Print

ဆံကေသာအတွက်ကောင်းမွန်သော သဘာဝအဆီ(၆)မျိုး

  12-Nov-2018
Preview Image

အုန်းဆီ (Coconut Oil)

အုန်းဆီကတော့ ဆံပင်အရောင်မွဲခြောက်နေသူများ၊ ဆံပင်အရှည်မြန်ချင်သူများအတွက် အထူးအသုံးဝင်ပါတယ်။အုန်းဆီဟာ ဆံကေသာအမျိုးမျိုးအတွက် အသုံးပြုနိုုင်တဲ့အဆီတစ်မျိုးလည်းဖြစ်ပါတယ်။ အုန်းဆီဟာ အနံ့မွှေးသလိုကျွန်းဒေသ၊ အပူပိုင်းဒေသတွေမှာ များများစားစား ပေါက်တတ်ပါတယ်။ အုန်းဆီမှာ ဗီတာမင်Eဓာတ် အပြည့်အဝပါရှိပြီး ဆံကေသာအတွက် အထူးသင့်တော်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။

• သဘာဝအုန်းဆီစစ်စစ်ကို လိမ်းပေးခြင်းကြောင့် ဆံပင်ထူခြင်း၊ 

• အရောင်တောက်ပခြင်းတွေ ရရှိနိုုင်တဲ့အပြင်

ဆံကေသာအရင်းအထိပါ ကျန်းမာသန်စွမ်းစေပါတယ်။ ဆံပင်အရှည်မြန်ချင်တဲ့သူတွေအနေနဲ့လည်း အုန်းဆီကိုအသုံးပြုနိုင်ပါတယ်။ အုန်းဆီကို ဦးရေပြားခွံထဲဝင်အောင်နှိပ်နယ်ပေးရင် သွေးကြောလည်ပတ်မှုကိုကောင်းစေပါ တယ်။ သွေးကြောလည်ပတ်မှုကောင်းခြင်းက ဆံပင်ရှည်ဖို့အကူအညီပေးပါတယ်။

• ခပ်နွေးနွေးအုုန်းဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်ကို ၁၀မိနစ်ခန့် ဦးရေပြားခွံထဲဝင်အောင်နှိပ်နယ်ပြီးလိမ်းပေးပါ။တစ်ပတ်မှာ၃ကြိမ်ကနေ၄ကြိမ်အထိပြုလုပ်ပေးပါ။ သဘာဝအုန်းဆီကို အပူပေးတဲ့အခါမှာတော့ ဘယ်တော့မှတိုက်ရိုုက် Microwaveထဲ ထည့်ပြီးအပူပေးတာမျိုးမလုပ်မိပါစေနဲ့။ အပူပြင်းလွန်းရင် အုန်းဆီရဲ့သဘာဝအာနိသင် တွေ ဆုံးရှုံးသွားနိုင်လိုု့ပါ။ နည်းမှန်လမ်းမှန်နဲ့အပူပေးဖို့ဆိုရင် ပန်းကန်လုံးတစ်ခုထဲကိုရေပူထည့်ပါ။ ထို့နောက်မှာတော့ အုန်းဆီကို အခြားဖန်ခွက်လေးတစ်ခုထဲသို့လက်ဖက်ရည်၂စွန်းခန့်ထည့်ပါ။ ထိုဖန်ခွက်ကို ရေပူထည့်ထားတဲ့ပန်းကန်လုံးထဲထည့်စိမ်ပါ။ တဖြည်းဖြည်းနွေးသွားပါလိမ့်မယ်။ ခဲနေရင်လည်း ပျော်သွားပါလိမ့်မယ်။ တကယ်စစ်တဲ့အုန်းဆီဟာ အပူချိန်နည်းရင်ခဲတတ်ပါတယ်။


သံလွင်ဆီ (Olive Oil)

