Print

ဒေါသ ထွက်ရင် ဘယ်လို ထိန်းချုပ်မလဲ

  24-Dec-2018
Preview Image

ဟွဏ်းဘီးလ်။    ။ဒေါသ ထွက်ရင် ဘယ်လို ထိန်းချုပ်မလဲဒေါသ ထွက်တယ်ဆိုတာ လူတိုင်း မှာ ရှိနိုင်တဲ့ စိတ်ခံစားမှုတစ်မျိုးပါ။ ပုံမှန် အားဖြင့် 'စိတ်ကသိ ကအောက်ဖြစ်ခြင်း' က နေ 'စိတ်ဆိုးခြင်း'၊ 'ဒေါသ အလွန် အမင်း ထွက်ခြင်း'အထိ အတိုင်း အတာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်စီရဲ့ သည်း ခံနိုင် စွမ်းအား မတူပါဘူး။ သင်ဟာ ဒေါ သထွက် လွယ်သူ တစ်ယောက် ဆိုရင် အချိန် ကြာလာတာ နဲ့အမျှ တစ်နည်းအားဖြင့် သင်အသက်ကြီးလာတာနဲ့အမျှ သင်ရဲ့ စိတ်ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ စိတ်ဆိုးခြင်း၊ မကျေနပ်ခြင်းတွေ က လူ့စိတ်ရဲ့ ပုံမှန်ခံစားချက်ဖြစ်တဲ့အတွက် ဒီစိတ်ခံစားချက်ကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါ ဘူး။ ဒါပေမဲ့ သင့်စိတ်ကျန်းမာရေးကို မြှင့် တင်ချင် တယ်ဆိုရင် သင်ရဲ့ဒေါသတွေကို ထိန်းချုပ် လျှော့ချနိုင်ပါတယ်။


သင့်စိတ်ကို သင် ကွပ်ကဲနိုင်ဖို့အတွက် ပထမဆုံး သိ သင့်တဲ့အချက်ကတော့ ဘယ်လိုအခြေ အနေမျိုးတွေက သင့်ကို အလွယ် တကူ ဒေါသ ထွက်နိုင်တာ လဲဆိုတာ ရှာဖွေစဉ်း စား ကြည့်ဖို့ပါ။ ဥပမာ သင့်မိသားစုထဲမှာ သင့်သားသမီးက သင့်စကားနားမထောင် တာက သင့်ကို ဒေါသထွက်စေတာလား၊ သင့်စီးပွားရေးလုပ်ငန်းခွင်မှာ သင့်လုပ် ဖော်ကိုင်ဖက်က အလုပ်နောက်ကျတာကို သင်စိတ်အမြဲတိုတာလား၊ သင့်ခင်ပွန်းသည် က သင်ရဲ့ အိမ်မှုကိစ္စတွေ မကူညီတဲ့အခါ သင်စိတ်ဆိုးတာလား၊ သင့်အလုပ်သမား က အလုပ်နောက်ကျတတ်တာကို သင်မ ကျေနပ်လို့ အမြဲ ပြဿနာဖြစ်သလား ဆိုတဲ့ မေးခွန်း မျိုးလေးတွေ သင့်ကိုယ်သင် မေးကြည့်ပါ။ သင် စိတ်ဆိုးရတဲ့ဖြစ်ရပ်လေးတွေ စဉ်းစားပြီးပြီဆိုရင် နောက်တစ်ဆင့်က သင် ဒေါသထွက်လာတဲ့အခါ သင့်ကိုယ် ခန္ဓာ မှာ ခံစား ရတာလေးတွေ တွေးတောကြည့် ပါ။


အဖြစ်များတဲ့ ခံစားချက်၊ လက္ခဏာ တွေက ရင်ထဲမှာ တင်းကျပ်လာတာမျိုး၊ အံကြိတ်တာမျိုး၊ လက်သီးဆုပ်တာမျိုး၊ မျက်နှာပူ ရှိန်းပြီး ချွေးထွက် လာတာ မျိုးတွေ ဖြစ်ပါတယ်။ ဒီခံစားချက်တွေ သိခြင်းအား ဖြင့် သင် ဒေါသထွက်တဲ့အခါ သင့်ကိုယ် သင် သတိပေးနိုင်ပါတယ်။ ဒေါသထွက်တာကို ဘယ်လိုထိန်း ချုပ်နိုင်မလဲ။ ပုံသေကားကျနည်းလမ်း ဒါမှ မဟုတ် အဖြေမရှိပါဘူး။ လူတစ်ဦးစီက ကိုယ်နဲ့ သင့်တော်တဲ့နည်းနဲ့ ထိန်းချုပ်ကြည့် နိုင်ပါတယ်။ ဒီလိုထိန်းချုပ်နိုင်အောင် ကြိုး စားရမ ကို စိတ်ဆိုးတာလဲ၊ ဘာကြောင့်စိတ်ဆိုး တာလဲဆိုတာ သင့်ကိုယ်သင်မေးပါ။ ဥပ မာ သင်အလုပ်ကပြန်လာပြီး အိမ်က မိ သားစုဝင်တစ်ယောက်နဲ့ စကားများတဲ့အ ခါ တကယ်ပဲ သင့်မိသားစုဝင်ကို စိတ်ဆိုး တာလား၊ ဒါမှမဟုတ် အလုပ်မှာဖြစ်ခဲ့တဲ့ ပြဿနာအတွက် သင်ရဲ့မကျေနပ်ချက် တွေကို အိမ်ကလူအပေါ် သက်ရောက် လိုက်တာလား သေချာစဉ်းစားကြည့်ပါ။ ဒုတိယ အဆင့်ကတော့ သင်ဒေါသထွက် တော့မယ်လို့ သင့်ကိုယ်သင် သိလာရင် မကျေနပ်ချက်တွေကို မပြောခင် နောက်တစ်လှမ်းဆုတ်ပြီး အချိန် ယူလိုက်ပါ။


