Print

Cervix သားအိမ်ဝကင်ဆာကာကွယ်ဆေး

  30-Dec-1899
Preview Image

•Cervarix (HPV vaccine) ဆိုတာ Cervical cancer သားအိမ်ဝ (ခေါင်း) ကင်ဆာဖြစ်စေနိုင်တဲ့ Human papilloma virus (HPV) ဗိုင်းရပ်စ်ကို ကာကွယ်တဲ့ ထိုးဆေးဖြစ်တယ်။ ဒီပိုးက လိင်ကတဆင့်ကူးစက်တယ်။

 

• Genital warts လိင်လမ်းကြွက်နို့၊ Pre-cancerous abnormalities of cells in cervix or vulva အမျိုးသမီးတွေရဲ့ သားအိမ်ဝနဲ့ လိင်အင်္ဂါမှာ ကင်ဆာလို အပြောင်းအလဲတွေအပြင် သားအိမ်ဝကင်ဆာကို ဆက်ဖြစ်လာစေနိုင်တယ်။

 

• Cervarixထဲမှာ HPV types 16 နဲ့ 18 ဗိုင်းရပ်စ်အမျိုးအစာ (၂) ခုကို အားနည်းသွားစေအောင် လုပ်ထားတာကိုသုံးတယ်။ ဒီ ၂ မျိုးကနေ ရဝ% သောသားအိမ်အဝကင်ဆာကို ဖြစ်စေနိုင်တယ်။ တခြားကင်ဆာဖြစ်စေနိုင်တဲ့ HPV types 31, 33 နဲ့ 45 တွေကိုလဲကာကွယ်မှုပေးတာကိုတွေ့ရသေးပါတယ်။

 

• အခုအထိတော့ ကာလဘယ်လောက်ကြာကြာကာကွယ်မလဲဆိုတာမပြောနိုင်သေးပါ။ သုတေသနတွေအရအသက် ၁၅ နှစ်ကနေ ၂၅ နှစ်ရှိမိန်းကလေး-အမျိုးသမီးတွေကိုပထမတကြိမ် ထိုးလိုက်ရင် ၆့၄ နှစ်အထထိကာကွယ်နိုင်တာကိုသိရပြီ။ ဒိနောက်မှာထပ်ထိုးဘို့ လို-မလိုမပြောနိုင်သေးပါ။

 

• တချို့ဆရာဝန်တွေကအသက် ၁၅ ကနေ ၂၅ နှစ်၊ တချု့က ၉ နှစ်ကနေစပြီးထိုးစေတယ်။

• အသားထဲထိုးရတဲ့ ထိုးဆေးဖြစ်တယ်။ (၃) ကြိမ်ထိုးရမယ်။ ဝ-၁-၆ ပုံသေနည်းသုံးတယ်။ပထမဆေးထိုးပြီးနောက် ၁ လမှာဒုတိယဆေးနဲ့ တတိယဆေးကို ၆ လအပြည့်မှာထိုးရမယ်။

 

• အဲဒီနည်းအတိုင်းဆေးထိုးဘို့ အဆင်မပြေရင် ပထမဆေးပြီးနောက် ၂ လခွဲမှာဒုတိယဆေးနဲ့ တတိယဆေးကို ၅ လ နဲ့ တနှစ်အတွင်းမှာထိုးနိုင်တယ်။

 

• ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာဒီကာကွယ်ဆေးထိုးလို့ရပါတယ်။စောင့်နိုင်ရင် ပိုကောင်းပါမယ်။ ရာသီရက်ကိုမမေးပါ။ ကိုယ်ဝန်တားဆေးသောက်နေသူတွေအတွက် ကိစ္စမရှိပါ။

 

• ဘေးထွက်ဆိုးကျိုးတွေကတော့ သက်ရှိဗိုင်းရပ်စ်ကို သုံးထားတာမဟုတ်လို့ HPV ပိုးဝင်တာအတွက် စိတ်ချရတယ်။ ဆေးထိုးတဲ့နေရာမှာနာမယ်၊ နီမယ်၊ ရောင်မယ်။ခေါင်းကိုက်၊ ကြွက်သားနာ၊ အားယုတ်နိုင်တယ်။

 

• ဒီကာကွယ်ဆေးဟာကင်ဆာဆေး၊ စတီရွိုက်ဆေး နဲ့ ခုခံအားကျဆေးသုံးနေချိန်မှာထိရောက်မှုနည်းမယ်။ တခြားကာကွယ်ဆေးတွေ Diphtheria, Tetanus, Pertussis and Polio vaccines နဲ့ တရက်ထဲထိုးလို့ ရပါတယ်။ ဆေးထိုးတဲ့နေရာတော့ အတူမဖြစ်ရပါ။

 

• Gardasil က တခြားသားအိမ်ဝကင်ဆာကာကွယ်ဆေးဖြစ်တယ်။

 

Ref:

ဒေါက်တာတင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18