Print

ချစ်ရည်လူးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးရာကောင်းကျိုးများ

  29-Oct-2016
Preview Image

ချစ်ရည်လူးတာ ခန္ဓာကိုယ်မှာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကင်ဆာရောဂါမဖြစ်အောင်လည်း ကာကွယ်နိုင်တယ်ဆိုတာသင်သိပါရဲ့လား။ ချစ်ရည်လူးတာက စိတ်ကျန်းမာရေးကောင်းမွန်စေရုံသာမကဘဲ အသက်ကြီး မှုဖြစ်စေတွေလည်း နှေးကွေးစေလို့ ရောဂါတွေဖြစ်မွားမှုကို လျော့နည်းစေပါတယ်။

(၁)နှလုံးကျန်းမာရေးကောင်းမွန်စေတယ် --------------------------------------------

အမေရိကန်နှလုံးဆေးပညာဂျာနယ်က ပြုလုပ်တဲ့လေ့လာမှုအရ အမျိုးသားတွေဟာ တစ်ပတ်ကိုအနည်းဆုံးနှစ်ကြိမ်ချစ်တင်းနောတာက နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်နိုငါခြေကို လျော့နည်းစေတယ်လို့သိရပါတယ်။ အမျိုးသားပေါင်းတစ်သောင်းကျော်ကို ၁၆ နှစ်ကြာလေ့လာခဲ့ရာမှာ တစ်လကိုတစ်ကြိမ် ဒါမဗှမဟုတ် တစ်ကြိမ်တစ်ခါမှ ချစ်တင်းနှောမှုမရှိသူတွေဟာ တစ်ပတ်ကို တစ်ကြိမ်နဲ့အထက် ချစ်တင်းနှောတဲ့ အမျိုးသားတွေထက် နှလုံးနဲ့ သွေးကြောရောဂါ တွေဖြစ်ပွားနိုင်ခြေများတာကိုတွေ့ရတယ်။ နောက်ထပ်ပြုလုပ်တဲ့ သုတေသနတွေအရ လည်း ချစ်တင်းနှောတဲ့အကြိမ်အရည်အတွက်က နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရပါတယ်။ ကျေနပ်ပျော်ရွင်ဖွယ်ကောင်းတဲ့ ချစ်တင်းနှောမှုရှိသူအမျိုးသားတွေဟာ ကျန်းမာရေးကောင်းမွန်ပြီး အောင်မြင်ပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါတယ်။

(၂)ကယ်လိုရီတွေလောင်ကျွမ်းစေတယ် -------------------------------------------

ချစ်တင်းမနှောခင် ချစ်ရည်လူးချိန်မှာ ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းနိုင်ပြီး ကျေနပ်မှုရရှိချိန်မှာ ၂-၃ ကယ်လိုရီလောင်ကျွမ်းပါတယ်။ ချစ်ရည်လူးတဲ့ပုံစံနဲ့ အချိန်အတိုင်းအတာပေါ်မူတည်ပြီး ကယ်လိုရီလောင်ကျွမ်းမှု ကွာခြားနိုင်ပါတယ်။ လေ့လာမှုတွေအရ ပေါင် ၁၉ဝ ရှိတဲ့အမျိုးသားတစ်ယောက်က တစ်နာရီကြာ ချစ်တင်းနှောတာ ကြောင့် ၁၄၃ ကယ်လိုရီလောင်ကျွမ်းနိုင်ပါတယ်။ ချစ်တင်းမနှောခင် ချစ်ရည်လူးချိန် မိနစ် ၂ဝ အတွင်းမှာ ၁၅ဝ ကယ်လိုရီလောင်ကျွမ်းနိုင်ပါတယ်။

(၃)သဘာဝအိပ်ဆေးတစ်လက်ပါ -------------------------------------

ချစ်တင်းနှောတာက သဘာဝအိပ်ဆေးတစ်မျိုးဖြစ်တာရော သိပါရဲ့လား။ အမျိုးသားတွေထက် အမျိုးသမီးတွေက ချစ်တင်းနှောပြီးစိတ်ကြေနပ်သွားတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ ချစ်တင်နှောပြီးကြေနပ်သွားတဲ့အခါခန္ဓာကိုယ်က ဟော်မုန်းပရိုလက်တင်ထွက်ရှိလို့ စိတ်အပန်းပြေကာ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