ဥပမာ အိမ်မှာ လူတစ်ဦးနဲ့ရန်ဖြစ်စရာအကြောင်း ပေါ်လာတဲ့အခါ အိမ်ပြင်ထွက်၊ လမ်း လျှောက်ပြီး ပြဿနာရဲ့အကြောင်းရင်းကို အချိန်ပေးစဉ်းစားကြည့်ပါ။ ဒီပြဿနာကို ရန်မဖြစ်ဘဲ နောက်တစ်နည်းနဲ့ ဖြေရှင်း နိုင်မလား အဖြေရှာကြည့်ပါ။ နောက်တစ်နည်းက တစ်ခါတစ်ရံ သင့်ကိုဒေါသထွက်စေတဲ့အခြေအနေတစ် ရပ်ကို သင်ပြောင်း လဲပြုပြင်ဖို့ မဖြစ်နိုင် တဲ့အခါ အဲဒီပြဿနာကို သင်ခဏမေ့ ပျောက်အောင် သီချင်းနားထောင်တာမျိုး၊ သင်နှစ်သက်တဲ့ စာအုပ်ကို ပြန်ဖတ် တာမျိုး၊ သင့်အပေါ်နားလည်မှုပေးလေ့ရှိတဲ့သူငယ် ချင်းတစ်ယောက်နဲ့ ဖုန်းပြောတာမျိုး၊ အိမ် သန့်ရှင်းရေးလုပ်တာမျိုးတွေ လုပ်နိုင်ပါ တယ်။ သင့်ဒေါသကိုထိန်းချုပ်နိုင်မယ့် နည်း လမ်းနောက် တစ်သွယ်ကတော့ သင့်ဒေါသ ကို ဟာသပြောင်းပစ်ဖို့ပါ။


ဒီနည်းလမ်းက အမြဲမဖြစ်နိုင်ပေမယ့် တစ်ခါ တစ်ရံအသုံး ဝင်နိုင်ပါတယ်။ စိတ်က ခန္ဓာကိုယ်ကို ထိန်း ချုပ်အမိန့်ပေးနိုင်သလို ခန္ဓာကိုယ်ကလည်း စိတ်ကိုပြုပြင်ပေးနိုင် ပါတယ်။ အသက်ရှူ လေ့ကျင့် ခန်းလုပ်တာ၊ ြွကက်သားတွေကို လျှော့ချတာဟာ ဒေါသကိုချုပ်တည်းရာ မှာ အကူအညီပေးနိုင်ပါတယ်။ နောက်ထပ်နည်းတစ်မျိုးကတော့ သင် မကျေနပ်ချက်၊ မနှစ်သက်တဲ့အချက် ကို ဒေါသနမဲ့ ဖောြ်ပဘ၊ဲ တစပ် ါးသကူ ို အေး အေးဆေးဆေးရှင်းပြပြီး အသိပေးနိုင်ပါ တယ်။ အထက်မှာအကြံပေးခဲ့တဲ့ ဒေါသကို ကိုင်တွယ်နည်းတွေဟာ တကယ့်လက်တွေ့ မှာ မလွယ်ကူလှပါဘူး။ အထူးသဖြင့် ဒေါသ ထွက်တဲ့အချိန်မှာ ဒီနည်းလမ်းတွေကို သတိ တရအသုံးချဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကြိုးစားကြည့်ပါ။ လေ့ကျင့်ယူပါ။ သင်ရဲ့ ဒေါသကို သင်ထိန်းချုပ်ကြပ်မတ်နိုင်တာနဲ့ အမျှ သင့်စိတ်က ပိုမိုကျန်းမာလာမှာပါ။ Ref: Good 


Credit : Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18