Print

ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ

  29-Oct-2016
Preview Image

ရှားစောင်း လက်ပပ် အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ ဖြတ်ပါ။ တစ်ယောက် စာအတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင်မှာပဲ ချန်ထားခဲ့ပါ။ ရေစင်စင်ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ်လိုက်ပါ။

၁။ ဓါးနဲ့ပါးပါးလှီးပြီး သစ်သီးဖျော်ရည်စက်နဲ့ မွှေပါ။

၂။ ပိတ်စပါး သန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်းလက်ပပ်ရည်ကို အိုးသန့်သန့်တစ်လုံးနဲ့ ခံယူပါ။

၃။ ရှားစောင်းလက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင် ကျိုပါ။ ဆူလာတဲ့ အခါမှာ အမြှုပ်တွေ တက်လာပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ် ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့ အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အမြှုပ်တွေကို ကုန်အောင် ခပ်ထုတ်ရတာပါ။

၄။ ပျားရည် (သို့မဟုတ်) သကြားသန့်သန့် သင့်ရုံ လောက်ကို ကြိုက်နှစ်သက်တဲ့ အရသာ ဖြစ်အောင်ထည့်ပြီး သမအောင် မွှေပေးပါ။ အအေးခံထားပြီး ရေခဲ သေတ္တာထဲ ထည့်သိမ်း ထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ ဆီးချို ရှိသူများ အတွက်ကတော့ အချို မထည့်သင့်ပါဘူး။ သဘာဝအတိုင်း သောက်တာ ပိုကောင်း ပါတယ်။ ရှားစောင် လက်ပပ် သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ဇွန်းနှုနး်ဖြင့် သုံးကြိမ် သောက်သင့် ပါတယ်။

ရှားစောင်း လက်ပပ်ရည်ကို ဒီအတိုင်းပဲ ထားမယ်ဆိုရင် သူ့ထဲမှာပါဝင်တဲ့ အောက်ဇားလစ် အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာ မရှိသူများ နှစ်ရက်စာ လောက်သာ ကျိုချက် သောက်လျှင် ကောင်းပါတယ်။ နှစ်ရက်ထက် ပိုမထား သင့်ပါဘူး။

ရှားစောင်းလက်ပပ် အမှုန့် ပြုလုပ်နည်း ----------------------------------------

ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်နည်းကတော့

ရှားစောင်း လက်ပပ် အရွက်ကို သန့်စင်အောင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ချွန်တွေကို ဖယ်ပြီး ပါးနိုင်သလောက် ပါးအောင်လှီးပါ။ ပါးလေ ကောင်းလေ ဖြစ်ပါတယ်။

လှီးထားတဲ့ ရှားစောင်း လက်ပပ် အဖတ်လေးတွေကို ၀ါးနဲ့ လုပ်ထားတဲ့ ဆန်ကောထဲမှာ ဖြန့်လှနး်ပါ။ တစ်ရက်နဲ့ မခြောက်ရင် နှစ်ရက်၊ သုံးရက် စသည်ဖြင့် လုံးဝ ခြောက်သွားအောင်လှန်းပါ။

နှစ်ရက်၊ သုံးရက် ကြာတဲ့အခါ ရှားစောင်း လက်ပပ်တွေ လုံးဝ ခြောက်သွားပြီ ဆိုရင် ဆုံထဲမှာ ထည့်ပြီး ထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ် ဆိုရင်တော့ ဆန်ကာချ ပေးရုံပါပဲ။

ရှားစောင်း လက်ပတ် အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးတစ်ခန်ခွက်နဲ့ ရောပြီး တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် သောက်ပါ။

ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်ဖို့ အချိန်မရသူတွေ အတွက် ရှားစောင်း လက်ပပ် အခြောက်ဖတ် အတိုင်း ရေနွေးဆူဆူထဲ ခတ်ပြီး ရေနွေးကြမ်း သောက်သလို သောက်သုံး နိူင်ပါ တယ်။ သောက်ရတာ ခက်တယ်ထင်ရင်တော့ ပျားရည် လေးနည်းနည်း ထည့်သောက်ပါ။ သွေးချို၊ဆီးချိုရှိ သူများ အတွက်ကတော့ ပျားရည် မထည့်သင့်ပါဘူး။ ပျောက်ကင်း ကာကွယ်နိုင်တဲ့ ရောဂါများကတော့ အစာအိမ် ပြည်တည်နာနဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါ၊ ဆီးချို၊ သွေးချို၊အသည်း၊ သွေးတိုးရောဂါ အစရှိသည် တို့ကို ကာကွယ် ပျောက်ကင်း နိုင်ပါတယ်။

Ref: မြဝတီ Myawady Health September 24 .2015

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment (သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18