 သံလွင်ဆီဟာ  အဖျားနှစ်ခွဖြစ်ပြီး ခြောက်သွေ့နေတဲ့ ဆံကေသာအတွက် အထူးကောင်းမွန်ပါတယ်။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတည်းက လူတွေဟာ သံလွင်ဆီကို ဆံပင်အလှကုန်အဖြစ်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။သံလွင်ဆီမှာ Oleic Acid ၊ Palmitic Acid နဲ့ Squalene ဓာတ်တွေပါဝင်နေပြီး ယနေ့ခေတ် အလှကုန်ပစ္စည်းအမျိုးမျိုးမှာလည်း သံလွင်ဆီကိုအသုံးပြုထားကြပါတယ်။

• သံလွင်ဆီဟာ ဦးရေပြားကို အစိုဓာတ်ထိန်းညှိပေးသလို ဆံသားအထဲအထိ ဝင်ရောက်နိုုင်ပြီး အစိုဓာတ်ကိုဖြည့်ဆည်းပေးတာကြောင့် မွဲခြောက်နေတဲ့ ဆံသားကို အရောင်တောက်ပစေပြီး ချောမွေ့နူးညံ့စေပါတယ်။သံလွင်ဆီကို ပုံမှန်လိမ်းပေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းတဲ့ဆံကေသာရရှိလာမှာဖြစ်လို့  အဖျားနှစ်ခွဖြစ်ခြင်းခြောက်သွေ့ခြင်းမှ ကင်းဝေးစေမှာဖြစ်ပါတယ်။

• သံလွင်ဆီကို နွေးရုံလေး အရင်အပူပေးပါ။(ဆူတဲ့အထိ အပူပေးစရာမလိုပါ။ နွေးနွေးလေးဖြစ်ရုံ လိမ်းလို့ကောင်းရုံပဲ အပူပေးပါ။) ထို့နောက်မှာတော့ သင့်ရဲ့ဆံပင်ပေါ်ကိုလိမ်းပါ။ ဦးရေပြားခြောက်သွေ့တဲ့သူဆိုရင် ဦးရေပြားအထိဝင်အောင် နှိပ်နယ်ပြီးလိမ်းပေးပါ။ထို့နောက် ခေါင်းကိုပလပ်စတစ်ခေါင်းစွပ်နဲ့စွပ်ပြီး ၄၅မိနစ်ခန့်ထားပါ။ ပြီးရင်တော့ခေါင်းလျှော်ပြီးစင်ကြယ်အောင်ဆေးပါ။ အကယ်၍ အရင်ကသံလွင်ဆီကို တစ်ခါမှ အသုံးမပြုဖူးရင်စားပွဲတင်ဇွန်း၁ဇွန်းကနေ ၂ဇွန်းအထိအသုံးပြုနိုုင်ပါတယ်။


လက်ဖက်စိမ်းစေ့အဆီ (Camellia Oil)

ရှုပ်ထွေးလွယ်ပြီး ထိန်းသိမ်းရခက်တဲ့ ဆံကေသာများအတွက် မရှိမဖြစ်သော ဆံကေသာ ထိန်းသိမ်းတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ လက်ဖက်စိမ်းစေ့အဆီ (Camellia Oil) ဟာ  ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကဲ့သို့သော အေးခဲတဲ့ရာသီဥတုမှာသာ ပေါက်တဲ့ Camellia အပင်တစ်မျိူးရဲ့အစေ့ကနေ ထုတ်ယူထားတဲ့ အဆီတစ်မျိုးပဲဖြစ်ပါတယ်။ လက်ဖက်စိမ်းစေ့အဆီ (Camellia Oil)ကို ဆံကေသာနှင့် အသားအရေထိန်းသိမ်းမှုဆိုင်ရာ အလှကုန်အဖြစ်လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ လက်ဖက်စိမ်းစေ့အဆီမှာ ဗီတာမင် အေ၊ဘီ၊ စီ၊ အီး နဲ့ အခြားဓာတ်တွေအများကြီးပါဝင်နေပါတယ်။

