Print

Acid Reflux (အစာခြေရည် လျှံတက်ခြင်း)

  26-Oct-2016
Preview Image

အစာခြေရည်လျှံတက်ခြင်းဆိုသည်မှာ - အစာအိမ်ထဲတွင်ရှိပုံမှန်အတိုင်းရှိသော အက်ဆစ်အရည်များ အစာရေမြိုပြွှန်အတွင်းသို့ ပြန်လျှံတက်ခြင်းကိုဆိုလိုပါသည်။

လက္ခဏာများ
- ရင်ပူခြင်း
- အစာခြေရည်လျှံတက်ခြင်းသည် အစာရေမိျုပြွန်မှတဆင့် ပါးစပ်ထဲအထိရောက်နိုင်သောကြောင့် ချဉ်သောအရသာခံစားရခြင်း
- အစာနင်ခြင်း၊နာခြင်း
- နေမထိထိုင်မသာဖြစ်ခြင်း
- ချောင်းဆိုးခြင်း၊ ညအချိန်တွင်ပိုဆိုးတတ်။
- တရွှီရွှီမြည်၍ ကြပ်ခြင်း
- သွားပိုးစားခြင်း
- larynx ရောင်ခြင်း


ကလေးများတွင်ဖြစ်ပါက ခံစားရနိုင်သည့် လက္ခဏာများမှာ-
- မကြာခဏအစာတောင်းခြင်း
- မကြာခဏ ငိုခြင်း
- ဂဏာမငြိမ်ဖြစ်ခြင်း
- ပါးစပ်အနံဆိုးထွက်ခြင်း
- ကောင်းစွာမအိပ်ခြင်း
- အစားစားနေချိန် သို့ စားပြီးလျှင် ခါးကော့ခြင်း
- ကောင်းစွာနေကောင်းဟန်ရှိသော်လည်း အစာစားရန်ငြင်းပယ်ခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ
အစာရေမျိုပြွန်၏ အောက်ခြေအပေါက်မလုံသည့်အတွက် ကြောင့် အစာအိမ်ထဲမှအရည်များ ပြန်တက်ခြင်းကိုဖြစ်စေနိုင်သည်။ သို့သော် မည်သည့်အကြောင်းကြောင့် ပြွန်၏အောက်ခြေအပေါက်မလုံခြင်းကိုမူ အတိအကျရှာဖွေမတွေ့ရှိသေး။
အဖြစ်များနိုင်သောအခြေအနေများမှာ-


- အဝလွန်ခြင်း
- အဆီပါသောအစားအစာများကို အများအပြားစားခြငး်
- အရက်၊ ဆေးလိ်ပ်၊ ကော်ဖီ၊ ချောကလက် သောက်သုံးသူများ
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ
- အချို့ဆေးအမျိုးအစားများသောက်နေသူများ-ဥပမာ - nitrates, calcium channel blockers,NSAID, SSRI, Bisphosphonates
- Hiatus hernia- အစာအိမ်အစိတ်အပိုင်းအချို့ ဗိုက်ထဲမှ ရင်ဘတ်ထဲသို့ရောက်နေခြင်း
- Stress - စိတ်ပင်ပန်းမှုများသူများ။
- Gastroparesis- အစာအိမ် လှုပ်ရှားမှုအားနည်းနေသူများ

နောက်ဆက်တွဲ ပြဿနာများ
Oesophageal ulcer- အက်ဆစ်နှင့်ထိတွေ့နေသောနေရာတွင် အနာဖြစ်ခြင်း။
Oesophageal stricture- အစာရေမျိုပြွန် ကျဉ်းသားခြင်း
Barret’s oesophagus- အက််ဆစ်နှင့် ထိတွေ့ပါများသောနေရာဆဲလ်များတွင် ကင်ဆာပြောင်းခါနီးဆဲလ်အဖြစ်သို့ပြောင်းသွားခြင်း။
Oesophageal cancer- ကင်ဆာပြောင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

စစ်ဆေးမှုများ
ဆရာဝန်မှ ခံစားနေရသော ရောဂါလက္ခဏာမေးမြန်းခြင်းဖြင့် ရောဂါကို အကြမ်းဖျင်းသိရှိနိုင်ပါသည်။ 
အခြားသိရှိနိုင်သောစမ်းသပ်နည်းလမ်းများမှာ-
Endoscopy-အစာအိမ် မှန်ပြောင်းကြည့်ခြင်း
Manometry- အစာရေမျိုပြွန်၏ အောက်ဘက်ရှိ pressure ဖိအားကိုတိုင်းတာခြင်း။
Barium swallow- barium သတ္တုကိုမြို၍ ဓာတ်မှန်ရိုက်ခြင်း
24 Hr pH monitoring- နှာခေါင်းထဲမှ တဆင့် ပိုက်ထည့်၍ ၂၄နာရီကြာ pH အက်ဆစ်ဓာတ်တိုင်းတာခြင်း

ကုသခြင်း
ကုသခြင်းတွင် များနေသောအက်ဆစ်များကို လျော့ချပေးမည့်ဆေးများဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ အိမ်တွင်းသက်သာအောင်ပြုလုပ်နည်းစသည်ဖြင့်ရှိပါသည်။


အိမ်တွင်းကုသနည်းများအနေဖြင့်
- ဝနေပါက ကိုယ်အလေးချိန်လျော့ချခြင်း
- ဆေးလိပ်သောက်ခြင်းကို ရှောင်ခြင်း
- အစာကို နညး်နည်းနှင့် မကြာခဏ စားပေးခြင်း
- ချောကလက်၊ ကော်ဖီ၊ အရက် ၊ ခရမ်းချဉ်သီး၊ အဆီ၊ အစပ်ပါသောအစားအစာများကို ရှောင်ကြည်ခြင်း
- ခေါင်းရင်း အိပ်ယာဘက်ကိုမြှင့်ခြင်း( ခေါင်းအုံးများစွာသုံး၍ မခုရ)

Ref: NHS choices




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18