Print

လိင်တံထိပ်အရေပြားဖြတ်ခြင်း

  04-Aug-2017
Preview Image

 

လိင်တံထိပ်အရေပြားဆိုတာ ယောကျ်ားလိင်တံရဲ့ ထိပ်ဖူးကိုဖုံးထားတဲ့ အရေပြားကို ခေါ်တာပါ။ ထိုအရေပြားကို ဖြတ်ပေးတဲ့ ခွဲစိတ်မှုကို လိင်တံထိပ်ဖူးအရေပြားဖြတ်ခြင်း (Circumcision) လို့ခေါ်ပါတယ်။ လိင်တံထိပ်အရေပြားဖြတ်တာကို အချို့ကထုံးထမ်းစဉ်လာအရ လုပ်သလို ဘာသာရေးအရ လုပ်သူများ၊ ကျန်းမာရေးအရလုပ်သူများလည်းရှိသည်။ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဖြင့် လိင်ခံစားမှု အာရုံမပြောင်းလဲစေနိုင်ပါ။ ယောကျ်ားလေးတိုင်း လိင်တံထိပ်အရေပြားကို ဖြတ်ရန်မလိုသော်လည်း ကျန်းမာရေးအရ မဖြစ်မနေဖြတ်ရမယ့် အခြေအနေတွေလည်း ရှိတတ်သည်။ ဥပမာပြောရရင် အချို့ယောကျ်ားလေးတွေမှာ လိင်တံထိပ်ဖူးငုံနေတယ်။ ထိုအခါမျိုးမှာ အရေပြားဖြတ်တာ မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။


 လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် HIV ရောဂါပိုးကူးစက်မှုကို ၆၀% ထိ လျော့ချနိုင်ပါတယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိသာ လျော့ချနိုင်တာဖြစ်လို့ HIV ပိုးမကူးစက်အောင် အခြားကာကွယ်နည်းတွေ (ဥပမာ - ကွန်ဒုံးသုံးတာ) ကို ဆက်လက်ကျင့်သုံးဖို့လိုပါတယ်။ လိင်တံထိပ်အရေပြားဖြတ်ထားတဲ့ သူရဲ့ မိန်းမဟာ သားအိမ်ခေါင်းကင်တာဖြစ်ပွားမှုနှုန်း နည်းစေပါတယ်။ လိင်တံထိပ်အရေပြားဖြတ်ချင်ရင် သန့်ရှင်းပြီး ပိုးကင်းစင်တဲ့ ခွဲစိတ်ကိရိယာ တွေရှိခဲ့ဆေးရုံ ဆေးခန်းများမှာသာ လုပ်သင့်ပါတယ်။ ဒါမှသာ ပိုးဝင်တာ၊ သွေးထွက်လွန်တာ တို့ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


Credit:Dr.AKH




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18