Print

ပါးစပ်ဖြင့် လိင်ဆက်ဆံ ခြင်းအကြောင်းသိကောင်းစရာ

  29-Oct-2016
Preview Image

ပါးစပ်ဖြင့် လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်း ကင်ဆာရောဂါ ပိုမိုဖြစ်ပွာစေနိုင်တယ်လို ့ဆိုပါတယ်။ သဘာဝကိုဆန့်ကျင်သူတွေအတွက် သဘာဝရဲ့ ဒဏ်ခတ်ချက် သဘာဝနှင့် ဆန် ့ကျင်စွာပါးစပ်ဖြင် ့လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါ ပိုမိုဖြစ်ပွားစေနိုင်တယ် လို ့ဆိုပါတယ်။ ပါးစပ်ဖြင့် ချစ်သူကြင်ဖက် ( အခကြေးငွေပေးပြီးပျော်ပါးသူ )၏ ပန်းအစုံကို နမ်းငုံခြင်းဟာ ယခုအခါတွင် အသက်၅ဝအောက်အရွယ်များတွင် ခံတွင်းအတွင်း ရောဂါပိုးကူးစက်ပျံ ့ပွားပြီး ( papillomavirus ရောဂါပိုး ) လည်ချောင်းကင်ဆာဖြစ်ရခြင်း၏ အဓိကအချက်အလက်၊အကြောင်းတရား ဖြစ်နေပါသည်ဟု အင်္ဂလန်နိုင်ငံထုတ် ဒေလီမေးလ် သတင်းစာကြီးက ဖော်ပြခဲ့ ပါတယ်။

HPV ( Human Papillomavirus ) ဟုခေါ်သည် ့ အဆိုပါ ခံတွင်းအတွင်း ပျံ ့ပွားသည့် ရောဂါပိုးဟာ လွန်ခဲသည် ့ဆယ်စုနှစ်များအတွင်း အသက်အန္တရယ် ထိခိုက်စေသည်အထိ ဖြစ်နိုင်သော ပါးစပ်နှင့် လည်ချောင်းဆိုင်ရာ ကင်ဆာရောဂါများ တိုးပွားရခြင်း၏ အဓိကအကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။.ကိုလံဘတ်မြို ့မှ အိုဟိုင်ယိုပြည်နယ် တက္ကသိုလ်ပါမောက္ခ မော်ရာဂစ်ဘဆွန်က ( ပါးစပ်ခံတွင်းဖြင် ့) လိင်ဆက်ဆံမှုကြောင် ့ဖြစ် ပွားသည် ့လည်ချောင်း၊ ခံတွင်းကင်ဆာဟဆေးလိပ်၊ ဆေးရွက်ကြီးကြောင် ့ဖြစ်ပွားရခြင်းထက် ပိုမိုအဓိကကျတဲ့ အချက်ဖြစ်နေပါတယ်လို့ ပြောကြားခဲ ့ပါတယ်။ ဆရာဝန်များကတော ့ယောကျာင်္းလေးများ( အမျိူးသားများ ) ဟာလည်း မိန်းကလေးများကဲ ့သို ့ အဆိုပါ ကင်ဆာရောဂါပိုးပြန် ့ပွားခြင်းမှ တားဆီးကာကွယ်ရန် HPV ပိုးကာကွယ်ဆေးထိုးကြဖို ့ တိုက်တွန်းခဲ ့ပါ တယ်။

ဗြိတိန်နိုင်ငံမှာတော ့အသက်၁၂ နှစ်နဲ ့အသက်၁၃ နှစ်အရွယ်ရှိ မိန်းကလေးများကို သားအိမ်ကင်ဆာ ကာကွယ်ဆေးထိုးပေးဖို့့ အမျိူးသားကျန်းမာရေးဌာနမှ စီစဉ်ပေးလေ ့ရှိပါတယ်။ အဆိုပါရောဂါကြောင့် နှစ်စဉ်အမျိူးသမီး ၁၀၀၀ ခန် ့ဗြိတိန်နိုင်ငံမှာ သေဆုံးလျှက်ရှိပါတယ်။ အလွယ်တကူကြည် ့ရှုနိုင်နေတဲ့ အွန်လိုင်းမဖွယ်မရာဆိုဒ်များ၊ဗီဒီယိုကလစ်များကြောင် ့ လူငယ်များအကြား အလွန်ပျံ ့နှံ ့ရေပန်းစားနေတဲ ့အလေ ့အထတစ်ခုဖြစ်နေတဲ ့ အရာအတွက် သဘာဝတရားရဲ့ဒါဏ်ခတ်မှုအကြောင်း အခုလို သတိပေးချက် ထွက်ပေါ်လာတာကို သတိပြုဆင်ခြင်သင့်ပါတယ်။.တစ်ခဏတာ သာယာမှုအတွက် သူတစ်ပါးအန္တရယ်ဖြစ်စေတာမျိူးတော ့ရှောင်ကြဉ်သင့်ပါသည်။

Ref;  အလှအပ ၊ ကျန်းမာရေး နှင့် လိိင်ပိုင်းဆိုင်ရာ June 2, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18