Print

ကာလသားရောဂါနဲ့ အေအိုင်ဒီအက်စ်

  10-Oct-2017
Preview Image


ကာလသားရောဂါဆိုတာ ဘာကိုခေါ်တာလဲ။

 လိင်တူလိင်ကွဲ ဆက်ဆံရာက ကူးစက်ရောဂါတွေကို “ လိင်ဆက်ဆဲမှုကြောင့် ကူးစက်တဲ့ရောဂါများ ” လို့ခေါ်ပါတယ်။ ရှေးယခင်ကတော့ “ ကာလသားရောဂါ ” လို့ခေါ်ပါတယ်။ ကာလသားရောဂါအမျိုးမျိုးရှိပါတယ်။ ဆစ်ဖလစ်ရောဂါ၊ ဂနိုရောဂါ၊ ရှန်ကရွိုက်၊ လင့်ကျိတ်ရောင်ရောဂါ၊ လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါမက်ခရု၊ လိင်အင်္ဂါဝဲ၊ ရိဖြူဆင်းရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ အပါအဝင် ရောဂါအမျိုးပေါင်း နှစ်ဆယ်ကျော်ရှိပါတယ်။ လိင်အင်္ဂါတန်ဆာ အနီးတစ်ဝိုက်မှာ လှိုက်စားနာ၊ ပွန်းပဲ့နာ၊ အဖုအပိမ့်၊ အကျိတ်၊ အလုံးတွေဖြစ်တာ၊ ဆီးသွားရင်ပူတာ၊ နာကျင်ကိုက်ခဲတာ၊ ဆီးလမ်းကြောင်း၊ စအို၊ မိန်းမကိုယ်က ညောင်းကျတာ၊ ရိဖြူရိနီဆင်းတာ၊ လိင်အင်္ဂါအနီးတစ်ဝိုက်မှာ ရောင်ရမ်းနာကျင် ကိုက်ခဲတာတွေဟာ ကာလသားရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ 

 

ကာလသားရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ ဘယ်လိုဆက်စပ်နေပါသလဲ။

• ရောဂါနှစ်ခုစလုံးဟာ လိင်ဆက်ဆံရာကနေ အဓိကကူးပါတယ်။ ရောဂါပိုးရှိတဲ့ သွေးသွင်းမိရင် ကူးတယ်။ ရောဂါပိုးရှိ မိခင်ကနေ သန္ဓေသားကို ကူးတယ်။

• လိင်အင်္ဂါမှာ အနာရှိနေတုန်း၊ ဆီးပူညောင်းကျ ဖြစ်နေတုန်း လိင်ဆက်ဆံရင် အိတ်ချ်အိုင်ဗွီပိုးဟာ ပိုပြီးအလွယ်တကူ ကူးစက်နိုင်တယ်။

• ကာလသားရောဂါရှိတဲ့သူဟာ အေအိုင်ဒီအက်စ် ရောဂါလည်းရှိလာဖို့ အခွင့်အလမ်းများပါတယ်။ 


ကာလသားရောဂါကို ပျောက်အောင်ကုနိုင်ပါသလား။

 ကာလသားရောဂါတော်တော်များများကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ကိုယ့်ဘာသာ ဆေးဝယ်သောက်တာတို့၊ ဆေးမြီးတိုသုံးပြီး ကိုယ့်ဟာကိုယ်ကုတာတို့ ၊ မလုပ်ပါနဲ့။ ငွေလဲကုန် အန္တရာယ်လဲရှိပါတယ်။ ဆရာဝန်နဲ့ ပြပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပတ်လည်အောင် သောက်ပါ။


ရောဂါလက္ခဏာပေါ်လာရင် ဘာလုပ်ရပါမလဲ။

• ရောဂါလက္ခဏာ ပေါ်လာရင်ဖြစ်ဖြစ် ရောဂါရှိတယ်လို့ သံသယရှိရင်ဖြစ်ဖြစ်၊ ကျန်းမာရေးဝန်ထမ်းနဲ့ အမြန်ပြပါ။

• ရောဂါမပျောက်မချင်း လိင်ဆက်ဆံခြင်းမပြုပါနဲ့။ ကိုယ့်ရဲ့အိမ်ထောင်ဖက် (သို့မဟုတ်) လိင်ဆက်ဆံဖက် အဖော်ကိုလည်း ဆေးကုသဖို့ လိုပါတယ်။ ဒါမှသူ့ဆီကရောဂါ ပြန်မကူးမှာဖြစ်ပါတယ်။ 


Credit: Unicef

Dr. Htoo Tint Ko Ko



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18