Print

တုပ်ကွေးရောဂါ (Influenza)

  22-Sep-2018
Preview Image

မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါဟာ ပြီးခဲ့တဲ့လကတည်း ကအခုထိဖြစ်ပွားဆဲ ရောဂါတစ်ခုပါပဲ၊ တုပ်ကွေး ရောဂါဟာ influenza virus ပိုးကြောင့်ဖြစ်ပြီး A,B,C ဆိုပြီး virus အမျိုးအစား (၃) မျိုးရှိပါတယ်။ ရာသီကို လိုြက်ပီးဖြစ်တာမို ့Seasonal influenza လို့ သတ်မှတ်ပြီး အလွယ်တကူ Flu လို့ပဲခေါ်ပါတယ်။influenza virus A နဲ့ B ဟာ နှစ်စဉ်ပုံမှန် ဖြစ်ပွားတတ်ပြီး ဒေသတွင်းပျံ့နှံ့ကူးစက်တတ်ပါတယ် (Epidemic disease)။ influenza virus C ကတော့ ရံဖန်ရံခါမှသာ နေရာကွက်ပြီး ဖြစ်ပွားတတ်ပါတယ (Sporadic disease)။ 


အဖြစ်အများဆုံးကတော့ Virus A ပါဘဲ ။ Virus A ကို surface proteinပေါ်မူတည်ပြီး အုပ်စုခွဲ (subtype) များထပ်မံခွဲခြားနိုင်ပါတယ်။ surface protein များ ကတော့ Hemagglutinin (H) နဲ့ Neuraminidase (N) တို့ဖြစ်ပြီး (H)မျိုး ကွဲ (၁၆) မျိုးနဲ့ (N) မျိုးကွဲ (၉) မျိုး လောလောဆယ် စမ်းသပ်တွေ့ရှိထားပါတယ်။ Virus A surface protein များဟာ ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်တတ်ပြီး အုပ်စုခွဲမျိုးကွဲများ ဖြစ်ပေါ်လာ တတ်ပါတယ်။ Virus A (H1N1) ဟာလတ်တလော ကမ္ဘာမှာအဖြစ်များဆုံး အုပ်စုခွဲပဲ ဖြစ်ပါတယ်။ 


(ကြက်ငှက်တုပ်ကွေး Avian or Bird Flu ဖြစ်စေ တာကတော့ Virus A (H5N1) ပဲ ဖြစ်ပါတယ်)တုပ်ကွေးဟာ အနောက်နိုင်ငံတွေမှာတော့ Winter & Spring ရာသီတွေမှာဖြစ်ပွားလေ့ရှိပြီး မြန်မာနိုင်ငံမှာတော့ မိုးနှောင်းပိုင်း (August, September) မှာ အဖြစ်များတာ တွေ့ရပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ဟာ ရောဂါပိုး ရှိသူ၏နှာခြေ၊ ချောင်းဆိုးခြင်းကြောင့် အသက်ရှူလမ်းကြောင်း မှတစ်ဆင့် အဓိက ကူးစက်ပြီး ရောဂါပိုး ရှိသူရဲ့ နှာရည်၊ တံတွေးကို တစ်ဆင့်ခံထိတွေ့မိရာမှလည်း ကူးစက် နိုင်စေပါတယ်။ (ဥပမာ - တယ်လီဖုန်း၊ တံခါး လက်ကိုင်၊ ဇွန်းခက်ရင်း)


တုပ်ကွေး ရောဂါ လက္ခဏာဟာ ရောဂါပိုး ထိတွေ့ ဝင်ရောက်ပြီး ၂-၃ ရက် အတွင်း ပေါ်ပေါက်လာတတ်ပါတယ် ။ ရောဂါလက္ခဏာ တွေကတော့

• အဖျားတက်ခြင်း

• ခေါင်း ကိုက်ခြင်း

• ချောင်းဆိုးခြင်း

• လည်ပင်း နာခြင်း

• နှာရည် ကျခြင်း၊ နှာ ပိတ်ခြင်း

• တစ်ကိုယ်လုံး ကိုက်ခဲခြင်း

• နုံးခွေသွားခြင်း

• ကလေးများတွင် ဝမ်းလျှောပြီး အန်တတ်ခြင်း 

တို့ ဖြစ်ပါတယ်။


တုပ်ကွေးရောဂါခံစားရပြီ ဆိုပါက 

• အိမ်မှာ လုံလောက်စွာ အနားယူပါ

• အရည် များများ သောက်ပါ ၊အရက်နဲ့ ဆေးလိပ် ရှောင်ပါ 

• ရောဂါ လက္ခဏာ သက်သာ စေသော ဆေးများ (symptom relief) သောက်နိုင် ပါတယ် ။ ဥပမာ - Paracetamol , Chlorpheniramine (Burmeton) ... လူငယ်ပိုင်း နှင့် ကလေးများ ကို Aspirin (Buspro) မတိုက်ရပါ ။

• ချောင်းဆိုး ပျောက်ဆေးရည်၊ ချွှဲပျော်ဆေးရည် များကို လိုအပ်ပါက ပေးနိုင်ပါတယ်။ရေနွေး ငွေ့ရှူခြင်းသည်လည်း နှာပိတ်ခြင်းကို သက်သာစေပါတယ်။ အရည်ခန်းခြောက်ခြင်း ရှိပါက ဓါတ်ဆားရည်သောက်နိုင်ပါတယ်။ 

• ဗိုင်းရပ်စ် သေဆေး (antiviral drugs) များကို ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း စနစ်တကျ သောက်ပါ။ 

(မြန်မာနိုင်ငံမှာတော့ ပေးလေ့မရှိပါ၊ ဆေးလည်း ရှားပါး ပါတယ်) ဆေးတွေကတော့ 


o Relenza® (Zanamivir)

o Tamiflu® (Oseltamivir)

- ဒီဆေးဆိုရင်အခုနေရာ တော်တော်များများမှာဆေးမတိုးတဲ့ ပြဿနာ ရှိနေပါပြီ ။ (WHO Report) တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကတော့ နမိုးနီးယား (Pneumonia due to viral or bacteria)၊ နားပိုးဝင်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ရောဂါအခံ ရှိသူများ (ဆီးချို၊ နှလုံး၊ ပန်းနာ၊ ကျောက်ကပ်နာများ) ဟာ ရောဂါပိုဆိုးခြင်းတို့ဖြစ်တတ်ပါတယ်။


ရောဂါ ကာကွယ်ရေး အနေနဲ့ ကတော့ 

• လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးပါ (ရောဂါပိုးလက်တွင်ကပ်နေပါက ကင်းစင် စရန်)

• လက်မဆေးမီ မျက်လုံးနှင့် နှာခေါင်းကို မကိုင်တွယ် မိစေရန် သတိထားပါ။

• တုပ်ကွေးဖြစ်သောအချိန်တွင် မျက်နှာသုတ်ပုဝါ၊ လက်ကိုင် ပုဝါ အစရှိတဲ့ အသုံး အဆောင်များ အတူသုံးခြင်းရှောင်ကြဉ်ပါ။

• နှစ်စဉ် တုပ်ကွေးရာသီရောက်လျှင် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။


Ref: 

public health in myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18