• လက်ဖက်စိမ်းစေ့အဆီမှာ အစိုဓာတ်ထိန်းညှိပေးနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေသလို ဦးရေပြားကိုလှုံ့ဆော်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေကို ရရှိစေပါတယ်။ ဆံကေသာထိန်းသိမ်းစောင့်ရှောက်မှု၏အရေးအကြီးဆုံးလက်ဖက်စိမ်းစေ့အဆီ (Camellia oil) သည် သံလွင်ဆီမှ ပေးစွမ်းတဲ့ကောင်းကျိုးများကို ရရှိစေနိုင်ရုံသာမကဆံသားရှုပ်ထွေး၍ ထိန်းသိမ်းရခက်ခြင်းအတွက် အထူးကောင်းမွန်ပြီး ချောမွေ့စေပါတယ်။

• လက်ဖက်စိမ်းစေ့အဆီ၄စက်ခန့်ကို သင့်ရဲ့ဦးရေပြားခွံအနှံ့လိမ်းပါ။ ဦးရေပြားထဲဝင်အောင် လက်ချောင်းလေးများကိုအသုံးပြုပြီး ငါးမိနစ်ခန့်သေသေချာချာ နှိပ်နယ်ပေးပါ။ ထိုနောက် ဆံသားများကိုလည်း သေသေချာချာ လိမ်းပေးပါ။ ဆံပင်ရှည်ပါက အဖျားပိုင်းအထိရောက်အောင် လိမ်းပေးပါ။ လိုအပ်ရင် လက်ဖက်စိမ်းစေ့အဆီ ၄စက်ထက်ပိုသုံးနိုင်ပါတယ်။ ပေါင်းတင်ထားချင်ပါက တစ်ညတာထားနိုင်ပါတယ်။ ချက်ချင်း ခေါင်းလျှော်လိုပါကလည်း လျှော်နိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ်ခန့် အနည်းဆုံးပြုလုပ်ပေးပါ။


ဗာဒန်ဆီ (Almond Oil) 

ဆံပင်ကျွတ်လေ့ရှိတဲ့သူတွေအတွက်တော့ ဗာဒန်ဆီဟာ အသင့်တော်ဆုံးအဆီဖြစ်ပါတယ်။ ဗာဒန်ဆီဟာ အလှအပအတွက် ရှေးခေတ်လူကြီးတွေ အသုံးပြုခဲ့တဲ့ အဆီတစ်မျိုးလည်း ဖြစ်ပါတယ်။ သိပ္ပံပညာက ဒီအဆီရဲ့ အစွမ်းကိုမဖော်ထုတ်နိုင်မီအချိန်တည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဗာဒန်ဆီကို အရှေ့တောင်အာရှဒေသနဲ့ မြေထဲပင်လယ် ဒေသတွေမှာ အသုံးများလေ့ရှိပါတယ်။ ဗာဒန်ဆီမှာ ဗိုက်တာမင်အီး၊ Fatty Acid ၊ ပရိုတင်း၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေပါဝင်နေပြီး ဆံပင်၊အသားအရေနဲ့ နှလုံးအတွက် အထူးကောင်းမွန်ပါတယ်။

• ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့ ဗာဒန်ဆီကိုသုံးနိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ကျန်းမာသန်စွမ်းသောဆံပင်များ ပြန်လည်ရရှိလာစေမှာ ဖြစ်ပါတယ်။ ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းဟာမဂ္ဂနီဆီယမ်ဓာတ် ချို့ယွင်းတာကြောင့်ဖြစ်ပြီး ဗာဒန်ဆီမှာတော့ မဂ္ဂနီဆီယမ်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗာဒန်ဆီဟာ ဦးရေပြားရောင်ရမ်းနာကျင်ခြင်းကိုလည်း ကြိုတင်ကာကွယ်နိုုင်ပါတယ်။

