Print

Gastroenteritis (အထက်လန်အောက်လျှောရောဂါ)

  27-Oct-2016
Preview Image

 

အူရောင်ခြင်းသည် အန်ခြင်းနှင့် ဝမ်းလျှောခြင်းကို အဓိကဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ အရွယ်မရွေး ဖြစ်ပွားတတ်ပြီး ကလေးများတွင်ပို၍ အဖြစ်များသည်။အထက်လန်အောက်လျှောရောဂါသည် ဖြစ်ပွားလျှင် ခံစားရခက်သော်လည်း ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါက တစ်ပတ်ကြာလျှင် အလိုအလျောက် ပျောက်ကင်းသွားတတ်သည်။



လက္ခဏာများ
- ရုတ်တရက် ဝမ်းအရည် သွားခြင်း
- နေမထိ ထိုင်မသာဖြစ်ခြင်း
- အန်ခြင်း
- ငွေ့ငွေ့ဖျားခြင်း
- အစားအသောက်ပျက်ခြင်း
- ခေါင်းကိုက်ခြင်း
- ခန္ဓာကိုယ်နာကျင်ခြင်း



ဖြစ်ပွားရသောအကြောင်းရင်းများ

ကလေးများတွင် "(Rota virus) ရိုတာ ဗိုင်းရပ်စ်" ကြောင့် အဓိဖြစ်ပွားရသည်။ လူကြီးများတွင် (Norovirus) နော်ရိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားနိုင်သည်။ ထို့အပြင် ဘက်တီးရီးယားပိုးဝင်ပြီး အစာအဆိပ်သင့်ခြင်းများ၌လည်း ဖြစ်ပွားနိုင်ပါသည်။



နောက်ဆက်တွဲပြဿနာများ
ဆုံးရှုံးသွားသည့် ရေများကို လုံလောက်စွာ ပြန်လည်မဖြည့်နိုင်ပါက ပြင်းထန်သည့် ရေဓာတ်ဆုံးရှုံးခြင်းကို ခံစားရနိုင်သည်။ ထိုအခြေအနေမျိုးတွင် ဆေးရုံတက်ပြီး သွေးကြောမှ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်း ပြုလုပ်ရမည်။



ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
- ရေဓာတ်အလွန်ဆုံးရှုံးသည့် လက္ခဏာများ ပေါ်ပေါက်ခြင်း
- သွေးဝမ်းသွားခြင်း
- မည်သည့်အရည်မျှ မသောက်နိုင်အောင် အဆက်မပြတ် အန်နေခြင်း
- အဖျားကြီးခြင်း
- ရက်ပေါင်းအနည်းငယ်ကြာသည်အထိ မသက်သာခြင်း
- ကျောက်ကပ်ရောဂါ၊ ခုခံအားလျော့နည်းသည့်ရောဂါ စသည်တို့ အရင်ကတည်းက ရှိနေပါက သွားရောက်ပြသသင့်သည်။


စစ်ဆေးမှုများ
- ဝမ်းစစ်ခြင်း
- သွေးစစ်ခြင်း



ကုသခြင်း
- အရည်များကို လုံလောက်များပြားစွာ ပုံမှန်ထက်ပို၍သောက်ပါ။ (အဘယ်ကြောင့်ဆိုသော် ဝမ်းသွားခြင်း၊ အန်ခြင်းတို့ ဖြစ်ပွားထားသောကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ရန်ဖြစ်သည်။)
- လုံလောက်စွာအနားယူပါ။
- အစာပျော့ပျော့ နူးညံ့သောအစားအစာမျိုး ကိုစားပါ။ ဥပမာ- ဆန်ပြုတ်၊ စွပ်ပြုတ်၊ ပေါင်မုန့်။
- ဓာတ်ဆားရည်များ လိုအပ်သလို သောက်ပေးပါ။
- အအန်ပျောက်ဆေး၊ ဝမ်းပိတ်ဆေးများ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ။



ကာကွယ်ခြင်း
- နေမကောင်းဖြစ်ပြီး ၄၈ နာရီအတွင်း ရုံးသွား၊ ကျောင်းသွားခြင်း မပြုလုပ်ရပါ။
- အိမ်သာသွားပြီးတိုင်း လက်ကိုဆပ်ပြာဖြင ့်စင်ကြယ်အောင် ဆေးကြောပါ။
- အန်ဖတ်၊ မစင်ဖြင့် ညစ်ပေနေသည်ဟုထင်သည့်နေရာများကို စင်ကြယ်စွာ သန့်ရှင်းရေးပြုလုပ်ပါ။
- မိမိ၏ အဝတ်အစား၊ အသုံးအဆောင်၊ ပန်းကန်များကို ရောဂါဖြစ်နေစဉ်အတွင်း အခြားသူများနှင့် မျှဝေမသုံးစွဲရပါ။
- တကိုယ်ရည်သန့်ရှင်းမှုကို လိုက်နာပါ။



Ref: NHS choices
Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18