Print

HIV ပိုး ရှိနိုင်မှန်း သိနိုင်တဲ့ လက္ခဏာများ …

  03-Nov-2018
Preview Image

ခန္ဓာကိုယ်ထဲကို HIV ပိုး ဝင်ရောက်ခံသူတွေရဲ့ ၄၀% မှ ၉၀% ဟာ တစ်လမှ နှစ်လအတွင်း Acute retroviral syndrome လို့ခေါ်တဲ့ တုပ်ကွေးရောဂါလိုမျိုး လက္ခဏာ ဖြစ်ပေါ်တတ်ပါတယ်။ တခါတရံမှာ HIV ရောဂါပိုး ဝင်တဲ့ လက္ခဏာဟာ နှစ်ပေါင်းများစွာ ဒါမှမဟုတ် ဆယ်စုနှစ် ထိတောင် မပေါ်ပေါက်ပဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် HIV ရောဂါပိုး ရှိနေသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ သူတို့မှာ ပိုးရှိမှန်း မသိကြပါဘူး။ ပိုးရှိမရှိ သွေးစစ်ဆေးကြည့်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် မိမိ အိမ် ထောင်ဖက်အပေါ် သစ္စာမရှိဘဲ အခြားသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုသူတွေနဲ့ မူးယစ်ဆေးကို အကြောဆေးအဖြစ် ထိုးသွင်းသူအနေနဲ့ HIV ပိုးအတွက် စစ်ဆေးမှုပြုလုပ်ဖို့က လိုအပ်ပါတယ်။


အောက်ပါတို့ဟာ HIV ပိုး ရှိနိုင်မှန်းသိနိုင်တဲ့ လက္ခဏာ တစ်ချို့ပါ။

၁။ အဖျားရှိခြင်း HIV ပိုး ဝင်ရောက်တဲ့ ပထမဦးဆုံ လက္ခဏာအနေနဲ့ အဖျားရှိတာပါ။ 102 ံ လောက်ထိရှိ တတ်ပါတယ်။ မောပန်းတာ၊ အကျိတ်ရောင်တာနဲ့ လည်ချောင်းနာတာတွေပါ တွဲပြီး ဖြစ်တတ် ပါတယ်။ ဗိုင်းရပ်စ် ပိုးဟာ သွေးအတွင်းရွှေ့လျားနေပြီး အများအပြား ပေါက်ဖွားလာတဲ့အခါ ခုခံအားစနစ်တုံ့ပြန်တာကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာပါ။


၂။ မောပန်းခြင်း ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် မောပန်းတဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ မောပန်းတာဟာ HIV ပိုးရှိတဲ့ ပထမနဲ့ နောက်ဆုံး လက္ခဏာလဲ ဖြစ်နိုင်ပါတယ်။


၃။ ကြွက်သား နဲ့ အဆစ်တွေ နာကျင်ကိုက်ခဲခြင်း HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ တုပ်ကွေးနဲ့ မှားယွင်းတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကာလသားရောဂါ သို့မဟုတ် အသည်းရောင်ရောဂါနဲ့လဲ မှားယွင်းတတ်ပါတယ်။ အဲဒီရောဂါတွေ အားလုံးမှာ အဆစ်နဲ့ ကြွက်သား ကိုက်ခဲနာကျင်တာ၊ အကျိတ်တွေ ရောင်တာတွေ ဖြစ်ပေါ်တတ်လို့ပါ။ ခန္ဓာကိုယ်တွင်း ပိုးဝင်ရောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကြောင့် အကျိတ်ရောင်တာ ဖြစ်ပြီး များသောအားဖြင့် လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံနေရာက အကျိတ်တွေမှာ ရောင်ရမ်းနေတတ်ပါတယ်။


၄။ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာဟာလည်း အကျိတ်ရောင်တာလိုပဲ HIV ပိုးဝင်ရောက်တဲ့ တခြား လက္ခဏာ ပါ။


၅။ အရေပြား တွင် အဖုအပိမ့် ပေါက်ခြင်း အရေပြားမှာ အဖုအပိမ့် ပေါက်တာဟာလည်း HIV ပိုး ဝင်ရောက်တဲ့ စောစောစီးစီး လက္ခဏာ ဒါမှမဟုတ် နောက်ကျတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေဟာ လက်မောင်းနဲ့ ခန္ဓာကိုယ် အတွင်း ပေါက်နေတတ်ပါတယ်။


၆။ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင် HIV ပိုး ဝင်ရောက်သူ ၃၀% မှ ၆၀% ဟာ ပျို့တာ၊ အန်တာ ဒါမှမဟုတ် ဝမ်းပျက် တာတွေဖြစ်တတ်ပါတယ်။


၇။ ကိုုယ်အလေးချိန် ကျဆင်းခြင်း HV ပိုး ဝင်ရောက်တာကြောင့်ဖြစ်တဲ့ AIDS ရောဂါ ရဲ့ နောက်ဆုံးအဆင့်ကြောင့် ဖြစ်နိုင်သလို ဆိုးဆိုးဝါးဝါး ဝမ်းပျက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းနေတာဟာ ခုခံအားစနစ် ကျဆင်းနေတယ်လို့ မှတ်ယူရပါမယ်။ မိမိခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀% သို့မဟုတ် ဒါထက်ပိုပြီး ကျဆင်းကာ ဝမ်းပျက်နေပြီး ရက်ပေါင်း ၃၀ ကျော်အထိ အဖျားရှိနေမယ်ဆိုရင် HIV ပိုးဝင်ရောက်နိုင်တယ်လို့ သံသရရှိရပါမယ်။


၈။ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးနေပြီး ချောင်းဆိုးပျောက်ဆေးနဲ့ တခြားဆေးဝါးတွေ အသုံးပြု ရင်တောင် မပျောက်ကင်းခဲ့ရင် HIV ပိုးရှိတယ်လို့ သံသယ ဝင်ရပါမယ်.