• ဗာဒန်ဆီအနည်းငယ်ကို သင့်ရဲ့လက်ဖဝါးထဲကိုထည့်လိုက်ပါ။ သင့်ဆံပင်အရင်းက ဦးရေပြားထဲဝင်အောင်ညင်ညင်သာသာ လိမ်းပေးပါ။ ထို့နောက် ပလစ်စတစ်ခေါင်းစွပ်ဖြင့်အုပ်ပြီး ၁နာရီခန့်ထားပေးပါ။ အကယ်၍အချိန် ရပါက တစ်ညလုံးထားနိုုင်ပါတယ်။  ထို့နောက် ခေါင်းကို စင်ကြယ်အောင် သေချာလျှော်ပြီးခြောက်အောင် သုတ်ပြီးတဲ့အခါမှာတော့  သင့်ရဲ့ဆံသားဟာ ထူးခြားစွာပိုးသားလေးလိုတောက်ပြောင်နေပါလိမ့်မယ်။ တစ်ပတ်ကိုတစ်ကြိမ် အမြဲလုပ်ပေးနိုုင်ပါတယ်။


အာဂန်ဆီ (Argan Oil)

ဆံပင်ကောက်လိုက်ဖြောင့်လိုက်လုပ်ခြင်း၊ ဆေးဆိုးခြင်းများကြောင့် ဓါတုဗေဒပစ္စည်းများထိထားသော ခြောက်သွေ့သော ဦးရေပြားနှင့် ဆံသား အတွက် အထူးကောင်းမွန်ပါတယ်။ အာဂန်ဆီဟာ မော်ရိုကိုနိုုင်ငံမှာ ပေါက်လေ့ပေါက်ထရှိတဲ့အာဂန်အပင်ကနေရတဲ့ သဘာဝအဆီတစ်မျိုး ဖြစ်ပါတယ်။ Fatty အက်ဆစ်နဲ့ ဗိုက်တာမင်အီးတို့လို အဖိုးတန်သဘာဝဓာတ်တွေပါဝင်နေပါတယ်။ ဒီအဆီကိုအချို့က ရွှေရည်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

• ဓါတုဗေဒပစ္စည်းများဒဏ်ခံထားရသော ဆံကေသာကို အာဟာရ ဖြည့်ဆည်းပေးပြီး ခြောက်သွေ့နေသောဆံသားကို  အစိုဓါတ်ပေးစွမ်း၍ ပြန်လည်ကျန်းမာသန်စွမ်းလာစေပါတယ်။အာဂန်အဆီကို ခေါင်းလျှော်ရည်များတွင်သာမကပေါင်းဆေးများတွင်ပါထည့်သွင်းအသုံးပြုတာတွေ့ရပါတယ်။  အာဂန်ဆီဟာ  ပျော့ပျောင်းနူးညံ့စေပြီး ဆံသားကိုအရောင်တောက်ပြောင်စေပါတယ်။

• အာဂန်ဆီ ၄စက်ကနေ ၁၀စက်လောက်ကို သင့်ရဲ့လက်ဖဝါးထဲထည့်ပါ။ ပြီးရင် သင့်ရဲ့ဦးရေပြားထဲစိမ့်ဝင်အောင်လိမ်းပေးပါ။ ဆံပင်တွေကိုလည်း အရင်းကနေအဖျားအထိလိမ်းပေးပါ။ ထို့နောက်မှာတော့ ပလပ်စတစ်ခေါင်းစွပ်ကိုစွပ်ပြီး အိပ်စက်နိုုင်ပါတယ်။ မနက်မိုးလင်းတဲ့အချိန်မှာ အဆီတွေမကျန်အောင် ခေါင်းကိုလျှော်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးပါကသိသာတဲ့ရလဒ်တစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။


ဂျိုဂျိုးဘားဆီ (Jojoba Oil)

