Print

ရင်သား ကင်ဆာ သိကောင်းစရာ 

  29-Oct-2016
Preview Image

ရင်သားကင်ဆာရောဂါသည် အသက် ၄ဝ ကျော် အမျိုးသမီးများ သို့မဟုတ် အိမ်ထောင်မရှိ အမျိုးသမီးများ သို့မဟုတ် မိမိ ရင်သွေးများအား နို့ချို မတိုက်ကျွေးသူများတွင် အဖြစ်များသည်။ အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာ ဖြစ်၊ မဖြစ်ကို သတိထားရမည် ဖြစ်သည်။ ပထမဦးဆုံး ခံစားချက်မှာ သားမြတ်တွင် အကျိတ်အဖု ပေါ်လာသည်ကို စမ်းမိခြင်း ဖြစ်သည်။ ရင်သားကင်ဆာသည် နာကျင်ခြင်းနှင့် နေထိုင်မကောင်းခြင်း မဖြစ်နိုင်သဖြင့် သတိမထားမိလျှင် ရောဂါ ဇာစ်မြစ်ကို သိရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အပျိုဖော်ဝင်စ မိန်းကလေးများနှင့် ရင်သွေးငယ်အား နို့မတိုက်သော မိခင်များအတွက် ရေချိုးသောအခါ သို့မဟုတ် သနပ်ခါးလိမ်းသောအခါတွင် အမြဲမပြတ် စမ်းကြည့်ပြီး အဖုအကျိတ် တွေ့လျှင် ဆရာဝန်ကို ချက်ချင်း ပြသခြင်းဖြင့် စိတ်သောက ပြေပျောက်စေနိုင်သည်။ စမ်းသပ်စစ်ဆေးချက် အဖြေပေါ် မူတည်၍ လိုအပ်ပါက ထိုအကျိတ်များကို ခွဲစိတ်ထုတ်ပယ် ပစ်လိုက်လျှင် ရောဂါကင်းသော အခြေအနေသို့ ရောက်ရှိမည် ဖြစ်သည်။ ကင်ဆာ ဖြစ်နိုင်သော ရင်သား အကျိတ်ကို စမ်းမိပြီဆိုလျှင် ကင်ဆာ ဟုတ်၊ မဟုတ် မိသားစု ဆရာဝန်နှင့် ပြသသင့်သည်။ အမျိုးသမီးများတွင် မွေးကင်းစအရွယ်မှ အစပြု၍ ပါလာသော ဟော်မုန်းဓာတ်သည် အပျိုဖော်ဝင်သည်နှင့် မဟော်မုန်း ထိန်းသိမ်းမှုအောက်သို့ ရောက်ရှိကာ ခန္ဓာကိုယ် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရသည်။

မိမိ၏ သားမြတ်တွင် အလုံးအခဲများ စမ်းမိသောအခါ ကင်ဆာကျိတ်လောဟု သတိ ဝင်သင့်သည်။ ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်တတ်သည့် အကျိတ်ကို သားသမီးအပေါ် နို့တိုက်ကျွေးမွေးခြင်း မရှိသော မိခင်တို့ အဖို့ ခွဲစိတ် ဖယ်ရှားသင့်သည်။ တချို့ နို့အကျိတ်တို့မှာ ပြန်လည် သေးငယ်သွား၍ နို့တင်းခြင်း၊ နို့မာခြင်း ပြန်ဖြစ်တတ်သည်။ရင်သားကင်ဆာသည် အမျိုးသမီးများအနက် အသက် ၄ဝ ကျော် အရွယ်ရှိ အမျိုးသမီး များတွင် အဖြစ်များတတ်သည်။ ရင်သား တစ်နေရာမှ အဖုအကျိတ် စမ်းမိသည့် အပြင် ရင်သား နာခြင်း၊ စူးပြီး ကိုက်ခြင်း၊ ယင်းနေရာမှ နို့သားနံရည် (အနံ့ဆိုး)၊ သွေး စသည့် တစ်ခုခု ကျတတ်ခြင်း၊ ဓမ္မတာလာစဉ် ပို၍ နာကျင်ခြင်း ဖြစ်စေသည်။

ရောဂါသတ်မှတ်

ရင်သားကင်ဆာကို အာထရာဆောင်း ရိုက်ခြင်း၊ မင်မိုဂရပ် ရိုက်ခြင်း၊ အသားစယူခြင်း နည်းလမ်းဖြင့် ကင်ဆာ ဟုတ်၊ မဟုတ် သိရှိနိုင်သည်။ အဆိုပါ ရောဂါသည် မျိုးရိုး လိုက်တတ်သည်။

ကုသခြင်း

ခွဲစိတ်ဖယ်ရှားခြင်းနည်း၊ ဟော်မုန်းပေးနည်း၊ ကီမိုဆေးသွင်းခြင်းနည်းနှင့် ဓာတ်ရောင်ခြည်ပေးခြင်းနည်းများဖြင့် ကုသပေးနိုင်သည်။ ခွဲစိတ်ကုသပြီးနောက် ကီမိုဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ပေးခြင်းနည်းများက အသက်ရှင်သန်မှု ပိုမိုစေနိုင်သည်ကို တွေ့ရသည်။ ရောဂါကို ကြိုတင်၍ စောစော သိလေ၊ ခွဲစိတ်ကုသ ဖယ်ရှားနည်းက ပိုမိုအောင်မြင်လေ ဖြစ်သည်။ အကျိတ်တွေ့တိုင်း ရင်သားကင်ဆာ မဟုတ်ပေ။ မျိုးရိုးရှိသူများတွင် အကျိတ်အဖု စမ်းသပ်မိလျှင် မိသားစု ဆရာဝန်နှင့် ပြသရမည်။ စောစော ကြိုတင်သိရှိလေ ကုသမှုအောင်မြင်လေ ဖြစ်သည်။

ရောဂါ ကြိုတင်ကာကွယ်ခြင်း

သားသမီးများကို နို့ချို တိုက်ကျွေးခြင်း၊ သန္ဓေတားဆေး ရှောင်ရှားခြင်း၊ ဆေးလိပ်၊ အရက်ဖြတ်ခြင်း၊ နှစ်စဉ် ပုံမှန်စမ်းသပ် စစ်ဆေးခြင်းနှင့် နေ့စဉ် လေ့ကျင့်ခန်း နာရီဝက်ခန့် ပြုလုပ်ခြင်းတို့ဖြစ်သည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18