Print

တုပ်ကွေးရောဂါ

  23-Aug-2018
Preview Image

တုပ်ကွေးဆိုတဲ့အဖျားဟာ တစ်ကိုယ်လုံး ကိုက်ခဲလှတယ်။ အဖျားလည်းတက်တယ်။ ဒါကြောင့် ဒီအဖျားဝင်နေတဲ့သူဟာ မတ်တပ်ရပ် မနေနိုင်ပါဘူး။ အိပ်ရာထဲ လှဲနေရတယ်။ ဆန့်ဆန့်ကြီးလည်း မနေနိုင်ဘူး။ ကွေးကွေးလေး ခြေတွေလက်တွေကို တုပ်တုပ် ကလေး ကွေးအိပ်နေမှ နေသားကျတယ်။ ဒါကြောင့် တုပ်ကွေးလို့ ခေါ်တာဖြစ်မယ်လို့ တွေးမိပါတယ်။

တုပ်ကွေးကို Influenza လို့ခေါ်ပါတယ်။ အရပ်အခေါ် Flu လို့ ခေါ်တာဖြစ်ပါတယ်။ ကိုယ်အပူချိန်တက်ခြင်း၊ ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ မောပန်းနုံးခွေနေခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း စသည်တို့ ဖြစ်ပွား တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီး နှစ်ရီလောက်အကြာမှာ ဒီလိုခံစားရလေ့ရှိပါတယ်။ ကိုက်ခဲမှုဟာ အတော်ပြင်းထန်လေ့ ရှိတတ်ပါတယ်။

အိပ်ရာထဲလှဲနေချိန်ဟာ နှစ်ပတ်လောက်တောင် ကြာတတ်ပါတယ်။ ဒါကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာဆိုရင်လည်း နှစ်ပတ်လောက်တောင် ကြာတတ်ပါတယ်။ တုပ်ကွေးကြောင့် နောက်ဆက်တွဲရောဂါများအဖြစ် အဆုတ်ရောင်ခြင်းများ၊ နှာခေါင်းလေအိပ်များ ရောင်ရမ်းခြင်းများ ဖြစ်တတ်ရုံမက ရောဂါအခံဖြစ်တဲ့ နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချိုရောဂါ စသည်များ ရှိသူတွေဆိုရင် ပိုမိုဆိုးဝါးသွားတတ်ပါတယ်။ 

တုပ်ကွေးသည် ချောင်းဆိုး၊ နှာချေခြင်းတို့မှတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုး များ ပေကျံနေတဲ့နေရာတွေကို ကိုင်မိရာကနေလည်း ကူးစက်တတ်ပါတယ်။ တုပ်ကွေး အဖျားကို သေချာစွာ ကာကွယ်သင့်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကောင်းစွာ အနားယူခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အာဟာရ ပြည့်ဝသော အစားအစာများ စားခြင်းတို့ဖြင့် ကာကွယ်ထားနိုင်ပါတယ်။

တုပ်ကွေးအဖျားဝင်ပြီဆိုရင် ကောင်းစွာ အနားယူသင့်ပါတယ်။ အရည်များများသောက်၊ အာဟာရပြည့်ဝစွာ စားသုံးသင့်ပါတယ်။ အရက်၊ ဆေးလိပ်၊ ကွမ်းစားတာမျိုးတွေ ရှောင်ရပါမယ်။ လူအများ စုဝေးရာ နေရာမျိုးတွေကို ရှောင်ရပါမယ်။ တုပ်ကွေးအဖျားရဲ့ အဓိကအချက်ဖြစ်တဲ့ ကိုယ်လက်ကိုက်ခဲခြင်း၊ အရိုးအဆစ်များ ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အရိုးအဆစ်များ ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း တို့အတွက် သင့်လျော်သော အကိုက်အခဲ ပျောက်ဆေးတစ်မျိုးမျိုး ရွေးချယ်သောက်သုံးသင့်ပါတယ်။ နီးစပ်ရာဆေးခန်းတွင် သွားရောက်ပြသနိုင်သလို အအေးမိ၊ နှာစေး ကိုက်ခဲမှုအတွက် သီးသန့်ထုတ်လုပ်ထားတဲ့မျိုးကို ရွေးချယ်နိုင်ပါတယ်။ 

Credit:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18