Print

သင်သတိမထားမိတဲ့ သင့် ဦးနှောက်ကို ပျက်စီးစေနိုင်သော အမူအကျင့်များ

  30-Oct-2016
Preview Image

သင်ဟာ အခုနောက်ပိုင်းမှာ အမှားတွေ ဆက်တိုက်ဆိုသလို လုပ်မိလာတယ်။တစ်ခုခု ကို စဉ်းစားဖို့အaတွက် အရင်လို မမြန်ဆန်တော့ဘူး။ ဒီလို ဖြစ်တာလည်းနှစ်နဲ့ချီရှိနေပြီဆိုရင် သင်သတိထားရမှာက သင့်ရဲ့ ဦးနှောက်ထဲမှာGrey ဆဲလ် တွေဆုံးရှုံးနေတယ်ဆိုတာပါပဲ။ အဲဒါကြောင့်ပဲ ကျွန်ုပ်တို့တွေ စိတ်ဖိစီးမှုတွေ ပြည့်နေတဲ့ ဘဝ ကို ရောက်ရှိလာကြရတာပါ။ ဒါကြောင့် သင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ အဓိက အကျဆုံး ဖြစ်တဲ့ ဦးနှောက်ကို သေသေချာချာ ဂရုစိုက်ဖို့လိုပါတယ်။ သင့်ရဲ့နေ့စဉ်ဘဝမှာ သင့်ရဲ့ ဦးနှောက်ကိုထိခိုက်စေမယ့်အပြုအမူတွေကိုသင်ဟာ နေ့စဉ်လုပ်မိမှန်း မသိ လုပ်မိနေပါတယ်။ အဲဒါတွေကတော့

၁။ နေမကောင်းဖြစ်တဲ့အချိန်မှာ ဦးနှောက်ကို အသုံးပြု ခြင်းသင် နေမကောင်းဖြစ်တိုင်း ဆေးခန်းသွားပြရင် ဆရာဝန်တွေက သင့်ကို အလုပ်မလုပ်ပဲ အနားယူဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓာကိုယ်အတွင်းမှာ ရောဂါပိုးတစ်ခု ၀င်ရောက်နေချိန်မှာ သင့်ရဲ့ ဦးနှောက်ဟာ ထို ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မယ့ အချက်ပြစနစ်တွေကို လှုံ့ဆော်ပေးပါတယ်။ နေမကောင်းဖြစ်နေချိန်မှာ သင်ဟာ ဦးနှောက်ကို အားစိုက် အသုံးပြုလိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ် အပူချိန် လိုပဲ ဦးနှောက်ဟာလည်း အပူချိန်တိုးလာပါလိမ့်မယ်။ ဒါဟာ ဦးနှောက်ထဲက Grey ဆဲလ်တွေကို ပျက်ဆီးစေပြီး နေမကောင်းဖြစ်ခြင်းဟာလည်း ပိုမိုကြာရှည်လာနိုင်ပါတယ်။

၂။ မနက်စာ မစားခြင်းသင်ဟာ မနက်ပိုင်းမှာ ကိစ္စတစ်ခုခုကို နောက်ကျမှာ စိုးရိမ်တဲ့အတွက် မနက်စာ မစားပဲ အလုပ်ကိစ္စသာ ခေါင်းထဲထည့်ထားမိပါလိမ့်မယ်။ ဒါဟာ ဦးနှောက်ကို ထိခိုက်စေပါတယ်။ မနက်စာ ဟာ သင့်တစ်နေ့လုံးအတွက် ဦးနှောက်မှာ လိုအပ်မယ့် အာဟာရ ကို ဖန်တီးပေးပါတယ်။ ဒါမှ သာ သင့်ရဲ့ သွေးထဲသကြားဓါတ်ပမာဏ ဟာ လျော့ကျလာမှာပါ။ မနက်စာ မစားဖြစ်ခြင်းဟာ သင့်ရဲ့ ဦးနှောက်မှာလိုအပ်တဲ့ အာဟာရတွေကို ဖျက်ဆီးလိုက်သလို ဖြစ်တဲ့အတွက် ရှေရှည်မှာတော့ သင်ဟာ ဘာမှ တွေးနိုင် ၊ စဉ်းစားနိုင်မှာ မဟုတ်တော့ပါဘူး။

၃။ မဆန့်မပြဲစားသုံးခြင်းအစာမစားရင် ဦးနှောက်မှာ အာဟာရ ချို့တဲ့တယ်ဆိုပေမယ့်လည်း ဒါကိုဖြေရှင်းဖို့အတွက် အစားအစာ တွေ အလွန်အမင်းစားသုံးခြင်းဟာ မှားယွင်းပါတယ်။ ဒါဟာလည်း သင့်ဦးနှောက်ကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အစာ ပမာဏ ထက် ပိုမိုစားသုံးခြင်းဟာ သင့်ရဲ့ ဦးနှောက်ကို ရှုပ်ထွေးသွားစေပြီး အင်ဆူလင် ထုတ်လုပ်မှု အပိုင်းမှာ မမျှတမှုတွေဖြစ်ပေါ်စေပါတယ်။ ဒါဟာ ဆီးချိုသွေးချို နဲ့ အဝလွန်ခြင်း တို့တင်မကပဲ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေပါဖြစ်လာနိုင်ပါတယ်။၄။ ရေဓါတ်ခမ်းခြောက်ခြင်းကျွန်ုပ်တို့ ဦးနှောက်ဟာ ရေဓါတ်ကို အခြေခံပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ နေ့စဉ်လှုပ်ရှားနေပေမယ့် ရေ လုံလောက်စွာ မသောက်ပဲ နေတာဟာ ခန္ဓာကိုယ်တွင်းက ဆဲလ်တွေကို ဆုံးရှုံးစေပါတယ်။ ခန္ဓာကိုယ်တွင်း မှာ ရေမလုံလောက်တဲ့အခါမှာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ ဦးနှောက်ကနေ ရေတွေရယူရပါတယ်။ နောက်ဆုံးမှာဦးနှောက်ထဲမှာ ရေပမာဏ မလုံလောက်တော့ပဲ ဆဲလ်တွေ ပျက်စီးသွားရပါတယ်။

၅။ သကြားဓါတ် မှီဝဲခြင်းလူတိုင်း အချိုကြိုက်ကြပါတယ်။ ကျွန်ုပ်တို့ဟာ နေ့စဉ် အချိုဓါတ်ပါတဲ့ အစားအစာ တွေကို စားသုံးခြင်းနဲ့ သွေးထဲက သကြားဓါတ်ပါ၀င်မှုပမာဏကိုမြင့်မားစေခဲ့ကြပါတယ်။ လေ့လာမှုတစ်ခုက ပြသခဲ့တာကတော့ သွေးထဲမှာ သကြားဓါတ်ပါ၀င်မှု များနေခြင်းဟာ သင့်ဦးနှောက်ရဲ့ မှတ်ဉာဏ် နဲ့ သင်ကြားမှု ပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်တဲ့။ စကား တစ်ရပ်အနေနဲ့ လူပြောများကြတာကတော့ သကြားဓါတ်များများ မှီဝဲခြင်းဟာ ရေရှည်မှာသင့်ကို ရူးသွားစေနိုင်ပါသတဲ့။

 

Ref: Mario

သစ်ထူးလွင်(ကျန်းမာရေး)

as in: MenXp

Saturday, July 25, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18