Print

လိင်မှုဆိုင်ရာ ခံယူချက်နှင့် မိမိလိင်အမျိုးအစားအကြောင်းစိတ်ဝင်စားမှု

  14-Jan-2019
Preview Image

ယောကျာ်းကောမိန်းမပါ ချစ်တတ်သည့်သူ လိင်တူ လိင်ကွဲနှစ်မျိုးလုံးကို စုံမက်သူ၊ လိင်တူချင်း စုံမက်သူ၊ ယောကျ်ားချင်း လိင်တူဆက်ဆံသူ၊ မိန်းမချင်း လိင်တူဆက်ဆံသူ စသဖြင့် လိင်စိတ်ယိမ်းယိုင်မှု (တစ်ခါတစ်ရံ လိင်စိတ်အခြေအနေ)ကို ဖော်ပြရန် သုံးနှုန်းသည့် အခေါ်အဝေါ်များစွာ ရှိပါသည်။ယောကျ်ား၊ မိန်းမ၊ Transgender ဆိုပြီးတော့လည်း မိမိတို့ရဲ့ လိင်အမျိုးအစား သတ်မှတ်ချက်ကို စကားလုံးအမျိုးမျိုးသုံးပြီး သတ်မှတ်ကြပါတယ်။

သင့်ရဲ့ လိင်တူ၊ လိင်ကွဲ အပေါ်စိတ်ဝင်စားမှု၊ မိမိရဲ့ လိင်စိတ်အခြေအနေနဲ့ အမျိုးအစားကို သေချာ ခွဲခြားသိပြီးသားဖြစ်နိုင်သလို မကွဲပြားသေးလို့ စူးစမ်းနေဆဲလည်း ဖြစ်နိုင်ပါတယ်။အဖို အမ ကွဲပြားခြားနားချက်၊ ယောကျာ်း၊ မိန်းမ၊ လိင်အမျိုးအစားတွေအကြောင်းကို ပိုမိုရှင်းရှင်းလင်းလင်းနားလည်နိုင်ရန် ဒီမှာ လေ့လာဖတ်ရှုနိုင်ပါသည်။လိင်ပိုင်းဆိုင်ရာ စိတ်ခံစားမှုအခြေအနေတွေနဲ့ လိင်ပိုင်းဆိုင်ရာ သတ်မှတ်မှုများအကြောင်းမပြောခင် တစ်ချို့အခြေခံအတွေးအခေါ်တွေကို အရင်သိထားသင့်ပါတယ်။


လိင်

လိင်ဆိုတာက သင်မွေးဖွားလာတဲ့အခါ ခန္ဓာအတွင်း၊ အပြင်လိင်အင်္ဂါများ၊ ဟော်မှုန်းထွက်နှုန်း၊ အမွှေးအမျှင်များထွက်လာခြင်း၊ ရင်သား ဖွံ့ဖြိုးကြီးထွားမှုစတဲ့ ဇီဝ သွင်ပြင်လက္ခဏာများကို အခြေခံထားတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။

လူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်၊ သူမတူတဲ့ ခန္ဓာကိုယ်နဲ့ ဟော်မုန်းထွက်နှုန်းတွေရှိပြီး အဲဒီမတူညီတဲ့အရာတွေကပဲလူတစ်ယောက်ရဲ့ ကိုယ်ပိုင်ပုံစံတစ်ခုကို ဖြစ်လာစေတာပါ။

အချို့လူတွေကတော့ ယောကျ်ားမဟုတ်၊ မိန်းမမဟုတ် (Intersex) လို့ခေါ်ပြီး သူတို့ရဲ့ ဟော်မုန်းတွေ၊ မျိုးပွားအင်္ဂါ စတဲ့ သွင်ပြင်လက္ခဏာတွေက ယောကျ်ား (သို့) မိန်းမ သွင်ပြင်လက္ခဏာနဲ့ မကိုက်ညီတတ်ကြပါဘူး။


လိင်ပိုင်းဆိုင်ရာဖြစ်တည်မှု

လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုဆိုတာ မိမိကိုယ်ကို ယောကျ်ား (သို့) မိန်းမ အဖြစ် ကိုယ်တိုင် သတ်မှတ်ခံယူထားတဲ့ အရာလို့ ဆိုလို့ရပါတယ်။မွေးတာနဲ့ ယောကျာ်းလိင်တံနဲ့ဆို ယောကျ်ား (သို့မဟုတ်)မိန်းမကိုယ်နဲ့ဆို မိန်းမဆိုပြီး သတ်မှတ်တာမျိုးတွေ မဟုတ်ပါဘူး။ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုဟာ သင့်ကိုယ်သင်ဘယ်လိုခံစားရလဲဆိုတာနဲ့ အများကြီးဆိုင်ပါတယ်။ အချို့လူတွေက ယောကျ်ား၊ မိန်းမ ဇီဝအင်္ဂါနဲ့ ပုံပန်းရှိသော်လည်းသူတို့ရဲ့လိင်ဖြစ်တည်မှုအထောက်အထားက ဆန့်ကျင်ဖက်ဖြစ်ပြီး မတူညီပါဘူး။အချို့ဆိုရင် ကိုယ့်ကိုယ်ကို ယောကျ်ား၊မိန်းမ ဘယ်လိင်အမျိုးအစားထဲမှာမှ အံဝင်ခွင်ကျဖြစ်မနေဘူးလို့ ထင်တတ်ကြတယ်။


လိင်ပိုင်းဆိုင်ရာခံယူချက်

သင့်ရဲ့လိင်ပိုင်းဆိုင်ရာခံယူချက်ဆိုတာ သင့်ရဲ့ခံစားချက်၊ ဆွဲဆောင်မှုနဲ့ သင့်လိုအင်ဆန္ဒတွေပေါ်မူတည်ပါတယ်။လူတစ်ယောက်ရဲ့ လိင်စိတ်ဝင်စားမှုက လိင်တူ၊ လိင်ကွဲ၊ လိင်နှစ်မျိုးလုံးအပေါ်ရှိနိုင်ပြီး ဘယ်လိင်အမျိုးအစားကိုမှစိတ်ဝင်စားခြင်းမရှိသူဆိုရင်တော့ လိင်ကင်းရှင်းသူ Asexual လို့ခေါ်ကြပါတယ်။ လိင်ပိုင်းဆိုင်ရာခံယူချက်က တစ်သမတ်တည်းမရှိဘဲ သင့်ဘဝတစ်လျှောက်လုံး အပြောင်းအလဲရှိနိုင်ပါတယ်။


Credit : teenhealthsource.com




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18