(၄)စိတ်ဖိစီးမှုတွေကိုပြေဖျောက်စေတယ် --------------------------------------------

စကော့တလန်မှာ သုတေသီရဲ့လေ့လာမှုအရ ချစ်တင်းနှောတာကလေ့ကျင့်ခန်းပြု လုပ်သလိုပဲ စိတ်ဖိစီးမှုတွေကို လျော့နည်းစေပြီး စိတ်ဖိစီးမှုတွေကြောင့်ထွက်လာတဲ့ ဟော်မုန်းတွေကိုလည်း လျော့စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အမျိုးသားတွေရဲ့  စိတ်ဖိစီးမှုဖြစ်စေတဲ့ အလုပ်၊ လူမှုရေး၊ စီးပွားရေးအကြောင်းတွေနဲ့သူတို့ရဲ့ တစ်ပတ်အတွင်းချစ်တင်းနှောမှုအကြိမ်အရည်အတွက်စတာတွေကို မေးမြန်းပြီး မှတ်သားခဲ့ပါတယ်။ ပြီးနောက်တစ်ပတ်အတွင်း ချစ်တင်းနှောမှုကိုပြုလုပ်စေပြီး ပြန်လည်စစ်ဆေးမေးမြန်းခဲ့ရာစိတ်ဖိစီးမှုလျော့နည်းသွားတဲ့အပြင်သွေးဖိအား လည်းပုံမှန်ဖြစ်တာကိုတွေ့ရတယ်။

(၅)ရောဂါခုခံစွမ်းအားမြင့်မားစေတယ် -----------------------------------------

ချစ်တင်းနှောမှုတစ်ပတ်ကိုတစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ရှိသူတွေဟာ ခန္ဓာကိုယ်ရဲ့ရောဂါခုခံနိုင်စွမ်းအား မြင့်မားတယ်လို့ပင် ဆယ်ဗေးနီးယားတက္ကသိုလ်မှ လေ့လာမှုအရသိရပါတယ်။ ချစ်တင်းနှောမှုကခန္ဓာကိုယ်ခုခံစွမ်းအားကို ကောင်းမွန်စေရုံ သာမကဘဲ အသက်ရှည်ကျန်းမာစေပါတယ်။ တစ်လကိုတစ်ကြိမ်နဲ့အထက် ချစ်တင်းနှောသူတွေမှာခုခံစွမ်းအားမြင့်မားစေတဲ့ IgA ၃ဝ ရာခိုင်နှုန်းပိုမိုထွက် ရှိတယ်လို့သိရတယ်။ IgA ကအအေးမိတုတ်ကွေးရောဂါတွေကို အဓိကကာကွယ်ပေးနိုင် စွမ်းရှိပါသည်။ 

(၆)အနာကျက်မြန်စေတယ် ------------------------------

အိုဟိုင်းယိုးတက္ကသိုလ်မှ ပေါက်ကွဲအနာရှိသူ စုံတွဲပေါင်း ၄၅ တွဲကို ၂၄ နာရီ အတွင်းသွားရောက်လေ့လာခဲ့ပြီးနောင်နှစ်လနေ့တော့ ထပ်မံသွားရောက်လေ့လာ ခဲ့ပါတယ်။ အဲဒီလေ့လာမှုအရ ဆက်ဆံရေးအဆင်ပြေပြီးချစ်ချစ်ခင်ခင် ရှိသူတွေက တစ်ဦးနဲ့တစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်ဘဲ ကတောက်ကဆတ်ဖြစ်နေ တဲ့စုံတွဲတွေထက် အနာကျက်တာနှစ်ဆပိုမြန်တာကို တွေ့ရပါတယ်။

(၇)အရွယ်တင်နုပျိုစေတယ် ------------------------------

ချစ်တင်းနှောတာက မျက်နှာပေါ်မှာအရေးအကြောင်းဖြစ်တာကို နှေးစေလို့ အရွယ်တင်နုပျိုလှပစေတယ်လို့ အင်္ဂလန်တော်ဝင်ကောလိပ်မှ လေ့လာမှုအရသိရပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်မှာရှိတဲ့ လူပေါင်း ၃၅ဝဝ ကျော်ကို ၁ဝ နှစ်ကြာလေ့လာ မှုပြုလုပ်ခဲ့ရာမှ တစ်ပတ်ကိုလေးကြိမ် ချစ်တင်းနှောသူတွေဟာ ၁ဝ နှစ်ခန့်  ပိုမိုနုပျိုစေတာ ကိုတွေရပါတယ်။ ချစ်တင်းနှောချိန်မှာထွက်ရှိတဲ့ ဟော်မုန်းတွေဟာ အရွယ်တင်နုပျိုစေတာလို့တွေ့ရှိရပါတယ်။

(၈)ကင်ဆာရောဂါကိုကာကွယ်နိုင်တယ် ------------------------------------------ လေ့လာမှုပေါင်းများစွာအရ အမျိုးသားတွေဟာ ချစ်တင်းနှောပြီးတဲ့အခါ သုက်ရည်လွတ်တာက ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေ  တယ်လို့တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံမှာ အသက် ၄၆ နှစ်မှ ၈၁ နှစ်အတွင်း လူပေါင်းသုံးသောင်းနီပါးကို အသက်၂ဝ-၄၉ နှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့  ချစ်တင်းနှောမှုတွေနဲ့ သုက်ရည်လွတ်တဲ့အကြိမ် အရည်အတွက်ကိုမေူမြန်းခဲ့ပါတယ်။ လေ့လာဆန်းစစ်ချက်တွေပြုလုပ်ချက်အရ တစ်လကို ၂၁ ကြိမ်ချစ်တင်းနှောသူတွေဟာ တစ်လကိုခုနှစ်ကြိမ်နဲ့အောက် ချစ်တင်းနှောသူတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေလျော့နည်းတာကိုတွေ့ရတယ်။ သုက်ရည်လွတ်တာကြောင့် ဆီးကျိတ်ထဲက ကင်ဆာဖြစ်စေတဲ့ဓာတ်တွေကို ဖယ်ရှားရာရောက်တယ်လို့ သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။

