Print

လိင်တံမတောင့်နိုင်ခြင်း (Erectile dysfunction)

  30-Dec-1899
Preview Image

လိင်တံမတောင့်နိုင်ခြင်း (Erectile dysfunction)
 

လိင်တံမတောင့်နိုင်ခြင်း၏ လက္ခဏာများမှာ -

- လိင်ဆက်ဆံလိုစိတ်ရှိသော်လည်း လိင်တံက ထမလာခြင်း
- ကြာရှည်ထိန်းမရခြင်း၊ ပြန်ပျော့ခြင်း၊ ခွေသွားခြင်း

ဖြစ်ရသောအကြောင်းရင်းများ -

- စိတ်ဖိစီးမှုများခြင်းကြောင့် လိင်တံမတောင့်ခြင်း
- လိင်တံနှင့် ဦးနှောက်အာရုံကြောစသော အဂါ်များ ချို့ယွင်း၍ တောင့်မရခြင်း
- ရောဂါတစ်ခုခုကြောင့်ဖြစ်ခြင်း
- ဆေးလိပ်အရက်သောက်ခြင်း
- အမျိုးသမီးနှင့် အဆင်မပြေခြင်း
- မူးယစ်ဆေးဝါးသုံးခြင်း

စမ်းသပ်စစ်ဆေးမှုများ -

- ခန္ဓာကိုယ်စစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း
- ဆီးစစ်ဆေးခြင်း
- သလိပ်စစ်ခြင်း
- ဟော်မုန်းပမာဏ တိုင်းတာခြင်း
- ဓာတ်မှန်ရိုက်ခြင်း
- အသည်းလုပ်ငန်းစစ်ဆေးခြင်း
- ဆီးချိုရှိမရှိစမ်းသပ်ခြင်း
- လိင်တံတုန့်ပြန်မှုစစ်ခြင်း
- သွေးဖိအားစစ်ဆေးခြင်း
- လိင်တံအာရုံကြောစမ်းသပ်မှုှု

အိမ်တွင် ပြုစုကုသမှုများ -

- စိတ်ကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ထားခြင်း
- စိတ်ဖိစီးပူပန်မှုများကို လျှော့ချခြင်း
- မိသားစုနှင့် အဆင်ပြေအောင်နေထိုင်ခြင်း
- ဆေးလိပ်အရက်ကွမ်းဖြတ်ခြင်း လျှော့သောက်ခြင်း
- မိမိအမျိုးသမီးနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်၍ နည်းလမ်းရှာခြင်း

ဆေးဖြင့် ကုသမှုများ 

ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ကုသမှုနှင့် အကြံညဏ်များတောင်းနိုင်သည်။
(၁) လိင်တံတောင့်စေသော ဆေးများစားသုံးခြင်း၊ 

အမျိုးသားဟော်မုန်းဆေးများစားခြင်း ထိုးခြင်း

(၂) အမျိုးသားအားဆေးများသောက်သုံးခြင်း
(၃) ခွဲစိတ်ကုသခြင်း
(၄) တရုတ်အပ်စိုက်နည်းဖြင့်ကုသခြင်း
(၅) လိင်တံမတောင့်နိုင်ခြင်း ဖြစ်စေသောရောဂါများကို ကုသခြင်း
(၆) နေထိုင်မှုပုံစံကိုပြောင်းလဲခြင်း ( ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်ခြင်း၊ 

ကျန်းမာရေးနှင့်သင့်တော်သော အစားအစာစားခြင်း၊ အဝမလွန်စေခြင်း၊ ဆေးလိပ်
အရက်ရှောင်ခြင်း ) 

အထက်ပါကုသမှုများအနက် နေထိုင်မှုပုံစံပြောင်းလဲခြင်းသည် အရေးကြီးပြီးထိရောက်သောအချက်တစ်ခုဖြစ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Writer - Dr.Greenbud



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18