Print

ဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံခြင်း

  12-Jan-2019
Preview Image

ဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံခြင်းကလိင်ဆက်ဆံခြင်းရဲ့ဆိုးကျိုးတွေကိုစဉ်းစားပြီးလိင်ဆက်ဆံတာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုလုပ်ဆောင်တာနဲ့စတင်ပါတယ်။ဘယ်လိုလိင်ဆက်ဆံပါစေနှစ်ဦးစလုံးသဘောတူစိတ်တူကိုယ်တူဖြစ်ရင်ပြဿနာမရှိပါဘူး။ပိုမိုဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ဆုံးဖြတ်လျှင် သင်လုပ်မယ့်အရာနဲ့မလုပ်မယ့်အရာနှင့် သင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေနဲ့ကိုယ်ဝန်ဆောင်တာတွေရှိလာတဲ့အခါသင်ယူချင်တဲ့စွန့်စားမှုပမာဏဆုံးဖြတ်ချက်များတွေပါဝင်ပါသည်။


အခြားတယောက်နဲ့ဘယ်လိုလိင်ဆက်ဆံနည်းနဲ့ပဲဖြစ်ဖြစ်လိင်ဆက်ဆံတဲ့အခါ၁ဝဝ%ဘေးကင်းတယ်လို့အာမမခံနိုင်ပါဘူး။လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေမှာရောဂါလက္ခဏာမရှိတာကြောင့်လူတွေကသူတို့မှာဒီရောဂါရှိတာကိုမသိကြဘူး။သန္ဓေတားတဲ့နည်းလမ်း(အသုံးပြုတဲ့နည်းလမ်းတွေပေါ်မူတည်ပြီး)သုံးရင်တောင်ကိုယ်ဝန်ဆောင်နိုင်ပါတယ်။


လိင်ဆက်ဆံတဲ့နည်းလမ်းအားလုံးမှာတူညီတဲ့စွန့်စားမှုမရှိကြပါဘူး။ယောနိလမ်းကြောင်းမှလိင်ဆက်ဆံခြင်းနဲ့စအိုဝမှလိင်ဆက်ဆံခြင်းတွေကလိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေပြန့်နှံ့စေတဲ့ဖြစ်နိုင်ချေရှိပြီးပါးစပ်မှလိင်ဆက်ဆံခြင်းကရောဂါပိုးပြန့်နိုင်ချေနည်းပြီးနမ်းခြင်း၊နှစ်ဦးစလုံးအပြန်အလှန်ကာမဆန္ဒဖြေဖျောက်ခြင်းနဲ့လက်ဖြင့်ပွတ်သပ်ခြင်းတွေကပိုဘေးကင်းစိတ်ချရပါတယ်။ပိုပြီးဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံခြင်းအတွက်နည်းလမ်းတွေရှိပါတယ်။


မိန်းမကိုယ်ယောနိလမ်းကြောင်းမှလိင်ဆက်ဆံခြင်းအတွက်သားဆက်ခြားသန္ဓေတားနည်းလမ်းနဲ့ကွန်ဒုံးကိုအသုံးပြုပါ။စအိုဝမှလိင်ဆက်ဆံခြင်းအတွက်ကွန်ဒုံးနဲ့ချောဆီကိုအသုံးပြုပါ။ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းအတွက်ယောကျ်ားလိင်တံကိုဖုံးအုပ်ရန်ကွန်ဒုံးကိုအသုံးပြုပါ။


အထူးသဖြင့်သင့်အဖော်ရဲ့ကျန်းမာရေးအခြေအနေကိုမသိရင်လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးရှိမရှိသိနိုင်ရန်စစ်ဆေးမှုခံယူပါ။


လိင်ပိုင်းဆိုင်ရာကိစ္စမှာစိတ်ခံစားမှုပိုင်းဆိုင်ရာစွန့်စားမှုတွေရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာလုပ်ရပ်မဟုတ်ပေမဲ့သင့်အဖော်နဲ့ဘယ်အရာတွေကအဆင်ပြေပြီးဘယ်အရာတွေကအဆင်မပြေလဲဆိုတာပြောဆိုဆက်သွယ်ဖို့စိတ်ခံစားမှုပိုင်းဆိုင်ရာလုပ်ရပ်ကအရေးကြီးပါတယ်။သင်အဆင်သင့်ဖြစ်လား၊သင်ဘာလိုချင်လဲ၊လိင်ပိုင်းဆိုင်ရာဆက်ဆံရေးမှာသင်ဘာကိုရှာဖွေနေလဲဆိုတာသင့်ကိုယ်သင်မေးဖို့လည်းအရေးကြီးပါတယ်။ 

Credit : WebMD



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18