(၉)အသက်ရှည်စေတယ် ---------------------------

သက်လတ်ပိုင်းအရွယ်တွေကို ချစ်တင်းနှောမှုဆိုင်ရာနဲ့ ပတ်သက်ပြီး လေ့လာခဲ့ရာမှာ အသက်ရှည်စေတယ်ဆိုတဲ့အချက်ကိုတွေ့ရှိခဲ့တယ်လို့ ဗြိတိန်ဆေးပညာဂျာနယ်မှာ ရေးသားဖေါ်ပြခဲ့ပါတယ်။ အသက်အရွယ်ကျန်းမာရေး ဆက်စပ်မှုအရ မကြာခဏ ချစ်တင်းနှောသူတွေဟာ ချစ်တင်းနှောမှုမရှိသူတွေထက် သေဆုံးနိုင်ခြေ ၅ဝ ရာခိုင်နှုန်း ပိုမိုလျော့နည်းတာကိုတွေ့ရတယ်။

(၁ဝ)နာကျင်မှုလျော့နည်းစေတယ် -------------------------------------

ချစ်တင်းနှောပြီး စိတ်ကြေနပ်မှုရရှိပါက ထွက်ရှိလာတဲ့ဟော်မုန်းက နာကျင်မှုကိုတားဆီးနိုင်စွမ်းရှိပါတယ်။ ချစ်တင်းနှောတာမျိုးမဟုတ်ဘဲ မိန်းမကိုယ်ကို လှုံ့ဆော်ပေးတာကလည်းခါးနာတာ၊ ခြေလက်ညောင်းကိုက်တာ၊ ဓမ္မတာလာတဲ့အခါ ခံစားရတဲ့ဝေဒနာတွေ၊ အရိုးအဆစ်ရောင်ရမ်နာကျင်တာနဲ့ ခေါင်းကိုက်တာတွေ သက်သာစေတယ်လို့ လေ့လာမှုမှာတွေ့ရှိရပါတယ်။ 

(၁၁)တင်ပါးဆုံကြွက်သားတွေသံမာစေတယ် ------------------------------------------------

အမျိုးသမီးတွေမှာ အသက်ကြီးလာတဲ့အခါ တင်ပါးဆုံကြွက်သားတွေ သန်မာမှုမရှိဘဲ လျော့ရဲလာတာကြောင့် ဆီးမထိန်းနိုင်တာနဲ့ ချစ်တင်းနှောရာမှာ အဆင်မပြေတာမျိုးတွေ ခံစားရတတ်ပါတယ်။ အမျိုူသမီးရဲ့ ၃ဝ ရာခိုင်နှုန်းလောက်မှာ ဒီဝေဒနာတွေကိုခံစားရနိုင်ပါတယ်။ စိတ်ကြေနပ်မှုရစေတဲ့ ချစ်တင်းနှောမှုက တင်ပါးဆုံကြွက််သားတွေကို သန်မာစေပါတယ်။

(၁၂)သွေးဖိအားကိုနေလျာ့နည်းစေတယ် --------------------------------------------

ချစ်တင်းနှောတာနဲ့ သွေးဖိအားဆက်စပ်မှုရှိတယ်လို့သုတေသီတွေက  တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုပေါင်းများစွာအရ ချစ်တင်းနှောတာက အပေါ်သွေးဖိအား လော့နည်းတာကိုတွေ့ရှိရပါတယ်။

(၁၃)အောင်မြင်ပျော်ရွင်သောဘဝကိုပိုင်ဆိုင်စေတယ် ----------------------------------------------------------

သြစတြေးလျမှ ပညာရှင်တွေ့ရဲ့ လူပေါင်း ၅ဝဝဝ ကျော်ကို လေ့လာမှုအရ အိမ်ထောင်ရှိတဲ့ အမျိုးသားတွေဟာ လူပျိုကြီးတွေထက် ၁၃၅ ရာခိုင်နှုန်း ပိုမိုပျော်ရွင်စေတယ်ဆိုတာကိုတွေ့ရပြီး အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေက အပျိုကြီးတွေထက် ၅၂ ရာခိုင်နှုန်းပိုမိုပျော်ရွင်တာကိုတွေ့ရတယ်။

Ref ; အလင်း(ဆေးဝါး) AROGYAM MAGAZINE  Pg 25 – 28, No. 270 ,January 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18