Print

Oligohydramnios (ရေမြွှာရည်နည်းခြင်း)

  26-Jul-2017
Preview Image


- Amniotic Fluid လို့ခေါ်တဲ့ ရေမြွှာရည်ပုံမှန်ထက် နည်းနေတာကို Oligohydramnios လို့ခေါ်ပြီး၊ ပုံမှန်ထက် များနေတာကို Oligohydramnios လို့ခေါ်ပါတယ်။ 


- ကိုယ်ဝန် ၁၂ ပတ်မှာ ရေမြွှာအိတ် ဖြစ်လာပြီးနောက် ရေမြွှာရည်လည်း ဖြစ်လာပါတယ်။ အစပိုင်းမှာ မိခင်ဆီကရတဲ့ရေနဲ့ ရေမြွှာရည်ဖြစ်လာပြီး ကိုယ်ဝန် ၂၀ ပတ်နောက်ပိုင်းမှာ ကလေးရဲ့ဆီးပါရောလာပါတယ်။ ပုံမှန်ကိုယ်ဝန်မှာ ရေမြွှာရည်ဟာ ၈၀၀ စီစီကနေ ၁၀၀၀ စီစီထိရှိတယ်။ ကိုယ်ဝန် ၃၂ ပတ်မှာ ရေမြွှာရည် ၅၀၀ စီစီထက် နည်းနေတာကို ရေမြွှာရည်နည်းတာ်လို့ ခေါ်တယ်။


- ရေမြွှာရည်နည်းတဲ့ ဗိုက်ကိုစမ်းကြည့်ရင် သားအိမ်အမြင့်က ရှိသင့်တာထက် နိမ့်နေမယ်။ ကလေးအနေအထား မမှန်ဖြစ်နေနေမယ်။ အာထရာဆောင်းရိုက်ပြီး Amniotic fluid index (AFI) တိုင်းရင် 5cm to 6cm ထက် နည်းနေမယ်။ Maximum vertical pocket (MPV) သားအိမ်ထဲက အနက်ဆုံးနေရာမှာ ရေမြွှာရည်တိုင်းလို့ 1cm ထက်နည်းရင် ရေမြွှာရည်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ 


- ဖြစ်ရတဲ့အကြောင်းအရင်းကတော့ မသိတာကများပါတယ်။ အများအားဖြင့် အထဲကကလေးရဲ့ ဆီးလမ်းကြောင်းစနစ် ချို့ယွင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိခင်လောင်းရေဓာတ်မည်းနေလို့ လဲဖြစ်နိုင်ပါတယ်။ ACEI ဆေးသောက်နေရလို့လဲ ဖြစ်နိုင်တယ်။ မိခင်မှာ ကိုယ်ဝန်မဆောင်ခင်ထဲက ဆီးချို၊ သွေးဆိုးရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 


ပထမသုံးလမှာ ရေမြွှာရည်နည်းရင်

- မွေးရာပါကိုယ်အင်္ဂါချို့ယွင်းခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ ကလေးအသေမွေးခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒုတိယသုံးလမှာ ရေမြွှာရည်နည်းရင်၊

- ကလေးဖွံ့ဖြိုးမှုနည်းတာ၊ ကလေးစောမွေးတာ၊ ချက်ကြိုးဖိခံရတာ၊ ရေမြွှာရည်ကျိကာဈ နောက်ဗိုက်ခွဲမွေးရတာ တွေ့ကြုံရတတ်ပါတယ်။


ဘယ်လိုကုသမလဲ

- ကိုယ်ဝန်နုသေးရင် စောင့်ကြည့်စစ်ဆေးခြင်းသာ ပြုလုပ်ပါမည်။ မိခင်ကို ရေဓာတ်၊ ဆားဓာတ်ဖြည့်ပေးမည်။

- မွေးခါနီးဆိုရင် Amniocentesis လုပ်ပြီး ဓာတ်ဆားရည်ပေးသွင်းနိုင်ပါသည်။ 

- ကလေးမွေးဖွားနေတုန်းမှာ ချက်ကြိုးအညှစ်ခံရလို့ အောင်စီဂျင် အလုံအလောက်မရရင် CPR အတွက် ပြင်ဆင်ထားရပါမည်။ 


Credit: Hnin



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18