Print

သွေးဆုံးချိန်အမျိုးသမီးတစ်ယောက်နှင့် တစ်ယောက်မတူခြင်းအကြာင်းအရင်း

  26-Oct-2017
Preview Image


သွေးဆုံးချိန်ကွာခြားခြင်းသည် အကြောင်းအမျိုးမျိုးတို့ကြောင့် ဖြစ်နိုင်၏။ ပထမအချက်အနေဖြင့် အပျိုဘော်စောစောဝင်သော မိန်းကလေး တနည်းအားဖြင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဓမ္မတာစောစောလာသော အမျိုးသမီးလေးများသည် သွေးဆုံးချိန်နောက်ကျ တတ်သည်ကိုတွေ့ရ၏။ အလားတူပင် အပျိုဘော်ဝင်ချိန် နောက်ကျသော မိန်းကလေးများသည် သွေးဆုံးမှု၊ ဓမ္မတာကုန်ဆုံးမှု စောတတ်သည်ကို တွေ့ရ၏။


ဒုတိယအနေဖြင့် သွေးဆုံးမှုစောခြင်း၊ နောက်ကျခြင်းသည် ထိုအသက်အပိုင်းအခြားတွင် ကြုံတွေ့ရသော ပတ်ဝန်းကျင်ပေါ်၌ တည်မှီပြောင်းလဲတတ်သည်ကို တွေ့ရ၏။ အသက် ၄၅ နှစ်တွင် သွေးဆုံးသည်ဟုဆိုသော်လည်း ယင်းအသက်အပိုင်းအခြားကာလတွင် အိမ်ထောင်ရေးသာယာမည်၊ စိတ်ပျော်ရွှင်ချမ်းမြေ့မှု ရှိမည်ဆိုပါက သွေးဆုံးချိန်သည် ပို၍နောက်ကျသွားတတ်၏။


တတိယအချက်အနေဖြင့် သွေးဆုံးမှုသည် မျိုးရိုးဗီဇပေါ်တွင်တည်မှီနေသည်ကိုလည်း တွေ့ရသည်။ မိခင်မျိုးရိုးက သွေးဆုံးမှုစောလျှင် သမီးများသည်လည်း သွေးဆုံးမှုစောတတ်၏။ မိခင်မျိုးရိုးက သွေးဆုံးမှုနောက်ကျလျှင် သမီးများသည်လည်း သွေးဆုံးမှုနောက်ကျတတ်သည်။

သွေးဆုံးမှု၊ ဓမ္မတာရပ်ဆိုင်းမှုသည် စီးပွားရေး အခြေအနေပေါ်တွင်လည်း တည်မှီနေတတ်သည်။ စီးပွားရေးချောင်လည်သူများ၊ လူနေမှုအဆင့်အတန်း မြင့်မားသူများသည် အများအားဖြင့် စိတ်ပိုင်းအခြေအနေများနှင့်လည်း ဆက်စပ်နေတတ်၏။


သွေးဆုံးချိန်မှာ ဘယ်လိုနေထိုင်သင့်သည်ကို ဖော်ပြပေးလိုက်ပါသည်

• အစားအသောက် - ဝမ်းဝရုံတက်ပိုမစားပါနဲ့။

• လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ့၊ နို့၊ ဒိန်ချဉ်၊ သားငါး၊ ဆန်၊ ဂျံုတို့ကို မျှတအောင်စားပါ။

• ကော်ဖီ၊ လက်ဖက်ရည်၊ အဆီ၊ အငန်၊ သကြား၊ လျှော့စားပါ။

• ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ပါ။

• ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။

• ညအိပ်မပျော်လျှင် - ညအိပ်ရာဝင် နို့သောက်ပါ။

• စိတ်ဖိစီးမှုလျှော့ချပါ။

• မူးဝေရင်တုန်လျှင် သွေးတိုး၊ နှလုံးရောဂါရှိမရှိစစ်ဆေးပါ။

• အသားအရေခြောက်လျှင် နေပူမခံပါနဲ့။ အဆီပါတဲ့ခရင်မ်လိမ်းပါ။ 

• အိမ်ထောင်ရေးမှာ - အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံမှုကို စိတ်ဝင်စားမှုနည်းသွားတတ်တယ်။ ခင်ပွန်းသည်က နားလည်ဖို့လိုပါတယ်။ 

• မိမိကျန်းမာရေးကို ဂရုစိုက်ပြီး ရင့်ကျက်တဲ့ ဉာဏ်ပညာနဲ့ စိတ်ချမ်းသာစွာ နေနိုင်ပါတယ်။


Credit: မျိုးပွားကျန်းမာရေး အမေး-အဖြေစာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18