၉။ နမိုးနီးယား အဆုတ်ရောင်ရောဂါ ချောင်းဆိုးတာနဲ့ ကိုယ် အလေးချိန် ကျတာဟာ HIV ပိုး ဆိုးဝါးစွာ ဝင်ရောက်တဲ့ လက္ခဏာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခဲအားစနစ်ကလည်း ကောင်းကောင်း အလုပ် မလုပ်နိုင်လို့ ဖြစ်ပါတယ်။ ခုခံအားစနစ် ကျဆင်း တာကြောင့် ဒါကို အခွင့်ကောင်းယူပြီး ရောဂါ ပိုးများစွာ ဝင်ရောက်နိုင်ပါတယ်။ နမိုးနီးယားအပြင် ရေယုန်နဲ့ မှိုပိုးတွေပါ ဝင်ရောက်နိုင်ပါတယ်။


၁၀။ ညဘက် ချွေးထွက်ခြင်း HIV ပိုး ဝင်ရောက်သူ ထက်ဝက်ခန့်ဟာ ညဘက်မှာ ချွေးထွက်တတ်ပါတယ်။ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေ ခံစားရတဲ့ဝေဒနာလိုမျိုးပါ။ အခန်းအပူချိန် ဒါမှမဟုတ် လေ့ကျင့်ခန်းပြုလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။


၁၁။ လက်သည်း ခြေသည်းပြောင်းလဲခြင်း HIV ပိုး ဝင်ရောက်တဲ့ လက္ခဏာ ဟာ လက်သည်းခြေသည်းတွေ တင်းပုတ်ပုံ ပြောင်းလဲတာ။ လက်သည်းကွဲတာ ဒါမှမဟုတ် လက်သည်းအရောင်ပြောင်း တာတွေ ဖြစ်တတ်ပါတယ်။ မှိုပိုးကူးစက်တာကြောင့် ဖြစ်တတ်ပြီး ခုခံအား ကျဆင်းနေတဲ့အတွက် ပိုးမွှားတွေ အလွယ်တကူဝင်ရောက်နိုင်လို့ပါ။


၁၂။ မှို ရောဂါပိုး ဝင်ရောက်ခြင်း မှက္ခရု ပေါက်တာဟာ HIV ပိုး ရှိသူတွေမှာ ဖြစ်များပါတယ်။ ကန်ဒိတာ မှိုပိုးကြောင့် ဖြစ်ပြီး ပါးစပ် ဒါမှမဟုတ် အစာမျိုပြွန်မှာ ဖြစ်တတ်တာမို့ အစာမျိုရခက်ခဲတတ်ပါတယ်။


၁၃။ အာရုံစူးစိုက်ရန်ခက်ခဲခြင်း မှတ်ဉာဏ် ပြဿနာ၊ အာရုံစူးစိုက်ရ ခက်ခဲတဲ့ ပြဿနာကြောင့် စိတ်တိုလွယ်တာ ဒါမှမဟုတ် စိတ်ဆတ်တာဟာ HIV ပိုး ဝင်ရောက်ခံရတဲ့ လက္ခဏာပါ။ စာရေးတာလိုမျိုး နေ့စဉ် အလွယ်တကူ ပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့လည်း ခက်ခဲ တတ်ပါတယ်။


၁၄။ ရေယုန်ပေါက်ခြင်း သို့မဟုတ် လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း ပါးစပ် ရေယုန် နဲ့ လိင်အင်္ဂါ ရေယုန်ပေါက်တာဟာ HIV ပိုးရဲ့ နောင်ဆုံးအဆင့် လက္ခဏာ တွေပါ။ ဒါ့အပြင် ရေယုန်ပေါက် တာကြောင့်လည်း HIV ပိုးကူးစက်ဖို့ ပိုလွယ်ကူသွားပါတယ်။ ရေယုန်ပေါက်တာကြောင့် အနာဖြစ်ရာမှ လိင်ဆက်ဆံ နေစဉ် အတွင်း HIV ပိုးဟာ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်ရောက်နိုင်လို့ပါ။


၁၅။ ထုံကျဉ်ခြင်း၊ အားနည်းခြင်း HIV ပိုး ရှိနေရင် ခြေထောက် နဲ့ လက်မှာ ထုံတာတွေ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ အာရုံကြော ပျက်စီးတာကြောင့် ဖြစ်ပြီး ဆီးချိုရောဂါကို မထိန်းနိုင်သူတွေမှာ ဖြစ်တတ်တာနဲ့ တူပါတယ်။ ၁၆။ ဓမ္မတာ မမှန်ခြင်း HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။ အချိန်မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ် အရွယ်မှာ သွေးဆုံးတတ်ပေမဲ့ HIV ပိုး ကူးစက်ခံရသူတွေမှာ ၄၇ မှ ၄၈နှစ်အရွယ်မှာ သွေးဆုံးတတ်ပါတယ်။


Credit : Shwemintharlay



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18