Print

Hashimoto diseases( ဟာရှီမိုတို သိုင်းရွိုက်ရောင်ရောဂါ)

  19-Nov-2016
Preview Image

 

မိမိ၏ ခန္ဓာကိုယ်မှ ခုခံအားဓာတ်သည် ပုံမှန်ထက်ပိုထွက်လာပြီး သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်သောကြောင့်ဖြစ်သည်။ သိုင်းရွိုက်ဂလင်းဆိုသည်မှာ လည်ပင်းအရှေ့ပိုင်း လည်စိအောက်တွင်တည်ရှိသည်။ ၎င်း၏ပုံမှန်အလုပ်သည် ခန္ဓာကိုယ်အတွက်လိုအပ်သော သိုင်းရွိုက်ဟော်မုန်းကို ပုံမှန်အတိုင်းထုတ်ပေးပြီး ခန္ဓာကိုယ်၏လုပ်ငန်းဆောင်တာများကို ကူညီရာတွင်အရေးပါသည်။ ယခုရောဂါကဲ့သို့ ခုခံအားဓာတ်အားပိုထုတ်ပြီး သိုင်းရွိုက်ကိုတိုက်သည့်အတွက်ကြောင့် ပုံမှန်ထုတ်ရမည့် သိုင်းရွိုက်ဟော်မုန်းမထုတ်နိုင်ဘဲ သိုင်းရွိုက်အားနည်းရောဂါ Hypothyroid ကို ခံစားရနိုင်သည်။သက်လတ်ပိုင်း အမျိုးသမီးများတွင် ပို၍အဖြစ်များသော်လည်း အမျိုးသားများနှင့် ကလေးသူငယ်များတွင်လည်းဖြစ်ပွားနိုင်ပါသည်။

 

လက္ခဏာများ
- လှုပ်ရှားမှုနှေးကွေးခြင်း၊ မောပန်းလွယ်ခြင်း
- အအေးဒဏ်မခံနို်င်ခြင်း
- ဝမ်းချုပ်ခြင်း
- ဖြူဖျော့ အသားခြောက်ခြင်း တနည်း စိုစိုပြေပြေမရှိခြင်း
- မျက်နှာဖောဖောင်းလာခြင်း
- အသံသြလာခြင်း
- အကြောင်းအရင်းရှာမရဘဲ ကိုယ်အလေးချိန်တက်လာခြင်း
- ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊အားမရှိသည်ဟုခံစားးရခြင်း
- အရိုးအဆစ်များတောင့်တင်းနာကျင်ခြင်း
- ရာသီအလာများခြင်း
- စိတ်ဓာတ်ကျလွယ်ခြင်း

 

ဖြစ်နိုင်ချေများသူများ
- အမျိုးသမီး။
- အသက်- လူလတ်ပိုင်း
- မျိုးရိုးဗီဇ- မိသားစုထဲတွင် သို့မဟုတ် မိမိတွင်အလိုအလျောက်ခုခံမှု ပြန်တိုက်သည့် အခြားရောဂါရှိပါက ဖြစ်နိုင်ခြေပိုများပါသည်။

 

နောက်ဆက်တွဲပြဿနာများ
လိုအပ်သည်ကို မကုဘဲထားပါက အခြားကျန်းမာရေးနောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။
- Goiter-လည်ပင်းကြီး ခြင်း။
- သွေးတွင်းအဆီဓာတ်များပြီး နှလုံးသွေးကြောကျဉ်းနိုင်သည့်အတွက် သွေးကြောကျဉ်းနှလုံးရောဂါ၊ကိုခံစားရနိုင်ပါသည်။
- စိတ်ပိုင်းဆိုင်ရာ စိတ်ကျဝေဒနာ
- Myxedema အသက်အန္တရာယ်ရှိသော သိုင်းရွိုက်အားနည်းခြင်း အခြေအနေ
- Birth defect ကလေးမွေးရာပါချွတ်ယွင်းမှုများဖြစ်နိုင်ခြင်း

 

စစ်ဆေးမှုများ
ရောဂါလက္ခဏာဖြစ်ပေါ်ပေါက်ခြင်းသာမက သွေးတွင်း လိုအပ်သည့်ဓာတ်များကိုလည်းရှာဖွေစစ်ဆေးပြီး ရောဂါကို တိကျအောင်စစ်ဆေးနိုင်ပါသည်။
သွေးစစ်ခြင်း- သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း T3,T4,TSH
Antibody test (TPO antibodies)- သွေးတွင်း ခုခံဓာတ် Ab ရှာဖွေခြင်း 

 

ကုသခြင်း
ကုသခြင်းတွင် စောင့်ကြည့်ခြင်းနှင့် ဆေးဖြင့်ကုသခြင်းဟူ၍ခွဲခြားနိုင်သည်။ဟာရှီမိုးတိုးသိုင်းရွိုက်ဂလင်းရောင်ရောဂါ သည် အရမ်းမဆိုးပါက ဆေးသောက်ရန်မလိုသေးဘဲ စောင့်ကြည့်ပြီးလိုအပ်မှသာလျှင်ဆေးသောက်ရန်လိုပါသည်။ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းကြောင့်ဖြစ်သည့်အတွက် သိုင်းရွိုက်ဟော်မုန်းပြန်လည်ဖြည့်တင်းခြင်းဖြင့် သက်သာနိုင်ပါသည်။ လိုအပ်ပါက တစ်သက်တာလုံးသောက်သုံးရန်လည်း လိုအပ်ပေသည်။

 

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18