Print

အိပ်မပျော်သူများအတွက်

  29-Aug-2018
Preview Image

လူတော်တော်များများဟာ ညဘက်အိပ်မပျော်တဲ့ရောဂါခံစားရတတ်ပါတယ် အဲဒီလိုအိပ်မပျော်တဲ့သူတွေအတွက် ဒီအကြံပြုချက်လေးတွေက အသုံးဝင်မယ်လို့ထင်ပါတယ်။

(၁) အိပ်ချိန်တွေကို အကြွေးမထားပါနဲ့။ အိပ်ရေး ပျက်ခြင်းဟာ ဘီယာ အလွန်အကျွံသောက် သူတွေ လိုပဲသင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

(၂)နေ့ခင်းဘက်မှာ မိနစ်(၄၀)ခန့်အိပ်စက်အနားယူခြင်းဖြင့် အားအင်ပြည့်ဖြိုးပြီးအလုပ်အကိုင်တွေကိုအာရုံပိုစိုက်နိုင်ပါတယ်။

(၃)ကိုယ်ဝန်ဆောင်ကာလမှာအိပ်ချိန်ကိုပိုပြီးဂရုစိုက်သင့်ပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းဖြင့်သင်နဲ့သင့်ရင်သွေးငယ်တို့ရဲ့သွေးလည်ပတ်မှုကိုပိုမိုအားကောင်းစေပါတယ်။

(၄)အိပ်ချိန်နဲ့ကပ်ပြီးဗိုက်တင်းစေမယ့်အစာတွေမစားသင့်ပါဘူး။

(၅)ရေနွေးပူချိုးခြင်း၊aromatherapy၊တရားထိုင်ခြင်း၊ယောဂကျင့်စဉ် ကျင့်ခြင်းစတာတွေ ကနှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ အထောက်အကူပြုပါတယ်။

(၆)အိပ်ခန်းဟာ အပူချိန်မျှတပြီး အလင်းရောင်တွေမဝင်နိုင်အောင် ကာကွယ်ထားရပါမယ်။ တီဗွီနဲ့ကွန်ပြူတာ တွေကိုဝေးဝေးမှာထားရပါမယ်။

(၇)ပင်ပန်းတဲ့သူတွေဟာများများစာနိုင်ပြီးကိုယ်အလေးချိန်တက် တတ်ပါတယ်။ အိပ်ရေးပျက်တဲ့သူတွေလည်း ဒီလိုပါပဲ။တစ်နေ့ (၇)နာရီအိပ်သူ ဟာ(၈)နာရီအိပ်သူထက် ကယ်လိုရီ ၆%လောက်နေ့စဉ်ပိုစားတတ်ကြပါတယ်။

(၈) မအိပ်ခင်မှာဆေးလိပ်မသောက် သင့်ပါဘူး။ဆေးလိပ်ဟာ ကဖင်းဓါတ်လိုပဲအိပ်ချင်စိတ် ကိုပျောက်စေပါတယ်။ အကောင်းဆုံးကတော့လုံးဝဖြတ်လိုက်ပါ။

(၉) သင်လဲလျောင်းတဲ့အခါအစာအိမ်က အက်ဆစ်ေ တွကြောင့်  Heart Burn ရတတ်ပါတယ်။ ခေါင်းအုံးမြင်မြင့်နဲ့အိပ်ရင်သက်သာပါတယ်။

(၁၀)အိပ်မပျော်ရင်တော့နံရံကိုကြောင်ကြည့်နေတာမျိုးမလုပ်ပါနဲ့။ အိပ်ယာကထပြီးစာဖတ်၊တီဗွီ ကြည့်ပါ။ပင်ပန်းလာမှ ပြန်အိပ်ပါ။

(၁၁)အရက်သောက်ရင်တော့မှောက်သွားမှာသေချာပါတယ်။ ဒါပေမယ့် အိပ်ရေး၀၀ အိပ်ပျော်တာ မျိုးမဟုတ်ပါဘူး။ဒါကြောင့်အိပ်ေ ပျာ်အောင် အရက်သောက်တာမျိုးရှောင်သင့်ပါတယ်။ မအိပ်ခင်(၃)နာရီအတွင်းမသောက်သင့်ပါဘူး။

(၁၂)(၈)နာရီပြည့်အောင် အိပ်ပါ။(၆)နာရီပဲအိပ်လျှင်တော့ သွေးတိုးရောဂါခံစား ရဖို့အခွင်အလမ်း ၇၀% ပို များပါသတဲ့။

(၁၃)နောက်တစ်နေ့အတွက် အလုပ် အစီ အစဉ်ေ တွကို နေ့လည် ကတည်း ကလုပ်ထားပါ။အိပ် ယာထဲ ယူမလာပါနဲ့။

(၁၄)တစ်ယောက်တည်းစကားပြောတဲ့ကုထုံးကအိပ်မပျော်သူတွေအတွက်အထောက်အကူပြုပါသတဲ့ပြောကြည့်ပေါ့။

(၁၅)အိပ်ရေးဝတဲ့သူဟာ နှလုံးရာဂါ၊ဆီးချိုရောဂါနှင့်ကင်ဆာရောဂါတွေအဖြစ်နည်းပါသတဲ့။

(၁၆)ဘယ်လောက်ပဲပင်ပန်းပါစေ။ညနေ(၃)နာရီကျော်ရင်တော့ခဏတဖြုတ်အိပ်တာမျိုးမလုပ်သင့်ပါဘူး။

(၁၇)ထောပတ်သီးမှာပါတဲ့ Tryptophan ဆိုတဲ့ဓါတ်ပစ္စည်းက အိပ်ပျော်အောင်ကူညီပေးပါသတဲ့။ထောပတ်သီးနေ့စဉ်စားကြပါစို့။

(၁၈)နေလယ်နှင့်ညနေခင်းတွေမှာ ကိုယ်ကာယလေ့ကျင်းခန်းလုပ်ရင်ညဘက်ကောင်းကောင်းအိပ်ပျော်ပါသတဲ့။အိပ်ခါနီးမှတော့မလုပ်သင့်ပါဘူး။

(၁၉)ကိုယ်ဝန်ဆောင်တွေမှာတော့ ကာဗိုလ်ဟိုက်ဒြိတ်များ တဲ့ အစားအစာတွေကအိပ်ေ ပျာ်အောင် ကူညီ နိုင်ပါသတဲ့။

(၂၀)အိပ်ယာကောင်းဖို့လည်းလိုပါသတဲ့။စိန်နှင်မြမှာသွားဝယ်ပေါ့။ဈေးတော့ကြီးတယ်။

(၂၁)အိပ်ဆေးတွေကိုသုံးမယ်ဆိုရင်တောင် (၅-၁၀) ရက်ထက်ပိုမသုံး သင့်ပါဘူးသဘာဝအတိုင်း အိပ်ပျော် ရင်တော့အကောင်းဆုံးပေါ့။နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ကြပါစေ။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18