Print

Dandruff (ဦးရေပြား ဗောက်ထခြင်း)

  26-Oct-2016
Preview Image


ဗောက်ထခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ
. ဦးရေပြား ခြောက်သွေ ့ခြင်း
. အဆီပြန်သော ဦးရေပြား ပိုင်ရှင်များ
. ပုံမှန် ခေါင်းလျှော်လေ့မရှိခြင်း
. အခြား အရေပြားရောဂါ ရှိသူများ (ဥပမာ - နှင်းခူ၊ အရေပြားထူ ရောဂါ)
. ဦးရေပြား မှိုစွဲသူများ
. ဆံသား ထိန်းသိမ်းရေးဆိုင်ရာ ပစ္စည်းများကို ဓာတ်မတည့်ဖြစ်ခြင်း တို့ဖြစ်သည်။

ဖြစ်နိုင်ချေများသူများ
ဗောက်ထခြင်းသည် 
- လူလတ်ပိုင်း
- အမျိုးသားများ
- အဆီပြန်သော ဦးရေပြား ပိုင်ဆိုင်သူများ
- ဇင့်ဓာတ်နှင့် ဗီတာမင် ဘီ ချို့တဲ့သူများ
- တစ်ချို့ရောဂါ အခံရှိသူများ ဥပမာ - Parkinson’s disease၊ လေဖြတ်ခြင်း၊ နှလုံး ရုတ်တရက် ရပ်သွားခြင်း ( Heart attack)၊ HIV ရောဂါ ရှိသူများတွင် ပိုမို အဖြစ်များလေ့ ရှိပါသည်။

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
များသောအားဖြင့် ဦးရေပြား ဗောက်ထခြင်းသည် ဆရာဝန်ထံ သွားပြရန် မလိုအပ်သော်လည်း ဗောက်ပျောက်ခေါင်းလျှော်ရည် သုံးပြီး ရက်ပေါင်းများစွာ ကြာသည့်တိုင်အောင် ယားယံနေပါက အရေပြားဆရာဝန်ထံ သွားရောက်ပြသသင့်ပါသည်။ 

စစ်ဆေးမှုများ
ဆရာဝန်က ရောဂါအခြေအနေ မေးမြန်းခြင်း၊ ဦးရေပြားနှင့် ဆံသားကို ကြည့်ခြင်းဖြင့် ဗောက်ဟုတ်မဟုတ် သိနိုင်ပါသည်။

ကုသခြင်း
ဗောက်ထခြင်းအား ကုသရာတွင် စိတ်ရှည်လက်ရှည် ကုသပေးရန် လိုအပ်ပေသည်။ ဗောက်သိပ်မဆိုးပါက ခေါင်းလျှော်ရည်အပျော့စားဖြင့် အဆီထွက် သက်သာစေရန် ကုသနိုင်သည်။ အကယ်၍ မရပါက ဗောက်ပျောက်ခေါင်းလျှော်ရည်များဖြင့် ကုသနိုင်ပြီး ဦးရေပြား ယားယံခြင်း၊ နီရဲခြင်းများ ဖြစ်လျှင် ဆက်မသုံးသင့်ပါ။ ခေါင်းလျှော်ရာတွင်လည်း ခေါင်းလျှော်ရည်ကို ဦးရေပြားထဲ စိမ့်ဝင်စေရန် သေချာနှိပ်နယ်ပေးပြီး အနည်းဆုံး ၅ မိနစ်ခန် ့ထားပြီးမှ ရေနှင့် စင်ကြယ်အောင် ပြန်လည်သန့်စင်ပေးသင့်ပါသည်။

ကာကွယ်ခြင်း
ဗောက်ထခြင်းမှ ကာကွယ်နိုင်ရန် ခေါင်းကို ပုံမှန် လျှော်ပေးခြင်းနှင့် အဆီဓာတ် ထိန်းပေးခြင်းတို ့ကို ပြုလုပ်ပေးသင့်ပါသည်။

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18