၁ပတ်မှ၁၃ပတ်တွင်း ၁ကြိမ်

- ကိိုယ်ဝန် ၁၈ပတ်မှ၂၁ပတ်တွင်း ၁ကြိမ်

- ၂၀ ပတ် ဝန်းကျင် ရိုက်သော USG တွင် အချင်းအနေထားမမှန်ပါက ကိုယ်ဝန် ၈လ ကျော်တွင် ထပ်ရိုက်ရန်လိုသည်

- လရင့်ကိုယ်ဝန် ကလေးအနေထားမမှန်ပါလျှင်

- ဝလွန်းသောကြောင့် ကလေးအနေထားကောင်းစွာစမ်းသပ်မရ သည့်အခါတွင်

- ကလေး အလှုပ်နည်းပါးလျှင်

- အမြွှာပူး ကိုယ်ဝန်ဆောင်များဖြစ်လျှင်


အခြား အကြောင်းအရာ များစွာရှိသည့်အနက် အကျဉ်းသာဖော်ပြထားပါသည်။

 မိမိနှင့်ပြထားသော ဆရာဝန်/OG မှ လိုအပ်ပါက ညွှန်ကြားသည့်အတိုင်း လိုက်နာသင့်ပါသည်။


USG ရိုက်ခြင်းဖြင့် ဘာတွေသိနိုင်သလဲ

- ကိုယ်ဝန် လ၊ ခန့်မှန်းမွေးရက်ကို ခန့်မှန်းသိရှိနိုင်

- ၁ယောက်ထည်းလား၊ အမြွှာပူး လေးလား

- ကိုယ်ဝန်က ပုံမှန်တိုင်း ရှိရမည့်နေရာ တွင်ရှိ.မရှိ

- ကလေးအနေအထား မှန်.မမှန်

- အချင်းအနေအထား

- သားအိမ်/သားဥအိမ် စသည့်နေရာများတွင် အခြားရောဂါ ရှိ.မရှိ

- ရေမွှာရည် အနည်းအများ

- ကလေး ကျန်းမာရေး ကောင်း.မကောင်း

- မွေးရာပါ ကိုယ်လက်အင်္ဂါ စုံ.မစုံ

- ယောကျာ်းလေး မိန်းကလေးစသည့် အချက် အလက်များစွာ

သိရှိနိုင်သည်။


အကြမ်းဖျဉ်းအားဖြင့် USG ရိုက်ခြင်းဖြင့် မိခင်ရော သန္ဓေသားပါ ကျန်းမာရေးမထိခိုက်နိင်ပါ ။


Ref:

အမျိုးသမီး မိခင်လောင်းများတွက် မှတ်ဖွယ်မှတ်ရာ အဖြာဖြာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18