Print

မိခင်နို့တိုက်ကျွေးခြင်းရဲ့အကျိုးကျေးဇူးများ

  28-Sep-2017
Preview Image


မိခင်နို့စို့ရတဲ့အတွက် ကလေးငယ်မှာလည်း အကျိုးရှိသလို မိခင်အတွက်လည်း အားသားချက်များစွားရှိပါသည်။မိခင်နို့သည် ကလေးငယ်အတွက် အာဟာရ လို်အပ်ချက်ကို အပြည့်စုံဆုံးနှင့် အကောင်းမွန်ဆုံးဖြစ်ဆည်းပေးသည်။ကလေးငယ်၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ဖျားနာခြင်း ရောဂါပိုးဝင်ခြင်းတို့ကို ကွာကွယ်ပေးနိုင်စွမ်းရှိသည်။ မိခင်နို့သည် ပန်းနာရင်ကြပ်နှင့် နှင်းခူဖြစ်နိုင်ခြေကို လျော့ချပေးပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း အက်ရှူလမ်းကြောင်းနှင့် အဆုတ်ပိုးဝင်ခြင်းတို့ကို တားဆီးပေးနိုင်သည်။ ထို့အပြင် ကလေးငယ်အတွက် မိခင်ရဲ့နွေးထွေးမှု ယုယမှုတို့ကို ခံစား သိရှိနားလည်စေနိုင်သည့်အပြင် မိခင်နှင့်ကလေး ဆက်ဆံရေးကို ကောင်းမွန်စေနိုင်သည်။ မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်အတွက်သက်တောင့်သက်သာရှိ်ိစေတဲ့ ကလေးအစာကျွေးနည်း တစ်မျိုးပင်ဖြစ်သည်။နို့ဘူးတိုက်ကျွေး သူများကဲ့သို့ နို့ဘူးဆေးရခြင်း နို့မှုန့်ဖျော်ရခြင်း နို့မှုန့်ဝယ်ရသည့် ကုန်ကျစရိတ်များ ကင်းဝေစေနိုင်သည်။ ထို့အပြင် မိခင်နို့တိုက်ခြင်းသည် သားဆက်ခြားနည်းတစ်မျိုးပင်ဖြစ်သည်။နို့တိုက်နေချိန်၌ နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်ခြေ နည်းပါးပြီးရာသီ လည်းမပေါ်နိုင်ပါ။ နို့တိုက်ခြင်းဖြင့် သားအိမ်ကို ဝပ်စေပြီး ကလေးမီးဖွားပြီးနောက်  သွေးသွန်ခြင်းကိုလည်း ကာကွယ်စေပါသည်။ နို့မတိုက်တဲ့ မိခင်များ နှင့် ယှဉ်ပါလျှင် နို့တိုက်သည့်မိခင်များ၌ ရင်သားကင်ဆာ သားဥကင်ဆာနှင့် အရိုးပွရောဂါများ ဖြစ်နိုင်ချေကို လျော့နည်းစေသည်။


Dr.ZIN

Credit- ဒေါက်တာငြိမ်းချမ်းအောင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18