Print

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁)

  29-Oct-2016
Preview Image

ဆေးသမား မရွံရ၊ လူနာဖြစ် မရှက်ရဘူးတဲ့။ စအိုနဲ့ရော လိင်နဲ့ပါ ပတ်သက်တာမို့ ရွံစရာ-ရှက်စရာဆိုတာလေး တခုရေးပါရစေ။ကြားဘူးတယ် မဟုတ်လား၊ မဏိပူ (ကသည်း)ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်ချက်တယ်။ ၀ိုင်းထဲကို ဘယ်သူမှမဝင်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်စီးတယ်။ အကျီင်္တော့ မဝတ်ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က (ရိုင်းတယ် ပြောတော့ဗျာ)၊ ဝမ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။ မေးချင်တာက ဝမ်းသွားတဲ့ (ဖင်)ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။

စအိုကနေဝင်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ဝမ်းလျော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ််၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ဝင်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ ”ဝင်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။

ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့ စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့တာဝန်ဝတ္တရားကို An excretory organ or an eliminative channel အညစ်အကြေး စွန့်ထုတ်ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။ ဝမ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။

ကျား-ကျား လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထလာတော့ ပြောဘို့ရေးဘို့ လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။

စအိုရဲ့မွေးရာပါအလုပ်ကို ပထမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်းအိမ်ထဲမှာ မစင်(ဝမ်း)တွေ ပြည့်လာတာနဲ့ ဝမ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်းအိမ်က အပေါ်ကနေ အောက်ဆီ ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(ဝမ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား အဝိုင်းတွေက လျော့ဖွင့်လိုက်လို့ ဝမ်းသွားခြင်း ဖြစ်လာတာပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”

နှစ်ပေါင်း ၄၀၀၀ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု)ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက်အထားတွေ၊ နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့ သျှီဗားရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင်(ဘုရား) နဲ့ ဒုတိယမယား (ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း ဆိုတာတွေ ကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။ ဆန်းတာတွေ ရှေးကတည်းကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့ အားမပေးလိုပါ။ ဆက်ဖတ်ပါခင်ဗျား။

Anal sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန်အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့ (တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့ ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့ ထိန်းမရဘူး။ သူတို့က ဝမ်းသွား-လေလည် အဝင်အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု လုပ်ပါမယ်။ Reflex ခေါ်တယ်။

ဒါ့ကြောင့် မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။ အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း အတော်နည်းပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေအလွန်းလို့ Honorably discharge လို့တောင် ခေါ်သေးတယ်။

လိင်ဆက်ဆံတဲ့အခါ တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွား တတ်တယ်။ အဲဒီနည်းနဲ့ လိင်ဆံဘို့ Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။ သူက တခါသုံးမလာပါ။ တခါသုံး မဟုတ်တာမှန်သမျှ စိတ်မချရတာ သိမှာပါ။ Jelly သုံးပေမဲ့ နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအိုစုတ်ပြဲပါလိမ့်မယ်။ စုတ်ပြဲတာက သွေးထွက်ချင်မှ ထွက်ပါမယ်။ သေးသေးလေးဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။

အဲဒီကနေ ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ (ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန် ပါသေးတယ်။ နောက်တချက် ယောက်ျားဆီးပြွန်ကပဲ Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့် ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ဝင်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေ စာရင်းလောက်သာ ထည့်ပါမယ်။

Annal canal အရှည်က 2.5 to 4 cm သာရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ဝမ်းမရှိအောင် လုပ်ထားပါစေ ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအဝနဲ့ မထိပါမှ ဆီးလမ်းပိုးဝင်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အဝကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။ ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော ဘယ်လောက် ကရိကထများလိုက်သလဲ။သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့် ဖြစ်လာတဲ့ လိင်ဆက်ဆံမှုက ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။

လိင်ဆက်ဆံတာဟာ နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦးသဘောတူဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးကနည်းလည်မှုပေးဘို့ လိုမှာပါ။ မဟုတ်ရင် တချို့တိုင်းပြည်တွေမှာ ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ Physiological and Psychological nature of the practice ဇီဝကမ္မဗေဒအရရော စိတ်ပညာအရပါ နားလည်ဘို့ လိုမှာပါ။

စိတ်ပိုင်းဆိုင်ရာလဲ ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား၊မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံချင်စိတ် ဖြစ်ပေါ်လာတာနဲ့ အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလိုလွှမ်းမိုးချင်စိတ် Domination ထက် ကဲပါတယ်။ စိတ်ပညာအလိုအရ အဲလိုယောက်ျားသားတွေဟာ Male domination complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊ Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင် အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ၊ချစ်တာ အားနည်းသူ ဖြစ်နေတတ်ပါသတဲ့။

နည်းအဆန်း စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့ (စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာနတခုကိုလာတဲ့ စအိုထဲ ပစ္စည်းတခုခု (Foreign body) ဝင်လို့ လာသူတွေထဲမယ် ၇၈%ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါသတဲ့။သိတဲ့အတိုင်း လိင်ဆက်ဆံက (အင်နာဂျီ) အတော်ကုန်တာပါ။ စအိုထဲ ထိုးသွင်းဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ) သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။

နောက်ဆက်တွဲက စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက်သားတွေ အားနည်းလာမယ်။ ဝမ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ဝမ်းသွားမမှန်ဖြစ်လာမယ်။ Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း (ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။

သိပ္ပံအရ ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာသာဖြစ်ပြီး မိန်းမကိုယ် (မွေးလမ်းကြောင်း)လို ထိုးသွင်းရမဲ့အရာ မဟုတ်တာ သေခြာပါတယ်။ သဘာဝတရားနဲ့ ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။ ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် နဲ့ Organic မပြုမပြင် အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့ ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါတယ်။

စအိုလိင်ဆက်ဆံနည်း ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ်ကတည်းကပါတဲ့။ အာဖရိကမှာတော့ ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ခေတ်မှာ အာဖရိကနွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့ အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ်။ သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။ "Lick it till your tongue turn doo doo brown" "Da Butt" "Baby Got Back" နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါသေးတယ်။

ကမ္ဘာကျော် ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ က စထုတ်တယ်။ သမင်တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ် ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး၊ မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ ဆိုချင်တာက လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ အလိုလိုထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။လူကြီးတွေက ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ်အကြေးကို အသစ်ကလေး မထင်နဲ့လို့။

Ref: Dr. တင့်ဆွေ Labels: Behavior change communication, Reproductive Health, Sex Education  public health in myanmar Wednesday, September 23, 2009



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18