 ဆံပင်ကျွတ်ခြင်းနှင့် အားနည်းနေသောဆံကေသာများအတွက်တော့ ဂျိုဂျိုးဘားအဆီက အကောင်းဆုံးပါပဲ။တကယ်တော့ ဂျိုဂျိုးဘားဆီဟာ အမေရိက အနောက်တောင်ပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ဖယောင်းဓာတ်ပါတဲ့ ချုံနွယ်ပင်တွေကရတဲ့ အဆီဖြစ်ပါတယ်။ သူ့မှာ ဗီတာမင် A,D,E ဓာတ်တွေ မြင့်မားစွာပါဝင်တဲ့အတွက်ဘယ်လို ဆံကေသာအမျိုးအစားကိုမဆို ကျန်းမာသန်စွမ်းကောင်းမွန်စေပါတယ်။ အဆီချည်းပဲသီးသန့်ဆိုရင်တော့ဈေးကြီးပေးရနိုင်ပေမယ့် ဂျိုဂျိုးဘား အဆီထည့်သွင်းထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်၊ပေါင်းဆေးနဲ့ ဆံကေသာအလှဆီတွေကို ရှာဖွေသုံးစွဲနိုင်ပါတယ်။

• ဂျိုဂျိုးဘားအဆီကို အသုံးပြုပေးခြင်းဖြင့် အားနည်းနေသော ဆံသားများကို ပြန်လည်သန်စွမ်းလာစေပါတယ်။ဂျိုဂျိုးဘားအဆီသည် ဦးရေပြားမှာ ကပ်ညိနေသော အညစ်အကြေးများနှင့် ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသောအဆီများကို ထိရောက်စွာရှင်းလင်းဖယ်ရှားပေးနိုင်ပါတယ်။

• ဂျိုဂျိုးဘားဆီကို ခေါင်းလျှော်ရည် သို့မဟုတ် Conditioner နဲ့တွဲသုံးပေးပါက ဆံပင်အရင်းမှာကပ်နေတဲ့အဆီများကိုဖယ်ရှားပေးနိုုင်ပါတယ်။ ဂျိုဂျိုးဘားဆီ ၃စက် ၊ ၄စက် ခန့်ကို ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်နဲ့တွဲပြီးသုံးပေးပါ။ သို့မဟုတ် Conditionerနဲ့ပေါင်းတင်တဲ့အခါမှာလည်း ရောပြီးသုံးပေးနိုင်ပါတယ်။ ဦးရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးကာ အရင်ကထက် ဆံသားပိုမိုသန့်ရှင်းတောက်ပြောင်လာမှာဖြစ်ပါတယ်။မိန်းကလေးတွေရဲ့ ပြီးပြည့်စုံတဲ့လှပခြင်းအတွက် ဆံကေသာက အရေးကြီးလှတဲ့ပံံ့ပိုးမှုတစ်ခုပဲဖြစ်ပါတယ်။ဆံကေသာက  မိန်းကလေးများရဲ့ ဒုတိယမျက်နှာအလှ ဖြစ်တာကြောင့်  မိမိရဲ့ဆံကေသာကို သေသေချာချာဂရုစိုက်ပြီး ထိန်းသိမ်းသင့် ပါတယ်။ သင့်ရဲ့ လှပခြင်း ပြည့်စုံစေဖို့  အထက်ပါသဘာဝဆီများကို အသုံးပြုသင့်ပါတယ်။ ဝယ်ယူအသုံးပြုရန် အခက်အခဲရှိပါက အထက်ပါ သဘာဝအဆီများဖြင့် ဖော်စပ်ထားသောSunsilk ခေါင်းလျှော်ရည်မှတစ်ဆင့် ထိုသဘာဝအဆီများရဲ့အကျိုးကျေးဇူး အာနိသင်ကို ရရှိနိုင်ပါတယ်။သင်လိုလားတဲ့ ဆံကေသာလေးအတိုင်း စိတ်တိုင်းကျ ရရှိနိုင်ကြပါစေ။


Credit : နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18