Print

အရေးပေါ်သန္ဓေတားခြင်း

  31-Aug-2017
Preview Image

အရေးပေါ်သန္ဓေတားခြင်း (သို့) ဆက်ဆံပြီး အရေးပေါ်သန္ဓေတားခြင်းဆိုသည်မှာ လိင်ဆက်ဆံပြီးမှ ကိုယ်ဝန်မရစေရန် ကာကွယ်သည့်နည်းလမ်းများကို ဆိုလိုသည်။

အရေပေါ်သန္ဓေတားခြင်း

၁။ အရေးပေါ်သန္ဓေတားဆေး
၂။ သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်ခြင်းတို့ပါဝင်သည်။


အရေးပေါ်သန္ဓေတားဆေး

အရေးပေါ်သန္ဓေတားဆေးတွင် ပုံမှန်တားဆေးများတွင်ပါသော ဟော်မုန်းပမာဏထက်များစွာ ပိုသည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံအပြီးတွင် ထိုကဲ့သို့ဟော်မုန်းအများကြီးသောက်လိုက်ခြင်းက ကိုယ်ဝန်ရခြင်းကို ကာကွယ်ပေးသည်။


အရေးပေါ်သန္ဓေတားဆေးအမျိုးအစားများ
၁။ estrogen နှင့် progestin 2 မျိုးပါသည့်ဆေး
၂။ progestin တစ်မျိုးတည်းနှင့်
၃။ antiprogestin ဆေးဟူ၍ ၃ မျိုးရှိသည်။
 Progestin တစ်မျိုးတည်းဆေးကို အရေးပေါ်သန္ဓေတားဆေးအနေနဲ့သုံးသည်။ estrogen နှင့် progestin ဟော်မုန်း ၂ မျိုးလုံးပါသည်။ ဆေးများကိုမူ အရေးပေါ်သန္ဓေတားဆေးအနေနှင့် မသုံးတော့ပေ။ သို့သော် ပုံမှန်သောက်နေကျ ဟော်မုန်းနှစ်မျိုးပါ သန္ဓေတားဆေးကို တိကျသော ပမာဏတစ်ခုဖြင့် သောက်၍အရေးပေါ်သန္ဓေတားဆေးအနေဖြင့် သုံး၍ရသည်။
 Progestin တစ်မျိုးတည်းတားဆေးကို တစ်လုံးတည်း (သို့) နှစ်လုံးဖြင့်လာတတ်သည်။ နှစ်လုံးပါသောဆေးများကို တစ်လုံးနှင့်တစ်လုံး 12 နာရီခြား၍ သောက်၍ရသည်။ ဆက်ဆံပြီး ရ၂ နာရီကြာအတွင်း ဆေးကိုသောက်၍ရသည်။ အချို့နိုင်ငံများတွင် အရေးပေါ်သန္ဓေတာဆေးကို ဆရာဝန်လက်မှတ်မပါပဲ ဝယ်၍ရနိုင်သော်လည်း မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင် ဆရာဝန်ဆေးစာပါမှသာ ဝယ်၍ရတော့သည်။


အသုံးပြုပုံ
ကိုယ်ဝန်ရှိနေစဉ် အရေးပေါ်သန္ဓေတားဆေးကို မှားယွင်းသုံးစွဲမိခြင်းကြောင့် မိခင်ရော၊ ကလေးပါထိခိုက်မိခြင်းမရှိခဲ့ဖူးသေးပါ။ သို့သော် ကိုယ်ဝန်ရှိနေသော (သို့မဟုတ်) ကိုယ်ဝန်ရှိနေပြီဟု ယူဆရသော မိန်းမတွင် အရေးပေါ်သန္ဓေတားဆေးသည် အကျိုးမရှိတော့ပသောကြောင့် ကိုယ်ဝန်ရှိနေပြီဟု သံသယရှိလျှင် အရေးပေါ်သန္ဓေတားဆေးကို မသုံးသင့်ပါ။ အရေးပေါ် သန္ဓေတားဆေးသည် မရသေးသော ကိုယ်ဝန်ကိုသာ ကာကွယ်နိုင်သည်။ ရပြီးသော ကိုယ်ဝန်ကိုပျက်မကျစေနိုင်ပါ။ သို့ရာတွင် ဟော်မုန်းပမာဏများစွာပါဝင်သောကြောင့် ဟော်မုန်းဒဏ်များထက်ကောင်းကျိုးက ပိုများမှသာ အရေးပေါ်သန္ဓေတားဆေးကိုပေးသည်။


ဘေးထွက်ဆိုးကျိုးများ
- မူးဝေခြင်း
- အန်ခြင်း (ဆေးသောက်ပြီ 2 နာရီအတွင်း ပြန်အန်လျှင် ဆေးကိုပြန်သောက်ရန်လိုအပ်သည်)
- ဗိုက်အောင့်ဗိုက်နာခြင်း
- မောပန်းခြင်း
- ခေါင်းကိုက်ခြင်း
- မူးဝေခြင်း
- ရင်သားတင်းခြင်း
- ပုံမှန်မဟုတ်သော ရာသီသွေးဆင်းခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။

Credit: Dr. Aung Kyaw Hein



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18