Print

သားဆက်ခြားသန္ဓေတားထိုးဆေး

  14-Sep-2017
Preview Image

သန္ဓေတားထိုးဆေးသည် စိတ်ချရပါသလား။
 ကိုယ်ဝန်ရနိုင်ချေ 2% လောက်သာရှိပါတယ်။



အားသာချက်များ
• ကိုယ်ဝန်ရနိုင်ခြေနည်းပါးခြင်း
• နို့တိုက်မိခင်များတွင်သုံးခြင်း
• မီးတွင်းထဲတွင် ဂျိုက်သိုးကာကွယ်ဆေးထိုးပြီးလျှင်လဲ ထိုးနိုင်ခြင်း
• အမျိုးသားသားကြောဖြတ်ပြီး သုက်ကောင်ရည်ကုန်သည့်အချိန်ကို စောင့်ရင်းသုံးထားနိုင်ခြင်း
• တစ်ရက်တစ်ခါဆေးသောက်ရန် မေ့တတ်သော အမျိုးသမီးများတွင်သုံးနိုင်ခြင်း


ဘယ်နှစ်လတစ်ခါထိုးရပါမလဲ

 သုံးလခံဆေးကို ၁၂ ပတ်တစ်ခါထိုးရပါမယ်။ နောက်တစ်ကြိမ်ဆေးထိုးရန် ၂ ပတ်ထက်ပို နောက်မကျသင့်ပါ။


မှတ်သားရန်များ
• ဆေးမထိုးမှီ ဆေးထိုးမည့်အမျိုးသမီးတွင် ကိုယ်ဝန်ရှိမနေရန် လိုအပ်ပါသည်။
• ဆေးမထိုးမှီ ဆေး၏သက်တမ်းကုန်ဆုံးရက်ကိုကြည့်ပါ။
• ဆေးမထိုးမှီ ဆေးဘူးကိုလှုပ်ရန်လိုပါတယ်။
• ဆေးထိုးပြီးလျှင် ဆေးထိုးထားသောနေရာအား မချေရပါ။ ဆေးအာနိသင် ပျက်နိုင်ပါတယ်။ သန့်ရှင်းသောဂွမ်းစဖြင့်သာ ဖြည်းညှင်းစွာဖိထားပါ။
• ရာသီလာပြီး ချက်ချင်းထိုးလျှင် တစ်ပတ်ရှောင်စရာမလိုပါ။
• ရာသီလာအပြီးတစ်ပတ်ကျော်မှ ထိုးလျှင်အမျိုးသားနှင့် ဆက်ဆံခြင်းကို တစ်ပတ်ရှောင်ပါ။ သို့မဟုတ် အကာအကွယ်သုံးပါ။


ဆေး၏ဖြစ်နိုင်ချေရှိသောဘေးထွက်ဆိုးကျိုးများ

• ရာသီမမှန်ခြင်း
• ရာသီထိန်ခြင်း
• ခေါင်းကိုက်ခြင်း
• ဝခြင်း
• ဆေးရပ်ပြီးအချိန်ကြာသည်အထိ ကလေးမရတတ်ခြင်း
• အကြာကြီးသုံးလျှင် အရိုးပွတတ်ခြင်းတို့ဖြစ်သည်။


ဆရာဝန်ဆီပြသင့်သည့်အချိန်များ
• ဆေးထိုးပြီးပြဿနာတစ်ခုခုရှိလျှင် (သွေးအလွန်အကျွံဆင်းခြင်း၊ အလွန်အကျွံဝခြင်း၊ ခေါင်းကိုက်ခြင်း)
• နောက်တစ်ခါဆေးထိုးချိန်ရောက်လျှင်
• အခြားသားဆက်ခြားနည်းကို ပြောင်းသုံးချင်လာချင်လာလျှင် ဆရာဝန်ဆီသွားသင့်ပါသည်။


Credit:
Dr. That Naing



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18